♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 37 ❦
"ပန် ဒါက အသံသွင်းဌာန"
ပန်ရှေ့မှာရှိနေသော အရာများအားတအံ့တသြဖြစ်နေလျက်
ပန်အတွက်အိမ်မက်လိုပင် ပန်တစ်ဘဝလုံးဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေပြည့်ဝတော့မယ်လေ
ပန်သာ ကြိုးစားရင် အောင်မြင်မှုက ပန်လက်တစ်ကမ်းအလိုမှာ
"ပန် သူတို့နှစ်ယောက်ကတော့ စေးစေးနဲ့ ကီကီတဲ့ မှတ်ထားနော် ပန်အတွက်လိုတာတွေအကုန် သူတို့ကစီစဉ်ပေးလိမ့်မယ်"
"ဟုတ် တွေ့ရတာဝမ်းသာပါတယ်ရှေ့လျောက်ကူညီပါဦး"
ပန် Entertainmentက ဝန်ထမ်းတွေအားလုံးနှင့်မိတ်ဆက်ရသည်
ပန်ဒီသတင်းကောင်းကို ဦးလေးကြီးကိုပြောပြရင် ဦးလေးကြီးဘာပြောမလဲ သိချင်ခဲ့ပေမယ့်
တကယ်တမ်းမှာတော့ မင်းအတွက်ဝမ်းသာပါတယ်ဆိုတဲ့စကားကလွဲရင် တခြားဘာစကားမှ မကြားခဲ့ရ
မေမေနဲ့မောင်လေးကတော့ ပန်အတွက် ဝမ်းသာပေးကြသည်လေ🌟🌟🌟🌟🌟🌟💛💛🌟🌟🌟🌟🌟🌟
ဂျိမ်း ဒလိန်း⚡⚡
မိုးခြိမ်းသံကြီးနှင့်အတူ လျှပ်စီးများလက်ခနဲ
ကြည့်ရတာ မကြာခင်မိုးတွေရွာတော့မယ်နဲ့တူပါနဲ့
ရင် လုပ်လက်စအလုပ်များအားချကာ အဝတ်များအား ရုတ်ရင်း
"မိုးတွေ မှောင်မဲနေတာပဲ"
ရင်ရေရွတ်လိုက်ပြီးနောက် ပြတင်းပေါက်နဲ့ တံခါးများကိုပိတ်ပစ်လိုက်သည်
ထို့နောက်အခန်းထဲ ပြန်သွားကာ
လျှပ်စီးတွေလက်နေသဖြင့်ကုတင်ပေါ်တင်ထားသော phoneအားပိတ်ပစ်လိုက်၏ရာဇ် ကားပေါ်ကနေ သူမနေသည့်အထပ်လေးအားငေးကြည့်နေစဉ်
ဝေါ☔☔☔
သဲကြီးမဲကြီးရွာချလိုက်သော မိုးများနှင့်အတူ
ဖျပ်💡
ဘေးပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ကျသွားသဖြင့်ရာဇ် သူမလေးအတွက်စိတ်ပူသွားရသည်
"ရင်....""
သူမက အမှောင်ဆို အရမ်းကြောက်တာလေ
အပြင်မှာမိုးတွေရွာနေသော်လည်း ဂရုမစိုက်နိုင် ကားပေါ်ကဆင်းကာ သူမနေသည့်တိုက်ခန်းသို့
အခန်းရှေ့ရောက်သော်
ဒုန်း......ဒုန်း✊
"ရင်.....ရင်!!!!!!"
ရာဇ် ဘယ်လောက်ခေါ်ခေါ် ပြန်မထူးသော ရင်ကြောင့် ရာဇ်အသင့်ပါလာသော သော့ဖြင့်ဖွင့်ကာ ဝင်လာလိုက်သည်
တစ်ခန်းလုံးမှောင်မိုက်နေသဖြင့် လက်ထဲကphမီးအားဖွင့်ကာ
"ရင် ဘယ်မှာလဲ"
ရာဇ် ဟိုဟိုဒီဒီရှာအပြီး သူမအခန်းထဲမှာလားဟုတွေးကာ
"အီးဟီး ရင်ကြောက်တယ်"
အခန်းထဲကအသံကြောင့် ရာဇ်အလျင်အမြန်ပင်တံခါးအားဆွဲဖွင့်လိုက်မိသည်
ဂျောက်
LOCKမချထားသဖြင့် ဖွင့်ရလွယ်ကူနေစွာ
ရာဇ် အခန်းထဲဝင်လိုက်တော့ ထင်သည့်အတိုင်းကုတင်အောက်ခြေတွင်ဒူးတုပ်ကာ ငိုနေသော သူမ
မျက်နှာတွင်လည်းကြောက်ရွံ့ခြင်းများအပြည့်ဖြင့်
"ရင်ကြောက်တယ် မေကြီး ဖေကြီးဟင့်ဟီး ရင်ကိုမထားခဲ့ပါနဲ့"
ရာဇ် သူမအနားထိုင်ကာ
"ရင်"
သူမပုခုံးလေးအားခပ်ဖွဖွထိလိုက်တော့ မျက်ရည်လေးတွေစိုရွဲနေသော မျက်ဝန်းများဖြင့် မော့ကြည့်လာကာ
"ကို...ကိုကြီး ဟင့်"
"ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ်"
"ရင်ကြောက်တယ် ဟင့်အီး"
ရင် အားကိုးတကြီးကိုကြီးရင်ခွင်ထဲသို့ဝင်မိလိုက်သည်
ရာဇ် သူမကျောပြင်လေးအား ခပ်ဖွဖွပုတ်ပေးကာ
"ကိုယ်ရှိတယ်မကြောက်နဲ့"
YOU ARE READING
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...