Episode❦ 36 ❦

1.6K 41 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 36 ❦

"ကိုယ့်​ကို အချိန်​၁ပတ်​​ပေးပါ အဲ့အချိန်​တစ်​ပတ်​အတွင်း မင်းကိုယ့်​ဆီစိတ်​ပြန်​လည်​​အောင်​မလုပ်​နိုင်​ရင်​ ကိုယ်​ကွာရှင်း​ပေးပါ့မယ်​"
ကိုကြီးစကား​ကြောင့်​ ရင်​ကိုကြီးအားတအံ့တသြ ​မော့ကြည့်​မိလိုက်​သည်
ကိုကြီးပုံစံက ယုံကြည်​ချက်​အပြည့်​နှင့်
"တစ်​ပတ်​ပြည့်​ရင်​ ကွာရှင်း​ပေးမယ်​ဆိုတာ တကယ်​လား"
"ကွာရှင်းရမယ်​လို့မှမ​ပြောနိုင်​​သေးတာ ​ပြောလို့မရဘူး​လေ ​တော်​ကြာ ကိုယ့်​အချစ်​​တွေကို မင်းမြင်​ပြီး ကိုယ့်​အနားက​နေ ခွဲခွာမသွားနိုင်​ရင်​​ရော"
ကိုကြီးစကား​ကြောင့်​ ရင်​နှုတ်​ခမ်း​လေးအားကိုက်​ကာ
"ကိုကြီး ဟာသကရီလဲမရီရဘူး​နော်​"
"ဘယ်​ရီရမလဲ ကိုယ်​ကဒီကစားပွဲကို အသက်​နဲ့​လောင်း​ကြေးထပ်​ထားတာ​လေ"
"ဘာဆိုင်​လို့လဲ"
"ကိုယ့်​အသက်​ကမင်း​လေ ကိုယ့်​ဘဝမှာမင်းမရှိလို့မဖြစ်ဘူး​လေ"
"အပို​တွေ ရင်​က အရင်​ကကိုကြီးသိခဲ့တဲ့ ရင်​ခုန်​သံမဟုတ်​​တော့ဘူး​နော်​ ကိုကြီးရဲ့အလိမ်​အညာစကား​တွေ​အောက်​မှာ ရင်​မ​ပျော်​ဝင်​ဘူး"
"​သေချာလား"
ရာဇ်​ ပြုံးစစ​မေးလိုက်​​လေသည်
"​သေချာတယ်​"
"OK​လေ အာ့ဆို၁ပတ်​​နော်​ ကိုယ်​မင်းကို မနက်​ဖြန်​ကစပြီး ပြန်​လိုက်​မယ်​ မင်းဆီကအချစ်​ကို ထပ်​ပြီးမရရ​အောင်​ယူပြမယ်​ ဒါ​ပေမယ့်​!!!!!!"
"ဟင်​"
ပြောရင်းတစ်​ဝက်​တစ်​ပျက်​နဲ့ရပ်​သွားသည့်​ကိုကြီး​ကြောင့်​ ရင်​​ကိုကြီးအား​မော့ကြည့်​လိုက်​မိသည်
ကိုကြီးက ​ပျော်​​နေသည့်​ပုံစံဖြင့်​ ရင်​နားအနားကပ်​ကာ
"ရင်​ခုန်​သံကိုမညာ​ကြေး..... Good night မနက်​ဖြန်​ ကိုယ့်​ကိုမချစ်​မိ​အောင်​အားတင်းလိုက်​ဦး"
"ဘာ!!!!!!ဆု​တောင်း"
ရင်​ မခံနိုင်​စွာ ပြန်​​ပြော​ပေမယ့်​လည်း ကိုကြီးကအပြုံးမပျက်​စွာ
ရင်​အမြင်​ကတ်​စွာ တံခါးအား​ဆောင့်​ပိတ်​လိုက်​မိသည်
ရင်​ ဘာလို့စိတ်​ထဲ ကြည်​နူး​နေမိတာလဲ
ရင်​ ပြုံး​နေမိတာလား😂

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now