♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 18 ❦
"ရင် ကိုကြီးမေးခွန်းအတိုင်းပြန်ပေးမယ်ကိုကြီး ကိုကြီးခုလိုတွေပြောနေတာ ၅၂၈အနေနဲ့လား ၁၅၀၀အနေနဲ့လား"
"ကိုယ်မင်းကို ဘယ်တုန်းကမှ ညီမလို့မသတ်မှတ်ဖူးဘူး"
ရင်အမေးအားခပ်ပြတ်ပြတ်ပင်ဖြေလိုက်သည်
သို့ပေမယ့် ရင် ရာဇ်အဖြေအားသဘောမကျစွာ
"ရင်မေးတာ အဲ့တာမဟုတ်ဘူးကိုကြီး"
ရာဇ် ဘယ်လိုပြောရမယ်ကိုမသိစွာ ဆံပင်ထဲလက်တွေထိုးဖွလိုက်ကာ
"ကျစ်!!!!"
"ဘာလဲ မဖြေနိုင်ဘူးလား"
ရင် မဲ့ကာပြုံးလိုက်၍
"ရင်အခန်းထဲကထွက်သွားပါ ရင်နားချင်ပြီ"
ရင် ကိုကြီးအားကျောခိုင်းလိုက်စဉ်
"ကိုယ်မင်းကို ညီမတစ်ယောက်လို ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး မင်းကိုပိုင်ဆိုင်ချင်တယ် တခြားကောင်တွေနဲ့ပတ်သက်တာမကြိုက်ဘူး တခြားကောင်ကြောင့်ပျော်နေတာတွေမျိုး ငါမကြိုက်ဘူး အဲ့ခံစားချက်တွေက မောင်နှမတစ်ယောက်လိုမဟုတ်ဘူး အဲ့တာ၁၅၀၀အချစ်ဆို ဟုတ်တယ် ငါမင်းကိုချစ်တယ်"
ရင် ကိုကြီးထံမှ'ချစ်တယ်´ဆိုတဲ့စကားတစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေမယ့် ခုလိုကြားလိုက်ရတဲ့ချိန်မှာလဲ ရင်ဘာလို့ဝမ်းနည်းနေရတာလဲ
ကိုကြီးက ရင်ကိုချစ်နေတာမဟုတ်ဘူး အတ္တကြီးနေတာ
ကိုကြီးကနှလုံးသားနဲ့ရင်ကိုချစ်တာမဟုတ်ဘူး
ကိုကြီးပိုင်ဆိုင်တဲ့ အရုပ်တစ်ရုပ်လိုပဲ ရင်ကိုသတ်မှတ်ပြီး သူများကိုမပေးပစ်ချင်တာ
ကိုကြီးက အဲ့စိတ်ကို'အချစ်´ဆိုပြီးခေါင်းစဉ်တပ်လိုက်တာပဲ
ရင် မျက်ရည်များကကြားက နာကျင်စွာပြုံးလိုက်ကာ
ရာဇ်ဘက်ပြန်လှည့်ကြည့်ရင်း
"ဟုတ်လား နှလုံးသားမပါဘဲ ပြောတဲ့ချစ်တယ်ဆိုတဲ့စကားပြောခံခဲ့ရတဲ့ထဲမှာ ရင်ကနံပါတ်ဘယ်လောက်လဲ"
ရင်စကားက သူ့အချစ်တွေကိုစော်ကားနေခဲ့လျက်
ရာဇ် ရင်ပုခုံးအားကြမ်းတမ်းစွာကိုင်လိုက်လိုက်သည်
"ရင်!!!!နင်ငါ့ကို ဘယ်လိုကောင်မှတ်နေတာလဲ တောက်"
ကိုကြီးမျက်နှာက ဒေါသဖြင့်နီမြန်းနေခဲ့စွာ
ရင် ကိုကြီးနဲ့ မျက်နှာချင်းမဆိုင်နိုင်စွာ မျက်နှာလွဲပစ်လိုက်သည်
"ရင်....နင်!!!!!!ကျစ် နင်ဖြစ်နေလို့သာပေါ့ နင်သိဖို့က ငါဘယ်မိန်းကလေးကိုမှ ချစ်တယ်လို့မပြောဖူးခဲ့သေးဘူး ဟာကွာ...ဒုန်း💥"
ရာဇ် ရင်အားကျော်ကာ နံရံအား လက်သီးဖြင့်ထိုးကာဒေါသတကြီး ရင်အခန်းထဲကထွက်သွားလျက်.....
BINABASA MO ANG
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...