♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 8 ❦
"မေမေ"
ခြံထဲတွင်သစ်ခွပန်းများအားငေးနေသော မေမေ့အား ရင်အနောက်မှခေါ်လိုက်သည်
ကိုကြီးထွက်သွားပြီးထဲက မေမေပုံစံက အရင်လိုရွှင်ရွှင်မြူးမြူးမရှိတော့
ကိုကြီးထွက်သွားတာ သူ့ကြောင့်ဟူ၍လည်းတွေးပုံရသည်လေ
"သြော်ရင်လေး"
"ဒီမှာ ဘာလုပ်နေတာလဲမေမေရဲ့ လေနည်းနည်းတိုက်တယ်နော်"
မေမေက ရင်အားပြုံးပြလိုက်သော်လည်း ထိုအပြုံးများမှာ အသက်မပါလှ
"၅နှစ်ကျော်တောင်ကြာသွားခဲ့ပြီ သမီးကိုကြီးပြန်မလာသေးဘူး"
မေမေ့စကားကြောင့် ရင်ဝမ်းနည်းသွားသော်လည်း
အတတ်နိုင်ဆုံးမျက်နှာကိုမပျက်အောင်ထိန်းထားရင်း
တကယ်ဆို ရင်လဲ ကိုကြီးကိုနေ့တိုင်းမျှော်လင့်နေရသူမလား
"ကိုကြီးကပြန်လာမှာပါမေမေရဲ့"
"မေမေသိပ်သတိရတာပဲသမီးရယ်"
ခပ်လေးလေး လေးဆိုလိုက်သော မေမေ့စကားကြောင့် ရင်သက်ပြင်းလေးချကာ မေမေ့ရင်ခွင်ထဲ တိုးဝင်မိသည်
"မေမေရယ်"
ဒီနိုင်ငံမှာ ကိုကြီးကို နေ့တိုင်းအချိန်တိုင်းစောင့်နေသူများရှိသည်ကိုမသိလေသလား
တမင်ပင်မသိချင်ယောင်ဆောင်ထားတာလား
တစ်ခါတစ်လေတွေးမိတယ်
ကိုကြီးရဲ့ နှလုံးသားက ဘာနဲ့တည်ဆောက်ထားလို့ ခုလိုမာကျောနေရတာလဲ ရင်သိချင်မိသည်
"သမီးလေး ဆေးခန်းသွားရတော့မယ်မလား"
မေမေ့စကားကြောင့် ရင် ပါးထက်ကမျက်ရည်များအား တစ်ဖက်လှည့်ကာ သုတ်ပစ်လိုက်၍
"ဟုတ်မေမေ ခဏနေသွားတော့မှာ"
"ကားနဲ့သွားပါလားသမီး ဦးတင်ကို လိုက်ပို့ခိုင်းလိုက်လေ"
"ဟင့်အင်းမေမေ သမီးဘာသာဆိုင်ကယ်နဲ့သွားလိုက်ပါ့မယ်"
ဖေဖေနဲ့မေမေက ရင်ကျောင်းသွားရင်စီးဖို့ကလစ်ဘီး အနီလေးဝယ်ပေးထားသည်လေ
ရင်က ကားလည်းမမောင်းတတ်ဘူးလေ
"သမီးရယ် အားတဲ့ချိန် မာန်လေးကိုသွားသွားကူပေးနေတာ မပင်ပန်းဘူးလား မေမေက သမီးကို မပင်ပန်းစေချင်လို့နော်"
"သိပါတယ်မေမေရဲ့ ကိုကိုက ရင်ကိုဂရုစိုက်ပါတယ် ကိုကို့ဆေးခန်းကလူနာတွေအရမ်းများတယ်လေ လိုအပ်တာလေးကူညီရတာရင်အရမ်းပျော်တယ်"
ကိုကိုက မကြာခင်ကပဲ ကိုယ်ပိုင်ဆေးခန်းတစ်ခုဖွင့်ထားသည်လေ
ကိုကိုရဲ့ကြင်နာတတ်မှုကြောင့် ဆေးခန်းကဖွင့်တာမကြာသေးပေမယ့် လူနာတွေများလှသည်
ရင် ကျောင်းအားတဲ့အချိန်ဆို သွားကူပေးလေ့ရှိသည်
"သမီးပျော်ရင် ပြီးတာပါပဲကွယ်"
"မေမေ ရင်ကိုမသွားစေချင်ရင်ပြောနော်"
"မေမေက မေမေ့သမီးကိုလဲယုံတယ် သားမာန်လေးကိုလဲယုံတယ် ပြီးတော့ သမီးတို့က မဟုတ်တာလုပ်နေတာမှ မဟုတ်တာပဲကွယ် ဒါပေမယ့်"
မေမေ့စကား တစ်ဝက်တစ်ပျက်နဲ့ရပ်သွားသဖြင့်
"ဟင် မေမေ"
"ရင်လေး သားမာန်ကိုဘယ်လိုတွေးလဲ"
မေမေ့ဒဲ့တိုးအမေး ကြောင့် ရင်မျက်နှာပူလှစွာ ခေါင်းလေးငုံနေသောကြောင့်
"အမေ့သမီးလေး အရွယ်ရောက်လာပြီပဲ အဟင်း"
"သမီး ကိုကို့ကို အစ်ကိုတစ်ယောက်လိုချစ်ပါတယ် ဒါပေမယ့် သမီး အဲ့ထက်ပိုပြီးစဉ်းစားလို့မရဘူး"
ရင်စိတ်ထဲရှိရာပြောလိုက်သော်
"သမီး ဘာပဲဆုံးဖြတ်ဆုံးဖြတ် သမီးဘက်မှာမေမေရှိတယ် သားမာန်လေးမဟုတ်ပဲ တခြားချစ်ရသူတော့ မရှိသေးဘူးမလား"
မေမေ့အမေးကို ရင်ခေါင်းလေးတွင်တွင်ခါယမ်းကာ
"မရှိပါဘူးမေမေ သမီးအာ့တွေမစဉ်းစားချင်သေးပါဘူး"
"သမီးကအရွယ်ရောက်နေတဲ့မိန်းကလေးတစ်ယောက်ပဲလေ သားမာန်လေးဆိုရင် မေမေတို့ဘာမှမပြောလိုဘူး ဒါပေမယ့် တခြားတစ်ယောက်ဆိုရင်မေမေတို့ကိုအရင်အသိပေးရမယ်နော်"
"ဟုတ်မေမေ"
"ကိုင်း နောက်ကျတော့မယ် ဆိုင်ကယ်ကိုဖြေးဖြေးစီး"
"ဟုတ်"
YOU ARE READING
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...