♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 34 ❦
"ကိုယ်....အရမ်းလွမ်းနေခဲ့တာ"
ရာဇ် ရင်ခွင်ထဲက ကျူးမှာတော့ ဘာကိုမျှနားမလည်စွာ ကြောင်အမ်းအမ်းလေးဖြင့်
လန့်ကာ လက်ထဲကသံပုရာခွက်များပင် လွတ်ကျသွားရသည်
ခလွမ်း ခွမ်း💥💥💥
ကျူး သူ့အားကျစ်နေအောင်ဖက်ထားသည့် လူရဲ့ရင်ဘတ်အားအတင်းတွန်းဖယ်၍
"ရှင်...ရှင်ဘယ်သူလဲ ကျွန်မကိုလွတ်"
ရာဇ် မထင်မှတ်ထားသော သူမရဲ့စကားကြောင့် ဖက်ထားတာမှ သူမပုခုံးအားကျစ်နေအောင်ဆုပ်ကိုင်လိုက်ကာ
"မင်း...ကိုယ့်ကိုမသိဘူးလား"
ရာဇ် ရှေ့ကသူမလေးမှာတော့ ပုခုံးပေါ်မှလက်များကို အတင်းတွန်းဖယ်နေလေရဲ့
"ရှင်နဲ့ကျွန်မ သိလို့လား"
"ရင်....ကိုယ့်ကိုမနောက်ပါနဲ့ကွာ"
ရာဇ်အသံမှာ ကြေကွဲရိပ်များစွာနှင့်
သူတို့နှစ်ဦးအား ဘယ်သူမှဘာတစ်ခွန်းတစ်လေမှ ဝင်ပြောခြင်းမရှိ
"ကျွန်မကိုလွတ်"
"ရင်...ကိုယ့်ကိုကြည့် ကိုယ်လေ"
ကျူး ရှေ့မှာရှိနေသော ထိုလူအားခေတ္တမျှ ငေးကြည့်လိုက်သော်
တအားကြီးမစိမ်းသက်သော ထိုသူ့မျက်နှာ ပုံစံ အရာရာနှင့်ရင်းနှီးနေတယ်
ဒါပေမယ့် ကျူးဘာတစ်ခုမှစဉ်းစားမရဘူး ကျူးဦးနှောက်ထဲမှာ ဗလာကြီး
ကျူးအရမ်းတွေးလိုက်လို့လားမသိ
ခေါင်းတွေမူးလာသဖြင့်
"ဟင့်အင်း မသိဘူး ရှင်...ရှင်လူမှားနေတာ"
ရာဇ် သူ့လက်ထဲကအတင်းရုန်းထွက်သွားသော သူမလေးကြောင့်
"ရင်ခုန်သံ.....မင်းကိုယ့်ကိုညာနေတာမလား"
"ဘာတွေလဲ...ရှင်ပြောတာ ဘာမှနားမလည်ဘူး"
ရင် ပြောရင်း မူးလာသောခေါင်းအားတချက်ဖိလိုက်သော်လည်း
"မဟုတ်ဘူး မင်းညာနေတာ"
"ဟင့်..ဟင့်အင်းဘာတွေလဲ"
ကျူး အသိဥာဏ်ကင်းမဲ့သွားစွာ ထိုနေရာတွင်လဲကျသွားရသည်
"ဟာ..ရင်!!!!!""ဟင့်...ဟင့်အင်း!!!!!"
ရာဇ် ကုတင်ထက်ဖြူလျော့စွာ လဲလှောင်းနေသည့်သူမလေးအား ငေးကြည့်ကာ လွမ်းခဲ့သမျှဖြေသိမ့်နေစဉ်
သူမလေး အိမ်မက်ဆိုးတွေ မက်နေသည်ထင်တယ် တစ်ချက်တစ်ချက် ကိုယ်လေးပင်တုန်သွား၏
ရာဇ် သူမလက်ဖဝါးလေးအားနွေးထွေးစွာဆုပ်ကိုင်ကာ ပါးတွင်အပ်ရင်း
ကျန်လက်တစ်ဖက်က သူမရဲ့မျက်နှာလေးအားတို့ထိကာ
"တကယ်.....အိမ်မက်မဟုတ်ဘူးပဲ"
ရာဇ် ဝမ်းသာစွာပြုံးလိုက်မိသည်
ထိုစဉ် ခုတင်ပေါ်ကသူမလေးအိမ်မက်ဆိုးတွေကြောင့် ခေါင်းလေးတွေခါယမ်းကာ ပါးစပ်ကလဲတတွတ်တွတ်ပြောနေလျက်
"ရင်...."
"ဟင့်"
ကျူး လေးလံစွာ.မျက်ဝန်းတွေဖွင့်ကြည့်လိုက်တော့
သူမလက်အားဆွဲကိုင်ထားသည့်ထိုသူကြောင့်
မျက်နှာလေးရှူံ့မဲ့ကာ သူမလက်လေးအားဆွဲယူလိုက်မိသည်
"ရင်....မင်းသတိရလာပြီလား"
ကျူး မျက်လုံးလေးဝေ့ဝိုက်ကာကြည့်မိလိုက်တော့
သူမအခန်းကို ပြန်ရောက်နေတာပဲ
သူမရှေ့က ထိုသူကိုကြည့်ကာ
"ရှင်....ရှင် ကျွန်မအခန်းထဲ ဘယ်လိုရောက်နေတာလဲ"
"ကိုယ်....."
"ရှင် ထွက်သွား"
ရာဇ် ဘာမှကိုပြောချိန်မရခင်မှာပဲ သူ့အားပစ်လိုက်သော ခေါင်းအုံးကိုအမိဖမ်းလိုက်ရသည်
"ကိုယ်ပြောစရာရှိတယ် ရင် ခဏလောက်နားထောင်ပေး"
"ဟင့်အင်း ရှင့်ကိုကျွန်မမှမသိတာ.ပြောစရာမရှိဘူး"
အတင်းငြင်းနေသော သူမလေးကြောင့် ရာဇ်သူမထွက်ပြေးမှာပူကာ ပုခုံးကိုကိုင်လိုက်တော့
"အား!!!!!!ရှင် နှာဘူး ကယ်ကြပါဦး"
"ဟာ..မဟုတ်ဘူး"
သူမလေးအော်သံကြောင့် လူကြီးတွေရောက်လာကြသည်
"ဆရာမလေး😤"
ကျူးအော်သံကြောင့် စိုးရိမ်တကြီးအခန်းထဲဝင်လာကြကာ
ရာဇ်ကိုမြင်တော့ ကြောင်အမ်းအမ်းမျက်နှာထားလေးတွေဖြင့်
"ဟင်😳သူဌေးလေးက ဘယ်လိုလုပ်!!!!!!"
STAI LEGGENDO
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Storie d'amore""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...