♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 17 ❦
ဒီနေ့ မေမေက ကိုကို့မိသားစုကို ထမင်းစားဖိတ်တယ်လေ
အိမ်ရှေ့မှ ကားရပ်သံကြားသဖြင့် ရင်ပြင်ဆင်နေရင်းမှ
"ကိုကိုတို့ရောက်လာပြီထင်တယ်"
"သမီး သွားကြိုလိုက်ဦးလေ.ကျန်တာတွေ မိလုံးနဲ့မေမေတို့ပြင်လိုက်မယ် သမီးဧည့်သည်တွေ ဧည့်ခံလိုက်ဦး"
"ဟုတ်မေမေ"
ရင် ခေါင်းလေးငုံ့ကာ မေမေ့ရှေ့မှထွက်လာရင်းမာန်ကားပေါ်ကဆင်းဆင်းချင်းပင် ကြိုနေသော ချစ်ရသူကြောင့် မာန်ပြုံးပျော်သွားရင်း
"တီနုနဲ့ အန်ကယ်တို့ အိမ်ထဲကြွပါ"
"ယွန်းရော"
"မေမေက ဟင်းတွေပြင်နေပါတယ်တီနု"
"အို....ကွယ် ဒုက္ခခံလို့"ဝူး ဝရော
ရာဇ်ကားအားအိမ်ရှေ့ထိုးရပ်လိုက်ကာ ကားပေါ်ကဆင်းလိုက်သော်
အိမ်ရှေ့မှာထိုးရပ်ထားသော ကားတွေကြောင့်မျက်ခုံးလေးတွန့်ချိုးသွားကာ
"ဘယ်ကလူတွေရောက်နေတာလဲ"ထမင်းဝိုင်းတွင်
"မမနု အားမနာနဲ့နော် ထည့်စား"
ယွန်းပြောလိုက်သော် မုန်းမာန်က စားလက်စဇွန်းလေးချလိုက်ကာ
"အောင်သူမြင်တယ်နော် မင်းမိန်းမက ငါ့ကိုမကြည်သလိုပဲ"
"ဟာ ကိုမုန်းမာန်နော်"
မုန်းမာန်စလိုက်တော့ မထိမခံယွန်းက မခံမရပ်နိုင်ဖြစ်နေရင်း
"မောင်ကတော့နော် ယွန်းတို့ကိုအားနာစရာကြီး
တောင်းပန်ပါတယ် ယွန်းရယ် လူသာအသက်ကြီးနေတာ စိတ်ကကလေးစိတ်"
"သိပါ့ မမနုရယ်"
ထမင်းဝိုင်းလေးကပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ရင်း
"ငါတို့သုံးယောက်တောင် မတွေ့ဖြစ်တာကြာပြီနော်"
"ဟုတ်ပါ့ ခုမင်းသူက Parisရောက်နေတာ သိပ်မကြာခင်တော့ပြန်လာမယ်ပြောတာပဲ"
"မင်းသူ ပြန်လာရင် ငါတို့သုံးယောက် ဆုံကြတာပေါ့"
"Okဗျာ"
သူငယ်ချင်းတွေဆုံတော့လည်းစိတ်တွေကနုပျိုကာ မနေ့တစ်နေ့ကလိုပင်
"မမနု ကြားတယ်နော် ထိန်းထားဖို့လိုပြီဟွင်းဟွင်း"
ယွန်း အောင်သူအားမျက်စောင်းလေးထိုးရင်းမှ ပြောလိုက်တော့
အနေအေးသော နုကရီစစဖြင့်
"အို...ထိန်းစရာလိုပါဘူး ယွန်းရယ် ကလေးမဟုတ်ကုလားမဟုတ်နဲ့ အရှက်မရှိလို့ကဲချင်ကဲပါစေ"
"ယွန်းတော့ အသေသတ်မှာ အသက်သာကြီးသွားတယ် လက်စကမသေးသေးဘူး"
မာန်နဲ့ ရင်ကတော့ လူကြီးတွေစကားနားထောင်ကာ ရီသာရီနေရင်း
"ဒါနဲ့ သားရာဇ်လေးရော ဘယ်သွားတာလဲ အဲ့ကောင်ကိုမတွေ့တာကြာပြီ"
"မုန်းမာန်ရာ ပြောမနေနဲ့ ဝဋ်ဆိုတာဒါကိုပြောတာနေမှာ ငါဆိုးတုန်းက ငါ့မိဘတွေဒီလိုစိတ်ညစ်ခဲ့ရမှာပဲနော်"
"ဟားဟားဟား....ခုမှအမြင်မှန်တွေရနေပြီပေါ့"
"အေးကွာနောင်တရနေပြီ တော်ပါသေးရဲ့ သမီးလေးကလိမ်မာလို့"
"ငါတို့သူငယ်ချင်းတွေ မကြာခင်ခမည်းခမက်တော်ရတော့မယ်နော်"
ဦးမုန်းမာန်စကားကြောင့် ရင်စားနေရင်းမှသီးသွားလျက်
"အဟွတ်.....အဟွတ်"
ရင် သီးကာ မျက်ရည်လေးတွေရစ်ဝိုင်းနေပြီလေ
မာန်မှာလဲ ပျာပျာသလဲဖြင့် ရင်အားရေခွက်အားကမ်းပေးရင်း
"ဖေဖေကလဲဗျာ ရင်အနေခက်နေပြီ"
မုန်းမာန် အဖြစ်သည်းနေမှုကို
"ကြည့်လေ အောင်သူငါ့သားကလဲ မယကဖြစ်မှာရယ်"
"ဟားဟားဟား မင်းလိုချစ်လို့နေမှာပါ ဖအေသွေးအပြည့်ပါတာဖြစ်မှာပေါ့ကွ"
"မင်းနော် ငါ့နှိမ်နေတာလားမင်းသိဖို့က ငါကသားရှင်နော်"
မုန်းမာန်အင်္ကျီကော်လံလေးအား.ဝံ့ကြွားစွာပြောလိုက်သော် အောင်သူရဲ့လက်သီးတစ်ချက်က ကျောပေါ် အုန်းခနဲ
"ဟျောင့် နာတယ်ကွ"
ESTÁS LEYENDO
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...