♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 24 ❦
မာန် သူ့ကြောင့် ရင်နဲ့ရာဇ် စကားများရတာကိုစိတ်မကောင်း
ရင်တို့အိမ်ကနေအပြန် အိမ်မပြန်ချင်သေးသောကြောင့် ကြုံရာလမ်းဘေးဆိုင်မှာဝင်ထိုင်မိသည်
သက်ပြင်းချမိတာဟာလည်းအကြိမ်ကြိမ်
သူမလေးရှေ့မှာ ဘာမှမဖြစ်သလိုနေရပေမယ့်ရင်ထဲမှာတော့တဆစ်ဆစ်နဲ့
သို့ပေမယ့် သူကျေနပ်ပါတယ်
သူမလေး ခုချိန်မှာ သူချစ်တဲ့သူနဲ့အတူနေရတယ်မလား သူ့နှလုံးသားနာကျင်ပေမယ့်လည်းပေါ့
မာန်အတွေးတွေက ရာဇ်မရောက်ခင်ရင်နဲ့ပြောခဲ့သောစကားများ💭💭💭💭💭
"ဒါတွေအကုန်ရင်အမှားတွေမှမဟုတ်တာ ကိုကိုလိုချင်တာ ညီမလေးပျော်ရွှင်စေဖို့ ညီမလေးပြောဖူးတယ်မလား ညီမလေးချစ်ရတဲ့သူရှိတယ်ဆိုတာ သူဘယ်သူလဲ ကိုကို့ကိုပြော ကိုကိုသူနဲ့သွားတွေ့ပေးမယ် သူ့ကိုကိုကိုရှင်းပြပေးမယ် ပြော သူဘယ်သူလဲ"
"ကိုကို...."
"ကိုကို့ကိုပြောပြပါရင် ကိုကိုလိုချင်တာ ညီမလေးပျော်ရွှင်မှု ကိုကိုမဟုတ်တဲ့ ညီမလေးချစ်ရသူနဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နေသွားစေချင်တာ"
"အဟင့် ကိုကို ရင်မပြောပြချင်ဘူး ဟီးအီး"
"မရဘူး ညီမလေးပြောကိုပြောပြရမယ် ကိုကိုညီမလေးကိုမေးနေတာအပြစ်တင်နေတာမဟုတ်ဘူး"
"ဟင့် ရင်ကိုနာကျင်စေတဲ့သူကို ဘာလို့ချစ်မိနေရတာလဲ အဟင့်ဟီးအင့်"
ရင်စကားကိုမာန်တစ်ယောက်နားမလည်နိုင်စွာ
"ရင်ဘာကိုဆိုလိုတာလဲ"
"ရင်တောင်းပန်ပါတယ်ကိုကို ရင်ကိုကို့အပေါ်မတရားတာသိပါတယ် ရင်နှလုံးသားကိုရင်မတားဆီးနိုင်ခဲ့ဘူး သူ့ကြောင့်နာကျင်နေခဲ့ရပေမယ့် သူ့ကိုချစ်တဲ့စိတ်ကိုမတားဆီးနိုင်ဘူး"
"ရင် ဘာကိုဆိုလို!!!!"
မာန် တစ်စုံတစ်ခုကိုတွေးမိသွားစွာ
"မဟုတ်မှ ရင်ချစ်နေတဲ့သူက ညီလား"
"အဟင့်....တောင်းပန်ပါတယ်"
မာန် ရင်ထဲအောင့်သက်သက်ခံစားချက်နှင့်အတူ
သူတော်တော်ညံ့တယ် သူမလေးချစ်နေတာညီဆိုတာတောင် သူမရိပ်မိခဲ့ဘူး
အစကထဲကသာ သူသတိထားမိခဲ့ရင်ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး
တတိယလူက ညီလို့သူထင်မိခဲ့ပေမယ့် နောက်ဆုံးတော့ တတိယလူဟာ သူကိုယ်တိုင်သာ
သူ့နှလုံးသားနာကျင်နေပေမယ့်လို့ သူပျော့ညံ့ပြလို့မဖြစ်
သူကြောင့် သူမလေးသူ့ကိုယ်သူအပြစ်တင်နေမှာမလိုချင်
"ရင်အမှားမှမဟုတ်တာ ကိုယ့်ကိုကိုယ်အပြစ်မတင်နဲ့တော့နော်"
"ရင်တောင်းပန်ပါတယ်ကိုကို"
"ရင်ချစ်နေတာ ညီဆိုတော့ ကိုကိုစိတ်မပူတော့ဘူး ရင်ကိုယ့်ကိုကိုယ်အပြစ်တင်စရာမလိုဘူး ကိုကိုနားလည်တယ်နော် ရင်ခု ချစ်ရတဲ့သူနဲ့အတူဘဝပိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ"
"ရင် ကိုကို့ကိုတကယ်တောင်းပန်ပါတယ် ဟင့်ဟီး"
မာန်ရှိုက်ကြီးတငင်ငိုနေသော ရင်ရဲ့ကျောအားပုတ်ကာနှစ်သိမ့်ပေးနေစဉ် ရာဇ်မြင်ကာ အထင်လွဲသွားခဲ့ရခြင်းပင်
BINABASA MO ANG
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...