♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 29 ❦
ရာဇ် ဘာမှပြန်မပြောနိုင်စဉ်မှာပဲ
ဦးမင်းသစ္စာ ရာဇ် အင်္ကျီအားဆွဲလိုက်ကာ
"မင်းကြောင့် ငါ့သမီးသေရတာ မင်းလိုဘာမဟုတ်တဲ့ကောင်ကြောင့် မသေသင့်ပဲသေရတာ"
ရာဇ် စိတ်ထဲမကောင်းသော်လည်း အရှုံးမပေးချင်စိတ်ကြောင့်
"ကျုပ်ကိုလွတ်"
"ငါ့သမီးအသက်ကိုပြန်လျော်ပေး မင်းကြောင့်သေရတာ"
"ကျစ်...."
"ငါ့သမီးသေရတာမင်းကြောင့် မင်းသာငါ့သမီးအပေါ်သစ္စာမဖောက်ခဲ့ရင်.....ဒီလိုတွေဖြစ်ရမှာမဟုတ်ဘူး"
ရာဇ် သမီးဖြစ်သူကြောင့် ရန်လိုနေသောဦးမင်းသစ္စာအား သည်းခံနေသော်လည်း
တဖြည်းဖြည်းစွပ်စွဲချက်တွေပြင်းထန်လာသောကြောင့်
ဦးမင်းသစ္စာလက်များအားခါထုတ်လိုက်သည်
"ကျုပ်သည်းခံတာ အတိုင်းအတာကျော်လွန်သွားပြီ"
"ဘာ!!!!!မင်းကများ"
"သစ္စာဖောက်တယ်ပြောရအောင် ခင်ဗျားသမီးနဲ့ကျုပ် ချစ်သူရည်းစားတောင်မဖြစ်ခဲ့ဖူးဘူး ခင်ဗျားသမီးကိုသည်းခံနေတယ်ဆိုတာကလဲ ခင်ဗျားမျက်နှာကြောင့် ပြီးတော့ ဂရုကိုမစိုက်ခဲ့တာ ဒါကို ခင်ဗျားနဲ့ခင်ဗျားသမီးက အရူးကွက်နင်းပြီး ကျုပ်ကိုအမိဖမ်းဖို့ချိန်းခြောက်ခဲ့တာ"
"ဘာ!!!!!!!"
"ခင်ဗျားသမီးသေရတာ ခင်ဗျားကြောင့် ဘာလို့လဲသိလား ခင်ဗျါးသမီးကိုသာ သူများအိမ်ထောင်ရေးမနှောင့်ယှက်ဖို့ ဖြစ်သင့်ဖြစ်ထိုက်တာကိုသာ ဆုံးမခဲ့သင့်တာ ခင်ဗျားသမီးသေရတာခင်ဗျားကြောင့်"
"ဘယ်လို!!!!!!"
"ခင်ဗျားထွက်သွားပါ မဟုတ်ရင်ကျွန်တော်သည်းခံနေမှာမဟုတ်ဘူး"
ရာဇ်စကားကြောင့် ဦးမင်းသစ္စာဒေါသထွက်စွာ လက်သီးကိုကျစ်နေအောင်ဆုပ်လျက်
"ဒီနေ့ကိုမင်းမှတ်ထားလိုက် ငါ့သမီးအသက်အတွက် မင်းတန်ရာတန်ကြေးပြန်ပေးရလိမ့်မယ်"
ရာဇ် မထိတ်မလန့်ပဲ နှုတ်ခမ်းတွန့်ရုံပြုံးကာ
"ဟုတ်လား စောင့်နေပါ့မယ် 😏"
"ငါ့သမီးသေရတာ အလကားမဖြစ်စေရဘူး ငါ့သမီးကငါ့ဘဝ မင်းဖျက်စီးပစ်ခဲ့တယ် မင်းဘဝရဲ့ အရေးအပါဆုံးလူကိုလည်း သေချာဂရုစိုက်ထားပါ အဲ့နေ့ကျရင် ဒီစကားတွေပြန်ပြောနိုင်ပါစေ"
"အဟွန့်"
ဦးမင်းသစ္စာကြိမ်းဝါးသွားမှုကို ရာဇ်မကြောက်ပေမယ့် သူမလေးကိုစိတ်ပူသွားရပြန်သည်
သူ့ဘဝရဲ့ အရေးပါဆုံးသူက သူ့ဇနီးပင်မလား
YOU ARE READING
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...