Episode❦ 31 ❦

1.5K 46 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 31 ❦

ပန်​ စာ​တွေလုပ်​အပြီး TVကြည့်​​နေစဉ်
ဂျောက်
တံခါးဖွင့်​ကာဝင်​လာ​သော ဦး​လေးကြီး
"ဟာ...ဦး​လေးကြီး ​ဆေးခန်းမထိုင်​ဘူးလား"
"ဒီ​နေ့က ပိတ်​ရက်​​လေ"
"​သြော်​"
မာန်​ ပါလာသည့်​ပစ္စည်းများအား စားပွဲ​ပေါ်တင်​လိုက်​ကာ ပန်​ရဲ့မျက်​နှာချင်းဆိုင်​ ခုံတွင်​ဝင်​ထိုင်​လိုက်​သည်
"ပန်​ TVကြည့်​​နေတာ စာ​ရောလုပ်​ပြီးရဲ့လား"
"လုပ်​ပြီးပြီ​လေ မ​နေ့ကစာ​တွေလဲပြန်​​နွှေးပြီးပြီ စာအုပ်​ထဲလဲအလွတ်​ချ​ရေးပြီးပြီ"
"​သေချာလား"
မာန်​ မယုံနိုင်​စွာ ထပ်​​မေးလိုက်​​တော့ ပန်​ဦး​လေးကြီးအားမျက်​​စောင်း​လေးထိုးလျက်
"မယုံရင်​ စားပွဲ​ပေါ်ကစာအုပ်​​တွေသွားစစ်​ကြည့်​"
ပန်​ ဇာတ်​ကားအား အာရုံစိုက်​ကာ ကြည့်​​နေ၏
မာန်​ ဘာရယ်​မဟုတ်​ ပန်​ကြည့်​​နေ​သောဇာတ်ကားအား တစ်​ချက်​ကြည့်​လိုက်​​သော်
TVဖန်​သားပြင်​​ပေါ်တွင်​ မင်းသားနဲ့မင်းသမီး Kiss​ပေး​နေသည်​ကို ပီပြင်​စွာ ပြ​နေသဖြင့်
"ပန်​သရဖီ မင်းဘာ​တွေကြည့်​​နေတာလဲ"
မာန်​​ပြောလဲ​ပြောရင်း လက်​ကremote controlဖြင့်​ TVအားပိတ်​လိုက်​​လေသည်
"ဟာ!!!!!!​ဦး​လေးကြီး"
"​ဒေါ်နု​ရေ%!!!​ဒေါ်နု"
မာန်​​ဆောင့်​​အောင့်​​ခေါ်လိုက်​သံ​ကြောင့်
မီးဖိုခန်းထဲက ​ဒေါ်နု​ပြေးထွက်​လာ၍
"ရှင်​ အကို​လေး"
မာန်​ TVအားလက်​ညှိုးထိုးပြကာ
"ကျွန်​​တော်​ဘာ​ပြောထားလဲ ပန်​ကိုအချစ်​ဇာတ်​လမ်း​တွေ ဇာတ်​လမ်းတွဲ​တွေ မကြည့်​ပါ​စေနဲ့လို့ အဲ့အ​ခွေ​တွေဘယ်​ကရတာလဲ"
"​ဒေါ်ကြီးလဲ မ...မသိပါဘူး"
ပန်​ ​ဒေါ်ကြီး​ရှေ့ ရပ်​လိုက်​ကာ
"ဦး​လေးကြီး​နော်​​ဒေါ်ကြီးနဲ့ ဘာမှမဆိုင်​ဘူး ပန်​ဘာသာသူငယ်​ချင်းဆီကငှါးလာတာ"
"ကျစ်​!!!!!!ငါဘာ​ပြောထားလဲ"
"အာ..တစ်​​နေ့တစ်​​နေ့ ဒါ​တွေပဲနား​ထောင်​​နေရတာဓာတ်​ပြားအ​ဟောင်းကြီးလိုပဲ"
"ပန်​!!!!!!!"
"ဟိုဟာလဲ မလုပ်​နဲ့ဒီဟာလဲမလုပ်​နဲ့ အရမ်းချုပ်​ချယ်​တာပဲ"
ပန်​​ပြောလဲ​ပြောရင်း ဆိုဖာ​ပေါ်ဒူး​လေးပိုက်​လျက်​ထိုင်​ချလိုက်​သည်
မာန်​ ဘာ​ပြောရမယ်​မသိ စိတ်​ရှုပ်​စွာ ဆံပင်​​တွေကြားလက်​ထိုးဖွရင်း
ပန်​ဘက်​လှည့်​ကြည့်​လိုက်​သည်
ပန်​ဝတ်​ထားတာ 3 Quarter​လောက်​ရှိ​သော ​ဘောင်းဘီတို​လေးနှင့်​ ကြိုးတစ်​​ချောင်းအင်္ကျီ​လေး
ဆိုဖာ​ပေါ်ဒူး​ပွေ့လျက်​ထိုင်​​နေ​သော​ကြောင့်​ ​ဘောင်းဘီကပိုတို​နေစွာ
မာန်​ သူမ​လေးပုံစံအားကြည့်​ကာ ဘာ​ကြောင့်​မှန်းမသိ မျက်​နှာ​တွေပင်​ပူလာရသည်
ရင်​ထဲ လှိုက်​ဖိုသွားသလိုလို
သူမ​လေးက​တော့ ဂရုစိုက်​မည်​မဟုတ်​ နှုတ်​ခမ်း​လေးစူကာ စိတ်​​ကောက်​​နေပြီ​လေ
မာန်​ မျက်နှာကိုလွဲကာ
"ပန်​ မင်းဘယ်​လိုပုံစံဝတ်​ထားတာလဲ"
မာန်​စကား​ကြောင့်​ ပန်​ကိုယ့်​ကိုကိုယ်​ငုံ့ကြည့်​ကာ
"ဘာလို့လဲ ဒီတိုင်းပဲ​လေ"
"သွား လုံလုံခြုံခြုံအဝတ်​အစားပြန်​ဝတ်​ခဲ့"
"ဟာ....ဦး​လေးကြီးရာ မသွားဘူး ပန်​ကိုယ်​​ပေါ်မှာဝတ်​ထားတာ ဦး​လေးကြီးခန္ဓာကိုယ်​​ပေါ်ဝတ်​​ပေးထားလို့လား"
"မိန်းက​လေးဖြစ်​ပြီး မရှက်​ဘူးလားကွ"
ဦး​လေးကြီးစကား​ကြောင့်​ ရင်​ထဲနင့်​ကနဲ
ပန်​ကိုဆို ဦး​လေးကြီးအမြဲဆူဖို့ပဲ
မမရင်​နဲ့ရှိချိန်​ကျ မျက်​နှာကပြုံးချိုလို့ ကွာပါ့
အ​တွေးနဲ့အတူ ငိုချင်​စိတ်​များနှင့်​ မျက်​ရည်​ကရစ်​ဝိုင်းလာသည်
သို့​ပေမယ့်​ မခံချင်​စိတ်​​ကြောင့်
"မရှက်​ဘူး"
"မင်းမရှက်​​ပေမယ့်​ မြင်​​နေရတဲ့လူ​တွေရှက်​တယ်​ကွ"
"မကြည့်​နဲ့​ပေါ့"
"ပန်​ မင်းငါ့ကိုပြန်​​ပြောတာများ​နေပြီ​နော်​"
"အဲ့​တော့ဘာဖြစ်​လဲ"
"လာစမ်း"
မာန်​ ပန်​ကိုအခန်းထဲဆွဲ​ခေါ်သွားသည်
"ဟာ...ဦး​လေးကြီးလွတ်​​နော်​"
ပန်​ ဦး​လေးကြီး​နောက်​အ​ပြေးတစ်​ပိုင်းလိုက်​ပါသွားရသည်
ပန်​အခန်းထဲ​ရောက်​​တော့ ပန်​လက်​အားလွတ်​ကာ
ပန်​ဗီရို​တွေအားလှန်​​လှော​နေ​လေရဲ့
အင်္ကျီတစ်​ထည်​ချင်းထုတ်​ကြည့်​ကာ နည်းနည်းဆန်းသည့်​အင်္ကျီများအား ကုတင်​​ပေါ်ပစ်​ချ၍
"ဒီအင်္ကျီ​တွေ မီးပုံရှို့ပစ်​မယ်​"
"ဟာ...."
မာန်​ ထိုအင်္ကျီ​တွေ​ပွေ့ကာ အပြင်​သို့သွားဖို့ပြင်​လိုက်​​တော့
ပန်​ အ​ပြေး​လေးဖြင့်​ မာန်​​ရှေ့ရပ်​လိုက်​၍
"ဦး​လေးကြီး​နော်​ ပန်​အဝတ်​​တွေ"
"အဲ့​တော့😒"
ပန်​ မခံချင်​​သော်​ငြား ဦး​လေးကြီးလက်​ထဲမှာရှိတဲ့ အင်္ကျီများအားကြည့်​ကာ စိတ်​ကို​လျော့ချရင်း
အောက်​နှုတ်​ခမ်း​လေးအားဖိကိုက်​လျက်
"​နောက်​မဝတ်​​တော့ဘူး"
"ငါ့စကားနား​ထောင်​မှာလား"
"အင်းးး"
"သြားအက်ႌသြားလဲ"
"အင်းအင်း"
ဆောင့်​ကြီး​အောင့်​ကြီးဖြင့်​ အခန်းထဲဝင်​ကာ တံခါးကိုဂျိမ်းခနဲမြည်​​အောင်​ပိတ်​သွားသဖြင့်​ မာန်​​ခေါင်းကိုသာခါယမ်းမိသည်
"တကယ်​မလွယ်​တဲ့​ကောင်​မ​လေးပဲ
ဒေါ်နု​ရေ"
"ရှင်​"
"ဒီအင်္ကျီ​တွေ စတိုခန်းထဲထည့်​ပြီး​သေချာသိမ်းထားလိုက်​ အရမ်းအမြင်​ရိုင်းတာ​တွေ မဝတ်​ပါ​စေနဲ့"
"ဟုတ်​ အစ်​ကို​လေး"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Donde viven las historias. Descúbrelo ahora