Episode❦ 11 ❦

1.7K 60 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 11 ❦

"ဘယ်​လို .....မရဘူး​နော်​ စိမ်း"
ရင်​ အတန်းအပြီး ​ကျောင်းကန်​တင်းတွင်​ စကား​ပြော​နေစဉ်​ ရင်​ပျာပျာသလဲ ငြင်းဆန်​လိုက်​ခြင်းပင်
"လုပ်​ပါရင်​ရယ်​ ​နော်​ ဒီနှစ်​က​နောက်​ဆုံးနှစ်​ပဲဟာ"
ရင်​ မျက်​နှာ​လေးရှုံ့ကာ
"မရဘူး ငါရှက်​တယ်​ တခြားသူရှာလိုက်​ပါဟာ"
ဒီနှစ်​ ​ကျောင်းရဲ့ နှစ်​၉၀ပြည့်​အထိမ်းအမှတ်​ကပွဲမှာ အတန်းအလိုက်​ အကအဖွဲ့​တွေထွက်​ရသည်​​လေ
အဲ့တာကိုစိမ်းက ရင်​အားကဖို့ အ​ဖော်​လာစပ်​​နေခြင်းပင်
ဘယ်​ကထဲက စီစဉ်​​နေလဲမသိ တစ်​​ယောက်​ပဲလို​တော့သည်​တဲ့​လေ
ရင်​က အချက်​အပြုတ်​ဝါသနာပါ​ပေမယ့်​ အဆိုအက​တော့ဝါသနာမပါ
"မရဘူး ရင်​​နော်​ ငါ့အချစ်​ဆုံးသူငယ်​ချင်းဖြစ်​တဲ့ နင်​ကငါ့အဖွဲ့ထဲပါကိုပါရမယ်​ ဒါပဲ"
"ဟာ ခက်​​တော့တာပါပဲစိမ်းရယ်​ ငါပါမှ ပျက်​​နေမယ်​ ငါတစ်​ခါမှ ကဖူးတာမဟုတ်​ဘူးဟ"
"ငါတို့လဲကတတ်​လို့လား ဟီး....ဆရာမကသင်​​ပေးမယ်​တဲ့ လုပ်​ပါဟာ​နော်​"
"ငါတကယ်​အဆင်​မ​ပြေလို့ပါဟာ ငါမကတတ်​ဘူး"
"မရဘူး ပါကိုပါရမယ်"
စိမ်း​ပြောလဲ​ပြောရင်း ရင်​နာမည်​အား အကအဖွဲ့တွင်​မှတ်​လိုက်​သည်
"ဟဲ့ စိမ်းမလုပ်​နဲ့​လေ နင်​​နော်​တကယ်​ပါပဲ"
"ဟယ်​ဟယ်​ ရင်​ကလည်း ဒီနှစ်​က​နောက်​ဆုံးနှစ်​​လေ အမှတ်​တရ​ပေါ့"
ရင်​မှာ​တော့ ဇွတ်​အတင်းလုပ်​​သော သူငယ်​ချင်းဖြစ်​သူအား မျက်​​စောင်း​လေးထိုးကာကြည့်​ရင်း
"ရင်​ ငါပြာကျ​တော့မယ်​​နော်​"
"ကျကျ....တကယ်​ပါပဲ အတင်းဇွတ်​ပဲ"
စိမ်း ရင်​ ပုခုံး​ပေါ်​ခေါင်း​လေးမှီကာ မျက်​နှာချို​လေး​သွေးလျက်
"ရင်​ကလဲ.ချစ်​တယ်​​လေ​နော်​"
"မချစ်​နဲ့ သွား"
ရင်​ စိမ်း​ခေါင်း​လေးအား တွန်းပို့ကာဆိုလိုက်​​တော့
"​အေး​ပေါ့ ဆရာဝန်​က​တော်​ကြီးဆို​တော့လဲ"
"ဟာ.....စိမ်း​နော်​"
"စတာပါရင်​ရဲ့"
"​အေး​နော်​ စိမ်း ငါကြို​ပြောထားမယ်​ စင်​​ပေါ်မှာ ငါ့​ကြောင့်​အရှက်​ကွဲရင်​.တာဝန်​မယူဘူးဗျ"
"အမ​လေး.ရင်​ရယ်​ နင်​အရှက်​ကွဲ​တောင်​ ခပ်​တည်​တည်​နဲ့ပြုံး​နေလိုက်
ငါ​ပြောရဲတယ်​ ငါတို့အဖွဲ့ကိုအား​ပေးတဲ့သူ​တွေများကြီးဖြစ်​​လောက်​တယ်​နင်​ပါလို့​လေ"
"အပို​တွေ"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Donde viven las historias. Descúbrelo ahora