♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 9 ❦
"ကို....ကြီး...လား"
ရင်မယုံနိုင်စွာမေးလိုက်မိသည်
တစ်ဖက်က အဖြေကို ရင်ခုန်စိတ်လှူပ်ရှားစွာစောင့်နေခဲ့ရင်း
ထိုခဏ အသက်ရှူတွေမြန်ကာ ရင်ခုန်နှုန်းများစွာဖြင့်
"အင်း ငါ့အသံတောင်မမှတ်မိတော့ဘူးလား"
စကားသံတွေကချိုသာခြင်းမရှိပေမယ့် ရင်စိတ်ထဲက.ပျော်ရွှင်မှုတွေကြောင့် ချိုနေခဲ့လျက်
ရင် ထင်မမှတ်ထားစွာဖြစ်သဖြင့် အပျော်လွန်ကာ ပါးပြင်ထက်မျက်ရည်များလိမ့်ဆင်းကြလာကာ
"ဟင့် ကိုကြီး"
"နင်အိမ်မှာလား မာမီနဲ့ဒယ်ဒီရော"
တစ်ဖက်က ကိုကြီးအမေးကြောင့် ရင်ပါးထက်က မျက်ရည်များအား လက်ဖမိုးဖြင့် သုတ်ပစ်လိုက်ကာ
"ဖေဖေနဲ့မေမေ အပြင်သွားတယ်"
"ကျွတ်"
ကိုကြီးရဲ့ ကျွတ်သပ်သံကြောင့် စိတ်မရှည်ဖြစ်နေသည့်ကိုကြီးပုံကို မြင်ယောင်လာကာ ရင်ပြုံးမိရင်း
"ကိုကြီး ခုဘာလုပ်နေတာလဲဟင်ကိုကြီးတို့ဆီမှာ ညလားဟင်"
'ဘာလို့ခုမှဆက်သွယ်လာတာလဲ´ဟူ၍မေးချင်ပေမယ့်လည်း ရင်မှာမေးခွင့်မှမရှိတာကိုကြီးရယ်
ရင်မေးလိုက်လို့ ကိုကြီးစိတ်ဆိုးသွားမှာထက်စာရင် ခုကိုကြီးphoneဆက်တဲ့အတောအတွင်း အဆင်ပြေပြေစကားပြောချင်မိသည်မလား
"ဘာလို့ မြန်မာနိုင်ငံမှာ.ဒီလောက်ပူနေရတာလဲ"
ကိုကြီးစကားကြောင့် ရင်မှင်သက်သွားကာ
"ဟမ်....."
"ရင်...နင်ခုထိကြောင်တောင်တောင်နိုင်တုန်းပဲ ကျွတ် လေဆိပ်ကိုမြန်မြန်လာကြိုလာစမ်း"
"ဟင် ဒါဆို ကို...ကိုကြီးက!!!!!"
"နင်အပြောလျှော့ပြီး မြန်မြန်လာလို့မရဘူးလား"
"ဟုတ်..ဟုတ်"
တီ..တီ..တီ
ပြီးတာနဲ့ ချက်ချင်းပင် phoneချသွားသော ကိုကြီး
ရင်မှာသာ ဟိုပြေးဒီပြေးဖြင့် စိတ်လှုပ်ရှားနေခဲ့လျက်
"ငါ မြန်မြန်သွားရမယ်"
ရင် အိမ်ပြင်ကိုပြေးထွက်ကာ
"ဦးတင်...ဦးတင်ရေ"
"လာပြီမမလေး"
"ရင်ကို လေဆိပ်ကို ပို့ပေးပါလား"
"ဟုတ်ကဲ့မမလေး"
YOU ARE READING
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...