Episode❦ 39 ❦

1.8K 46 1
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 39 ❦

ရင်​ စိမ်းနဲ့အပြင်​သွားပြီး ပြန်​အလာ
အိမ်​​ရှေ့မှာ ကိုကြီးသူငယ်​ချင်းကား​တွေမမြင်​မိ​တော့သဖြင့်
"ပြန်​သွားကြပြီထင်​တယ်​"
ရင်​ တီးတိုး​ရေရွတ်​လိုက်​ကာ အိမ်​ထဲသို့ဝင်​လာခဲ့သည်
ရင်​ ဝယ်​လာသည့်​ပစ္စည်းများအား​မီးဖိုခန်းတွင်​ထားကာ ကိုကြီးရှိရာအ​ပေါ်သို့တက်​လာခဲ့၏
ရင်​ အခန်းထဲဝင်​လိုက်​​တော့ ကိုကြီးကိုမ​တွေ့
"ကိုကြီး ဘယ်​သွားတာလဲ"
ရင်​ဘအခန်းထဲ​ဝေ့ဝိုက်​ကြည့်​လိုက်​​တော့ ကုတင်​​ပေါ်က ကိုကြီးအင်္ကျီကိုမြင်​ကာ
"ဟင်းးး ​ရေမချိုးရပါဘူးဆို"
ရင်​ ကိုကြီးအင်္ကျီကို​ကောက်​ယူလိုက်​​တော့ နှာ​ခေါင်းထဲ​ဆေးလိပ်​အနံ့တိုးဝင်​လာသဖြင့်
ရင်​ ကိုကြီးအင်္ကျီကို ကပ်​ကာနမ်းရှုတ်​ကြည့်​​တော့ ရင်​​ဒေါသတို့ထွက်​သွားရသည်
"​ဆေးလိပ်​​တွေ ခိုး​သောက်​ထားတယ်​​ပေါ့​တွေ့မယ်​"
ရင်​ ​ရေချိုးခန်းတံခါးကိုဖွင့်​ချိန်​ မြင်​လိုက်​ရ​သော မြင်​ကွင်း​ကြောင့်​ ​ဒေါသ​ပေါ်​ဒေါသတို့ဆင့်​ရပြန်​၏
ဒီက​တော့ သူ့ဒဏ်​ရာ​တွေမ​ပျောက်​လွယ်​လို့ စိုးရိမ်​​နေရတာ
ဒင်းက​တော့ တမင်​ပင်​လုပ်​​နေခြင်း
"ကိုကြီး!!!!!!"
ရင်​ ​ခေါ်လိုက်​​တော့ လန့်​ကာ ဆတ်​ခနဲလှည့်​လာ​သော ကိုကြီး
ရင်​ ကိုကြီးအား ​စေ့​စေ့ကြည့်​လိုက်​ကာ
"ကိုကြီး အဲ့ဒါဘာလုပ်​​နေတာလဲ😡"
သူမအ​မေး​ကြောင့်​ ရာဇ်​ ဘယ်​လို​ဖြေရမည်​ကိုမသိစွာ
ခေါင်းအားကုတ်​လိုက်​ရင်း
"ကိုယ်​.......ဟို"
"..........."
"ဟို....ကိုယ့်​ဒဏ်​ရာက နည်းနည်း​သွေးပြန်​ထွက်​လာလို့ "
"​သြော်​....ဟုတ်​လား"
"အင်း"
ရင်​ ကိုကြီးဆီတစ်​လှမ်းချင်း​လျှောက်​လာရင်း
"ကိုကြီးက အင်္ကျီချွတ်​ပြီး ဘာလုပ်​မလို့လဲ"
"အာ....ကိုယ်​ အရမ်းပူ​နေလို့ ​ရေချိုးမလို့"
"ရင်​ ကိုကြီးကိုဘာ​ပြောထားလဲ"
ရင်​ ခပ်​မာမာအ​မေး​ကြောင့်​ ရာဇ်​ သူမပုခုံးအားကိုင်​လိုက်​ကာ
"ကိုယ်​ ​ရေမချိုးရ​သေးပါဘူးကွာ မချိုး​တော့ဘူး​နော်​"
ရင်​ လက်​ထဲကအင်္ကျီအားကိုကြီးကိုပစ်​​ပေးလိုက်​၍
"ရင်​ကိုအရူးများထင်​​နေလား ရင်​အကုန်​မြင်​တယ်​"
"ဟင်​ မဟုတ်​ဘူး အဲ့တာက!!!!!!"
"ရင်​ ဘယ်​​လောက်​စိုးရိမ်​​နေရလဲ ကိုကြီးသိရဲ့လား ဒါကို ကိုကြီးက...."
ရင်​​ပြော​နေရင်းပင်​ ​ဒေါသကလဲထွက်​ ကိုကြီးကိုလည်းလိမ်​ရ​ကောင်းမလားဆိုပြီးစိတ်​ကလဲတိုစွာ
မျက်​ဝန်းက ကိုကြီးဒဏ်​ရာအားကြည့်​ကာ ငိုချင်​လာကာ မျက်​ရည်​များကလည်းကျလာရသည်
ကိုကြီးကို စိတ်​ရှိလက်​ရှိသာ လုပ်​ပစ်​လိုက်​ရရင်​​တော့
ရာဇ်​ ရင်​လက်​အားဆွဲကိုင်​ကာ
"ကိုယ်​​တောင်းပန်​ပါတယ်​ ကိုယ်​တမင်​လုပ်​တာမဟုတ်​ပါဘူး ကိုယ်​ကမင်းကို ဒီတိုင်းအနားရှိ​စေချင်​ရုံတင်​ပါ"
ရင်​ ကိုကြီးလက်​ထဲကရုန်းထွက်​လိုက်​ကာ
ပါးထက်​ကမျက်​ရည်​များအား သုတ်​ပစ်​လိုက်​ကာ
"ကိုကြီးဒဏ်​ရာသက်​သာ​နေပြီပဲ​လေ ရင်​ကဘာလို့ဆက်​​နေရဦးမှာလဲ"
"မသက်​သာဘူး ကြည့်​​တွေ​သွေး​တွေ​တောင်​ထွက်​​နေပြီ"
ရင်​ ကိုကြီးအား​ဒေါသဖြင့်​ ကြည့်​လိုက်​၍
"ကိုကြီးတမင်​လုပ်​ထားတာ​လေ"
"ဘာ​နေ​နေကိုယ်​မသက်​သာဘူး"
"ကိုကြီးသက်​သာပါတယ်​ ​ဆေးလိပ်​​တောင်​ခိုး​သောက်​​နေနိုင်​တာပဲ"
ရင်​စကား​ကြောင့်​ ရာဇ်​အံ့သြစွာ
"ဘယ်​လိုသိတာလဲ"
"ရင်​ကို ငတုံးများထင်​​နေလား"
"ကိုယ်​.....ကိုယ်​ထပ်​မလုပ်​​တော့ဘူး​လေ​နော်​"
လုပ်​ချင်​တာလုပ်​ပြီး ​တောင်းပန်​တာနဲ့ ပြီးလိုက်​ရမှာ​ပေါ့ ကိုကြီးရင်​ကို​လျော့တွက်​တာပဲ
ရင်​ မျက်​နှာထားတင်းတင်းဖြင့်
"ကိုကြီးသက်​သာ​နေပြီဆို​တော့ ရင်​ပြန်​​တော့မယ်​"
"ဟင်​...ဘယ်​ကိုလဲ"
"ရင် ​နေတဲ့အိမ်​ကို"
"ဒါ ရင်​အိမ်​​လေ"
"မဟုတ်​ဘူး ကိုကြီးလို လူလိမ်​နဲ့တစက္ကန့်​​တောင်​ မ​နေနိုင်​ဘူး မ​နေဘူး"
ရင်​စိတ်​ရှိလက်​ရှိ​အော်​ကာ ​ရေချိုးခန်းထဲက လှည့်​ထွက်​လိုက်​​တော့
ရာဇ်​ကပျာကယာဖြင့်​ အ​နောက်​က​ပြေးကာ
သူမလက်​အားဆွဲလိုက်​ရင်း
"မရဘူး ကိုယ်​နဲ့ပဲ​နေရမယ်​"
"ကိုကြီးကလူလိမ်​ ရင်​ လူလိမ်​နဲ့မ​နေနိုင်​ဘူး"
"ရင်​ ကိုယ်​​တောင်းပန်​တယ်​​နော်​ဘယ်​မှ​တော့မသွားပါနဲ့ကွာ​နော်​"
"ကိုကြီးလွတ်​​နော်​"
"မလွတ်​ဘူး"
ရာဇ်​ သူမအားရင်​ခွင်​ထဲပိုတိုး၍ဖက်​ရင်း
"ကိုကြီး!!!!!!ရင်​စိတ်​တိုလာပြီ​နော်​"
"ကိုယ့်​ရင်​ခွင်​ထဲမှာ​နေပြီး စိတ်​တို"
"ကိုကြီး!!!!!"
ရင်​ ကိုကြီးရင်​ခွင်​ထဲကရုန်း
ကိုကြီးကအတင်းဖက်
ရုန်းရင်းဆန်​ခတ်​ဖြင့်​ ရင်​လက်​က ကိုကြီးဒဏ်​ရာအားရိုက်​မိလိုက်​သည်
"အာ့!!!!!!"
"ကို...ကိုကြီး"
ရင်​ ကြည့်​လိုက်​​တော့ ကိုကြီးဒဏ်​ရာက​သွေး​တွေပြန်​ထွက်​​နေတာရဲလို့
"ကိုကြီး နာသွားလား"
"ကိုယ့်​ပုံက.အဆင်​​ပြေတဲ့ပုံ​ပေါက်​​နေလားကွာ အာ့!!!!!"
"ရင်​​တောင်းပန်​ပါတယ်​"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now