♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 33 ❦
အရင်က နှစ်ယောက်အတူ အမှတ်တရများစွာ ရှိခဲ့ဖူးတဲ့ အခန်းကြီးထဲမှာ ရာဇ်တစ်ယောက်အသက်မဲ့စွာ ထိုင်နေခဲ့ရင်း
လက်ထဲမှာတော့ သူ့ကြောင့်မှန်ကွဲသွားသော phoneလေး
အစက သုံးမရဘူးထင်သော်လည်း ကံကောင်းစွာနှင့် မှန်ကွဲရုံမှတစ်ပါး ဘာမှမဖြစ်ခဲ့
ရာဇ် powerဖွင့်လိုက်ပြီး
"Passwordက ဘာဖြစ်နိုင်လဲ"
ရာဇ် တကိုယ်တည်းကြားနိုင်ရုံမျှ တီးတိုးပြောလိုက်သည်
"သူမမွေးနေ့လား"
ရာဇ် သူမမွေးနေ့ကိုရိုက်ထည့်လိုက်သော်လည်း မဟုတ်ခဲ့
"ဘာဖြစ်နိုင်လောက်လဲ"
ရာဇ် မာမီနဲ့ဒယ်ဒီ့မွေးနေ့အစရှိသဖြင့်ဖြစ်နိုင်လောက်သည်များရိုက်ထည့်သော်လည်း incorrect သာပြနေလျက်
"မဟုတ်မှ....."
ရာဇ် လက်ချောင်းတို့က ph screenပေါ်မှာပြေးလွှားနေကာ ရိုက်နှိပ်လိုက်သည်က သူတို့နှစ်ယောက်လက်ထပ်ပွဲနေ့စွဲ
ဒီတစ်ကြိမ်မှာလည်း Incorrect သာ....
ရာဇ် စိတ်ရှုပ်သွားဟန်ဖြင့် ဆံပင်တွေထဲလက်ချောင်းထိုးဖွလိုက်၏
"ရင် passwordက တကယ်ပဲဘာများလဲ"
ရာဇ် တီးတိုးရေရွတ်နေရင်း တစ်စုံတစ်ခုကိုတွေးမိကာ ချထားသည့်phကိုပြန်ကောက်ကိုင်လိုက်သည်
ထို့နောက် လက်ချောင်းတွေက မဝံ့မရဲလှုပ်ရှာသွားပြီးနော်
ချပ်📱
Ph lockပြေသွားသဖြင့် ရာဇ်တကယ်ပင်အံ့သြသွားရသည်
သူ ရိုက်ထည့်လိုက်တာ 22.9.1994 သူ့မွေ့းနေ့ပင်မလား
သူတကယ်ကိုထင်မထားခဲ့ဘူး
သူမph passwordကမထင်မှတ်ထားစွာ.....
ရာဇ် ရင်phoneထဲဝင်ကာ လျှောက်ကြည့်မိတော့
Messageတွေထဲဝင်ကြည့်မိသည်
သို့ပေမယ့် သူအသိနောက်ကျသွားရပြီလေ
Ko Koဆိုသောphone numberနှင့်စကားပြောထားသည်များမှာ သူထင်သလို မင်းမာန်ထန်မဟုတ်ပဲ မင်းမာန်ထန်မွေးစားထားသည့်ကောင်မလေးနဲ့ပြောထားခြင်းများသာ
သူမှားခဲ့တာပေါ့ သို့ပေမယ့် နောင်တဆိုသည့်အတိုင်းအရာအားလုံးနောက်ကျသွားခဲ့လေပြီ
သူ သူမလေးအပေါ်ကို ယုံကြည်မှုအပြည့်မပေးခဲ့နိုင်ခဲ့ဘူး
ESTÁS LEYENDO
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...