♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 7 ❦
ရာဇ် မာမီနဲ့စကားများကာ မွေးစားဖေဖေရဲ့ အိမ်သို့ပြန်ခဲ့လျက်
ခါးကိုထောက်ကာ မျက်စိထဲမြင်သမျှ အရာအားလုံးကစိတ်တိုစရာပြည့်နှက်နေခဲ့သည်
"အာ!!!!!တောက်"
ရာဇ် စားပွဲပေါ်ကပစ္စည်းတွေအား လက်ဖြင့်တိုက်ချကာ ဒေါသတကြီးဖြစ်နေခဲ့ရင်း
💥💥ဒုန်း ခလွမ်း💥💥ရာဇ် အိမ်သို့ဒေါသတကြီးရောက်လာကာ ပေါက်ကွဲနေသည်ဟု အိမ်ကအလုပ်သမားများphoneဆက်သဖြင့် မင်းသူ အပြေးပြန်ခဲ့ရသည်မလား
အခန်းထဲပင် မရောက်သေး အိမ်ထဲဝင်လိုက်ထဲက ပစ္စည်းတွေ လွင့်ပစ်သံများဆူညံခဲ့ရင်း
ရာဇ် အခန်းရှေ့မှာ မျက်နှာငယ်လေးတွေဖြင့် ရပ်နေသော အစေခံများအား
"ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြ"
"ဟုတ်ကဲ့"
မင်းသူ အလုပ်သမားတွေ မရှိတော့မှ
✊ဒေါက်......ဒေါက်✊
"ရာဇ်လေး ဦးဦးကိုတံခါးဖွင့်ပေးပါဦး"
"........."
အထဲမှ ဘာမှမတုံပြန်လာသောကြောင့် မင်းသူတံခါးအားထပ်ခေါက်လိုက်သည်
"ရာဇ်လေး"
ဂျောက်
တံခါးဖွင့်လာသော ရာဇ် မျက်နှာက နီးမြန်းနေစွာ
လက်တွင်လည်း ထိခိုက်ပွန်းပဲ့ဒဏ်ရာများ
"ဦးဦးဝင်ခဲ့မယ်နော်"
အောင်သူ ရာဇ်အခန်းထဲခြေလှမ်းလိုက်တော့ ခုနကသောင်းကြမ်းထားသဖြင့် ပစ္စည်းများနှင့် ဖန်ခွက်အပဲ့များပြည့်နှက်နေခဲ့သည်ရာဇ် မွေးစားဖေဖေအားတံခါးဖွင့်ပေးသည်ထိ ဒေါသမပြေသေး
ဒေါသထွက်နေသော ရာဇ်အနားအား မင်းသူဝင်ထိုင်လိုက်သည်
"ရာဇ်လေး အိမ်မှာတစ်ခုခုဖြစ်ခဲ့လား"
"အင်း"
"သားမာမီနဲ့လား"
"........"
ပြန်မဖြေလာသောကြောင့် မင်းသူသက်ပြင်းချကာ
"ရာဇ်မာမီနဲ့ ဒီလိုပဲ အမြဲ ရန်ဖြစ်နေကြမလား ရာဇ်မာမီကလဲ စိတ်ဆိုးတုန်းခဏပါ"
"ဒီတစ်ခါတော့ မာမီလွန်တယ် ကျွန်တော့်ကိုနှိမ်တယ်"
"သားမာမီနဲ့ ဘာဖြစ်လာခဲ့တာလဲ ဦးဦးကိုပြောပြ"
ရာဇ် ဖြစ်ကြောင်းကုန်စင်ကို မွေးစားဖေဖေအားပြောပြလိုက်သည်
ရာဇ်အတွက်မွေးစားဖေဖေက သူငယ်ချင်းတစ်ယောက်လိုပင်
ရာဇ်လိုချင်တာမှန်သမျှ တောင်းလျှင် ဖြစ်အောင်လုပ်ပေးတတ်သူ
ရာဇ်ကို ဘယ်တော့မှ မှားသည်ဟူ၍ မပြောဖူး
KAMU SEDANG MEMBACA
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romansa""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...