♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 13 ❦
ယွန်းချက်ပြုတ်ဖို့ အိပ်ယာကထပြီး မီးဖိုခန်းထဲဝင်လာတော့
သူမထက်ဦးစွာ ကြိုရောက်နေသူ ရင်
"ဟယ် သမီးအစောကြီးပါရော"
"ဟုတ်တယ်မေမေ မနေ့က ထမင်းကျန်နေတာနဲ့ သီးစုံထမင်းကြော်ထားတယ်ကြက်ဥလေးကြော်မလို့မေမေ"
"ရင်လေးရယ် ဒဏ်ရာတွေရောသက်သာရဲ့လား"
ရင်လက်ကဒဏ်ရာတွေအားကြည့်ကာ မေမေမေးလိုက်သော်
"ရင်သက်သာပါတယ်မေမေ"
"သမီးကိုကြီးအစားမေမေကပဲတောင်းပန်ပါတယ်ကွယ် ခုတလောသမီးကိုကြီးကဘာတွေဖြစ်နေတာလဲမသိဘူး"
"ရင်နားလည်ပါတယ်မေမေ ကိုကြီးကရင်ကိုစိုးရိမ်လို့ပြောတာနေမှာပါ"
"ဟင်းးး"
"မေမေရယ် မနက်စောစောစီးစီးစိတ်ညစ်ခံမနေနဲ့ ဘုရားမရှိခိုးရသေးဘူးမလား ရင် ဘုရားဆွမ်းတော်တင်ရအောင်ပြင်လာခဲ့မယ်လေ"
"အေးပါကွယ်"
လိမ်မာရေးခြားရှိလှသော သမီးဖြစ်သူအားကြည့်ကာ ယွန်းကြည်နူးရရင်းရင်တို့မနက်စာစားအပြီး တံတောင်ဆစ်နဲ့ဒူးကဒဏ်ရာတွေကို ဆေးထည့်ကာ ကျောင်းသွားဖို့ပြင်ဆင်ရသည်လေ
"သမီးလေးရေ...သမီး"
"ရှင်မေမေ"
"ကျောင်းသွားဖို့ပြင်ဆင်ပြီးပြီလား အောက်မှာမာန်လေးစောင့်နေတယ်"
မေမေ့အသံကြောင့် ရင် ကပျာကယာဖြင့် စာအုပ်တွေထည့်လိုက်ကာ
"ဟုတ်မေမေ ပြီးပြီ"
ရင် အိမ်ပေါ်ကဆင်းလာတော့ ဧည့်ခန်းမှာ ကိုကိုကထိုင်နေသည်လေ
"ကိုကို အကြောင်းမကြားဘာမကြားနဲ့ပါရော"
မာန်လှေကားပေါ်ကဆင်းရင်း သူ့အားစကားတွေပြောလာသော ရင်အားစိတ်ပူစွာ ထိုင်နေရာမှထကာ ရင်ထံသွားပြီးလက်ထဲကစာအုပ်များအားယူလိုက်သည်
"ကိုကို ရင်လေးကိုစိတ်မချလို့
ဒဏ်ရာတွေရောသက်သာရဲ့လား"
"ဟုတ်ကိုကို"
မာန်လက်တစ်ဖက်က စာအုပ်တွေကိုင်လိုက်ကာ လက်တစ်ဖက်က ရင်အားတွဲလိုက်သည်
"ရင်လမ်းလျှောက်နိုင်ပါတယ် ကိုကို"
သို့ပေမယ့်ကိုကိုက ရင်အားလဲကျမှာစိုးရိမ်ကာ မလွတ်မပေး
"မေမေဖေဖေ သမီးကျောင်းသွားတော့မယ်နော်"
"သမီးရယ် တစ်ရက်တစ်လေတော့ကျောင်းနားလိုက်ပါလား"
"ရင်အဆင်ပြေပါတယ်မေမေ ပြီးတော့ကိုကိုကလိုက်ပို့မှာပဲဟာ"
"သားမာန်လေးရယ် သမီးလေးကတော့တစ်ရက်တစ်လေကျောင်းနားခိုင်းတာတောင်မရဘူး သားညီမလေးကိုဂရုစိုက်လိုက်ပါဦး"
"ဟုတ်ကဲ့ပါ စိတ်ချပါအန်ကယ်အန်တီ"
"အေးအေး သွားကြတော့လေ"
"ဟုတ်ကဲ့"
မာန် ရင်အားကားတံခါးဖွင့်ပေးလိုက်ကာထိုင်စေပြီး
မာန်ကားလေးခြံဝန်းထဲက ထွက်သွားလျက်....
ВЫ ЧИТАЕТЕ
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Любовные романы""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...