♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 40 ❦
ပထမပိုင်း♥
ဒီနေ့ တီနုတို့ကDinnerဖိတ်ထားသဖြင့် ကိုကြီးနဲ့အတူလာခဲ့ရသည်
မေမေတို့ကတော့ကြိုရောက်နှင့်နေတာပေါ့
အိမ်ရှေ့မှာကားရပ်ပြီးချိန် ရင်နံဘေးကကိုကြီးကိုကြည့်မိလိုက်သည်
"ကိုကြီး မျက်နှာကြီးကလည်းစူပုတ်နေတာပဲ ဘာဖြစ်နေတာလဲ"
"ကိုယ်မှမလာချင်တာ"
"ရင်ပြေါသားပဲ ကိုကြီးမလိုက်ချင်ရင် ရင်ဖေဖေမေမေနဲ့သွားလိုက်မယ်လို့ ကိုကြီးဘာသာလိုက်ခဲ့ပြီး တကယ်ပါပဲ"
"ကိုယ်မှစိတ်မချတာ ဟိုမင်းရည်းစားဟောင်းနဲ့တွေ့ပြီး ဖက်နေကြရင်ဘယ်လိုလုပ်မှာလဲ"
ရင် ကိုကြီးအားအမြင်ကတ်စွာကြည့်လိုက်၍ လက်မောင်းအားရိုက်လိုက်သည်
"ရင်ကိုမယုံဘူးလား"
"ကိုယ်မင်းကိုယုံတယ် ဟိုကောင်ကိုမယုံဘူး"
"ကိုကြီးနော် ရင်နဲ့ကိုကိုက ဘာမှမပတ်သက်တော့ဘူး"
"ကြည့်ပါလား ကိုကိုတဲ့"
"ဟာ....ပြောလေကဲလေပါလား"
"ကိုယ်သတိပေးထားမယ်နော် အဲ့ကောင်နဲ့စကားမပြောရဘူး"ထမင်းစားပွဲတွင်
"ရာဇ်နဲ့ ရင်လေးအတွက်နုတို့ဝမ်းသာနေကြတာခုလိုအဆင်ပြေပြေမြင်ရတော့ယွန်းတော့ပျော်နေတော့မှာပဲ"
"ဟုတ်တယ်နုရေဒါနဲ့ သားမာန်လေးရော ဘယ်တော့သတင်းကောင်းကြားရမှာလဲ"
"မာန်ကိုတော့ပြောမနေနဲ့ ဟိုတလောကသူငယ်ချင်းသမီးနဲ့တွေ့ပေးတာလဲအဆင်မပြေဘူး ကြည့်ရတာလူပျိုကြီးလုပ်တော့မယ့်ပုံပဲ"
"မာန်လေးမှာ သဘောကျနေတဲ့သူရှိနေတာလားမသိဘူးနော်"
"ကိုကို ပန်လေးကရော မတွေ့ရတာကြာပြီနော်"
ရင်မေးလိုက်လျှင် မာန်စားနေရင်းမှ
"ပန်က ခုမအားတော့ဘူးလေ ရှုတင်တွေနဲ့ရှုပ်နေတာ"
"သြော်"
"စားကြနော် ယွန်းတို့ရောရာဇ်တို့ရော အားမနာကြနဲ့"ထမင်းစားအပြီး လူကြီးတွေစကားပြောနေတုန်း
ရင် ကိုကို့အားအကဲခတ်နေမိသည်
ကိုကို့မျက်နှာသိပ်မကောင်းတာ ရင်သတိထားမိသည်
အရင်နေ့တွေက ကိုကိုနဲ့ပန်သတင်းကဟိုးလေးတကျော်ဖြစ်ခဲ့သည်လေ
ခုလူကြီးတွေစကားပြောနေတော့ ကိုကိုကအပြင်ထွက်သွားလျက်
ရင် ကိုကို့နောက်ကလိုက်ဖို့ကြံလိုက်သော်
ရင်လက်အားကိုကြီးကဆွဲလိုက်ကာ
"ဘယ်သွားမလို့လဲ"
"ရင်...ခြံထဲသွားမလို့"
"ကိုယ်ပြောထားတယ်နော်"
"ကိုကြီး....."
လူကြီးတွေကြားမှာပူသောကြောင့် ရင်လေသံကိုလျော့ကာပြောနေရသည်
"ခဏလေးတင်ပါ ရင်ကိုကို့ကိုပြောစရာရှိလို့"
YOU ARE READING
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...