♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 2 ❦
ကျူး မာန်နဲ့ အိမ်ဝန်းထဲ ပတ်ချာလှည့်ကြည့်နေခဲ့သည်
တီတီနုတို့ အိမ်မှာက ပန်းတွေအစုံစိုက်ပျိုးထားတာ ခြံကြီးတစ်ခုလုံး
"ညီမလေး ဒီမှာခဏထိုင်ရအောင်လေ"
မာန် စံကားဝါပန်းပင်ကြီးအောက်က မြက်ခင်းစိမ်းပေါ်သို့ညွှန်ပြလိုက်သည်
"ဟုတ်"မာန် ဘေးနားက ကလေးလေးအား ကြည့်ကာပြုံးမိလိုက်သည်
ခုချိန်ထိ စကားတွေဟက်ဟက်ပက်ပက်ပြောခြင်းမရှိ
ဟုတ် နဲ့ ခေါင်းညိမ့်ခေါင်းခါသာ လုပ်ပြလျက်
မာန် ထိုကလေးလေးအား ဂရုဏာသက်မိသည်
မေမေ ကျူးအကြောင်းပြောပြထဲက သနားမိခဲ့တာမလား
ခု ကျူးလေးကိုတွေ့တော့ ပိုပြီး သနားမိသည်လေ
ညှိုးငယ်ကျနေပေမယ့် ချစ်စရာကောင်းသော မျက်နှာလေးကကွယ်ပျောက်မသွား
သို့ပေမယ့် သူမလေးမျက်နှာလေးတွင် တစ်စုံတစ်ရာလိုအပ်နေခဲ့သည်
အဲ့အရာက.အပြုံးလေးပင်
သူမလေးရဲ့ချစ်စဖွယ် မျက်နှာလေးတွင် အပြုံးလေးဖြည့်သွင်းလိုက်ပါက ဘယ်လောက်ပြီးပြည့်စုံသွားမယ်မသိ
မာန် ထိုကလေးလေးရဲ့ မျက်နှာလေးအားငေးကြည့်ကာ ရင်ထဲအမည်မသိလှိုင်းလေးများ. လှုပ်ခတ်နေခဲ့ရင်း
မာန်က အနေအေးသည် ကောင်မလေးတွေနဲ့အရှုပ်အရှင်းကင်းကာ စာကိုပဲစိတ်ဝင်စားသူဖြစ်ပေမယ့် ခုတော့ ဒီကောင်မလေးအပေါ် သူ့ခံစားချက်တွေ ထူးခြားနေခဲ့သည်မလား
မာန် ကျူးဆိုသော ကောင်မလေးကို ပျော်အောင်လုပ်ပေးနိုင်သူ ဖြစ်ချင်မိသည်
ဒါတွေဟာ ဘာကြောင့်လဲ ??ကျူး မြေပေါ်တွင်ကြွေကျနေသော စံကားဝါပန်းလေးအားကောက်ကာ.မွှေးကြူလိုက်ချိန်
"မွှေးလား"
"ဟုတ်"
"အဟွန့် ဟုတ်ပဲပြောတော့မှာလား"
မာန်ပြောလိုက်တော့ ကျူးခေါင်းလေးငုံ့သွားကာ
"ကျူး.မသိဘူး"
ESTÁS LEYENDO
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...