Episode❦ 3 ❦

2K 63 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 3 ❦

"ညီရာ မင်းလုပ်​လိုက်​တာ လွန်​တယ်​ ကြည့်​ပါဦး ညီမ​လေးရဲ့ဒူးမှာ ​ပေါက်​ပြဲသွားတယ်​"
ဧည့်​ခန်းမှာ မာန်​ ရင်​ဒူးအား​ဆေးထည့်​​ပေး​နေရင်းမှ
ဂိမ်း​ဆော့​နေ​သော ရာဇ်​အားလှမ်း​ပြောလိုက်​သည်
မာန်​စကား​ကြောင့်​ ရာဇ်​ တစ်​ချက်​သာကြည့်​ရင်း ဂရုမစိုက်
"အာ့...နာတယ်​ကိုကို"
မာန်​ ရင်​ဒူး​ခေါင်းကအနာအား အရက်​ပြန်​ဖြင့်​ ​ဆေး​ပေး​တော့ သူမ​လေးစပ်​သွားသည့်​ပုံ​ပေါ်သည်​​လေ
"အရမ်းစပ်​​နေလား ကိုကိုမှုတ်​​ပေးမယ်​​နော်​"
မာန်​​ပြောလည်း​ပြော ရင်​အနာအား ​ဆေး​လေးထည့်​​ပေးလိုက်​ ​​လေမှုတ်​​ပေး​နေလျက်
"စပ်​​သေးလား"
"အွန်းနည်းနည်း"
မျက်​နှာ​လေးရှုံ့မဲ့စွာ ​ပြောလိုက်​​သော ရင်​​ကြောင့်​ မာန်​စိတ်​မ​ကောင်းစွာ
သူ စာ​မေးပွဲပြီးလို့ အိမ်​ပြန်​​ရောက်​သည်​ဆိုထဲက သူမ​လေးကို​တွေ့ဖို့ အ​ပြေးလာခဲ့ရသည်​မလား

ရာဇ်​က​တော့ Game​ဆော့​နေ​သော်​လည်း Gameထဲစိတ်​မဝင်​စား
တစ်​ချက်​တစ်​ချက်​ ရင်​နဲ့မာန်​အား.မ​ကျေမနပ်​ကြည့်​မိ​နေလျက်

ယွန်း ထမင်းချက်​ပြုတ်​​နေရင်းမှ ရင်​အားစိတ်​မချစွာ လာကြည့်​မိသည်
သူ့ကိုကြီးနဲ့ အတူတူ​ဆော့​နေသည်​ထင်​ကာ စိတ်​ချလက်​ချလွတ်​ထားခဲ့​သော်​လည်း
စက်​ဘီးလဲကာ ဒူး​တွေနဲ့လက်​​တွေ​ပေါက်​ပြဲလို့
ယွန်း သားဖြစ်​သူအားမ​ကျေနပ်​သွားကာ ​ခေါင်း​လေးအား​ခေါက်​လိုကိ၍
"ပ​ဒေသရာဇ်​ ဒါ​တော့များသွားပြီ ရင်​​လေးကို.ဘာလို့အနာရ​အောင်​လုပ်​တာလဲ"
ယွန်း စိတ်​တိုစွာ ​လေသံမာမာ​ပြောလိုက်​​ပေမယ့်​ သားဖြစ်​သူက.​ကြောက်​သည့်​ပုံပင်​မ​ပေါ်
"ဟာ...မာမီရာ အမြဲဆူဖို့ပဲ မာမီ့သမီးကို အသုံးမကျတာ"
"​အောင်​မာ ငါ့သမီးက လိမ်​မာတယ်​ နင့်​လိုမဟုတ်​ဘူး ဂျစ်​ကန်​ကန်​နဲ့ ကြာ​လေဆိုး​လေ ဖ​အေ့ပုံစံလိုပဲ"
အိမ်​ထဲက ယွန်းရဲ့ဆူပူကြိမ်း​မောင်း​နေသံ​ကြောင့်​ အလုပ်​ကပြန်​ခဲ့​သော ​အောင်​သူ ​ခြေလှမ်း​တွေတုံ့ခနဲ ရပ်​သွားရင်း
အိမ်​ထဲ​တောင်​မ​ရောက်​​သေးဘူး ဇနီးရဲ့အသံစူးစူးကိုကြား​နေရပြီမလား
ကြည့်​ရသ​လောက်​​တော့ သားနဲ့ စကားများ​နေပုံ​ပေါ်ပါတယ်
သားဖြစ်​သူကလဲ အ​လျော့မ​ပေး

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now