Episode❦ 22 ❦

1.5K 60 1
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 22 ❦

"ကို သားဘက်​ကphထပ်​ဆက်​လာ​သေးလား"
ယွန်း ကုတင်​​ပေါ်မှာလဲ​နေရင်းက​နေ ခင်​ပွန်းဖြစ်​သူအား​မေးလိုက်​မိသည်
ဒီ​နေ့နဲ့ဆို သား သမီး​လေးကိုခိုး​ပြေးသွားတာ တစ်​ရက်​ပင်​ရှိပြီ
သားရဲ့ တဇွတ်​ထိုးဆန်​​သော လုပ်​ရပ်​​ကြောင့်​ သားမာန်​​လေးတို့အ​ပေါ်လည်းမျက်​နှာပူရသည်
ခုဆို သမီး​လေးငို​နေရှာ​ရော့မည်
ယွန်း သမီးအတွက်​အစိုးရိမ်​ကြီးစိုးရိမ်​​နေလျက်
"မင်းသူကို​တော့ phဆက်​တယ်​တဲ့ သဘက်​ခါ​လောက်​ပြန်​လာမယ်​တဲ့"
"သမီး​လေး​ရော အဆင်​​ပြေရဲ့လား"
"အဆင်​​ပြေမှာပါယွန်းရယ်​ ကိုတို့လဲ ဘာတတ်​နိုင်​မှာလဲ သားဘယ်​မှာရှိလဲ ဘယ်​သူမှမသိဘူး အဆင်​​ပြေဖို့​မျှော်​လင့်​ရုံပဲ​ပေါ့"
"ယွန်း သမီး​လေးကို.အရမ်းစိတ်​ပူတယ်​"
"ကိုယ်​လဲစိတ်​ပူတာပါပဲ ဒါ​ပေမယ့်​ ဘာတတ်​နိုင်​မှာလဲကွာ"
"ကိုမုန်းမာန်​နဲ့ သားမာန်​​လေး​ရော ဘာ​ပြော​သေးလဲ"
အောင်​သူ သက်​ပြင်းကိုတစ်​ချက်​ချကာ
"သူတို့က​တော့ အဆင်​​ပြေသလိုလုပ်​ပါတဲ့ အားနာစရာမလိုပါဘူးတဲ့​လေ"
"သူတို့အဲ့လိုနားလည်​​ပေး​လေ ယွန်းပိုအားနာ​လေပဲ ဒီကိစ္စမှာ ယွန်းတို့သားမှားခဲ့တာ​လေ"
"တကယ်​လို့သားပြန်​လာရင်​ မဆူပါနဲ့​တော့ ပိုဆိုးသွားရုံပဲရှိမှာ ပြီး​တော့ သားပြန်​လာတာနဲ့မင်္ဂလာပွဲအတွက်​စီစဉ်​ကြတာ​ပေါ့"

🐠🐠÷÷÷🐠🐠÷÷÷🐠🐠÷÷÷🐠🐠÷÷÷🐠🐠

မာန်​ ​ကား​မောင်း​နေရင်း အ​တွေးများက ဟိုဟိုဒီဒီ
ပ​ဒေသရာ​ဇ်​ ရင်​ကိုခိုး​ပြေးသွားတာ တစ်​ရက်​ပင်​ရီ​နေပြီ
သူမ​လေးခုချိန်​ ဝမ်းနည်းပြီးငိုများ​နေမလား

ထိုချိန်
တစ်​ဖက်​ရပ်​ကွက်​ထဲမှ
"လိုက်​ကြ​ဟေ့ လိုက်​ကြ"
"အဲ့​ကောင်​မကို ဖမ်း"
အသံ​ပေါင်းများစွာနှင့်​ လူအုပ်​ကြီး
မာန်​ အသံ​တွေ​ကြောင့်​ လှည့်​ကြည့်​မိလိုက်​ချိန်​ သူ့ကား​ရှေ့သို့ ​ပြေးဝင်​လာ​သော က​​လေးမ​လေးတစ်​​ယောက်​​ကြောင့်​ မာန်​ လန့်​ကာ ဘရိတ်​ကို အတင်းအုပ်​လိုက်​ရသည်
သို့​ပေမယ့်​ ထိုက​လေးမက လန့်​ကာ လဲကျသွား​တော့ မာန်​စိတ်​ပူစွာ ကားထဲက ​ပြေးဆင်းကာ
ထို​က​လေးမအနား ထိုင်​ကာ.​ခြေ​ထောက်​အားကိုင်​ကာ
"က​လေးမ မင်းဘာဖြစ်​သွား​သေးလဲ"
"ရတယ်​"
"ဟိုမှာ သူခိုးမ!!!!!"
အ​နောက်​ လူ​တွေ​အော်​သံ​ကြောင့်​ မာန်​လှည့်​ကြည့်​​နေစဉ်​.​ထော့နဲ့ ​ထော့နဲ့ဖြင့်​ ထ​ပြေးသွား​သော က​လေးမ​လေး
မာန်​ ကပျာကယာထကာ ထိုက​လေးမလက်​အားဆွဲလိုက်​၍
"မင်း​ခြေ​ထောက်​အဆစ်​လွဲသွားတယ်​က​လေးမ"
ထိုက​လေးမက ​ပြေးလာကြ​သော လူအုပ်​ကြီးအားကြည့်​ကာ
"ငါ့မှာ အချိန်​မရှိဘူး"
"မရဘူး မင်း​ခြေ​ထောက်​ကိုဓာတ်​မှန်​ရိုက်​ရမယ်​"
"ဟာကွာ.ဒီဦး​လေးကြီးက​တော့ လွတ်​ပါ ငါဒုက္ခ​ရောက်​​တော့မယ်​"
"မလွတ်​ဘူး"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now