♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 1 ❦
လမ်းမီးရောင်တွေကြား Highwayလမ်းမကြီးထက်တွင် မောင်းနှင်နေသော ကားတစ်စီး
ကားပေါ်တွင် ပျော်ရွှင်စွာ သီချင်းလေးငြီးငြူနေတသာ မိသားစုလေး
"မေမေ"
"ရှင့်"
"သမီးကိုပိုချစ်လား ဖေကြီးကိုပိုချစ်လားဟင်"စကားတတ်စွာ မေးလိုက်သော သမီးလေးရဲ့အသံကြောင့် မင်း ကားမောင်းနေရင်းမှ သမီးလေးကို မှန်ထဲကကြည့်မိလိုက်သည်
တေးမှာလဲ သမီးလေးရဲ့အသံကြောင့် ပြုံးစိစိဖြင့် နံဘေးတွင်ထိုင်နေသော သမီးလေးရဲ့ခေါင်းလေးအားသပ်ကာ"ဘာလို့မေးတာလဲသမီးရဲ့"
"သိချင်လို့ပေါ့မေမေရဲ့"
"မေမေက ဟောဒီသမီးလေးကို ပိုချစ်တာပါရှင့်"
သမီးချစ်သူအားနမ်းကြူကာ ပြောလိုက်သော တေးအားမင်းကြည့်ကာ ပြုံးရင်း
"တေး သမီးလေးကို မလိမ်ရဘူးလေ"
မင်း ပြုံးစစဖြင့် စလိုက်သော် ကျူးလေးက နှုတ်ခမ်းလေးစူကာ
"မေမေလိမ်တာ ကြည့်ပါလား ဖေကြီးတောင်ပြောနေပြီဟွန့်"
သမီးလေးစကားကြောင့် တေး မှန်ထဲကကြည့်နေသော ကို့အား လှမ်းမျက်စောင်းထိုးလိုက်မိသည်
"ကိုနော် ဘာတွေလျှောက်ပြောနေတာလဲ"
"မဟုတ်ဘူးလားတေးရဲ့"
"ကိုနော် ပြောလေကဲလေပါလား သမီးလေးတစ်မျိုးထင်တော့မယ်"
"အမှန်တွေ မဟုတ်ဘူးလား"ကြားထဲက သမီးလေးက နှုတ်ခမ်းလေးစူကာပြောနေလျက်
တေး သမီးလေးအား ဖက်ကာ နားနားတိုးတိုးကပ်၍
"သမီးဖေကြီးကို လိမ်ထားတာ မေမေချစ်တုံးလေးက ဟောဒီက သမီးလေး"
တေးစကားကြောင့် သမီးလေးက တခစ်ခစ်ရီကာသဘောကျနေလျက်
"ဒါက လျှို့ဝှက်ချက်နော်"
တေး သမီးအနားတိုးကာပြောလိုက်လျှင်
"ဒီသားအမိတွေတိုးတိုးနဲ့ ဘာတွေပြောနေကြတာလဲ"
"ပြောစရာလား ဒါကမေမေနဲ့ ကျူးကြားကလျှို့ဝှက်ချက်"
"လုပ်ကြပေါ့"
မင်း ခပ်တည်တည်ဖြင့် စိတ်ဆိုးသွားချင်ယောင်ဆောင်လိုက်သော်
လည်လွန်းလှသော သမီးလေးက
"ဖေကြီးနော် ဒီနေ့က ကျူးမွေးနေ့နေယ် စိတ်ကောက်မလို့လား"
"အလည်မလေး"
"ဖေကြီး မေမေ သမီးကို ဘာလက်ဆောင်မှ မပေးရသေးဘူးနော်"
YOU ARE READING
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...