♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 4 ❦
ရင် ကိုကြီးရဲ့ ဘေးမှာထိုင်ကာ လွယ်အိတ်လေးကို ကျစ်နေအောင် ကိုင်လျက်
ကိုကြီးကတော့ ဘာစကားမှမပြော
ကားကိုသာ အသားကုန်မောင်းနေလေသည်
ရင် ကြောက်တယ် အရှိန်လျှော့ပေးပါလို့လဲ မပြောရဲ ရင်ကြောက်တာမှန်းသိရင် ပိုလုပ်ဦးမယ့် ကိုကြီးအကျင့်အား ရင်သိ၍ပင်
"ရင် ငါ့အိတ်ထဲက ပီကေဘူးယူလိုက်"
"ဟင်"
"ယူဆို ယူလိုက်"
ရင်ကြောင်တောင်တောင်ဖြစ်နေစဉ် ကိုကြီးရဲ့စိတ်မရှည်သံကြောင့် ရင်ပျာပျာသလဲဖြင့် ကိုကြီးရဲလွယ်အိတ်အားဆွဲယူကာ
"ဘယ်အိတ်ထဲမှာလဲ"
ကိုကြီးရဲ့ အိတ်က ဇစ်တွေများနေသဖြင့် ရင်မေးလိုက်ခြင်းပင်
"ဘေးအိတ်"
ဗြိ💢
ရင် ဇစ်လေးအားဆွဲကာ အိတ်ထဲက ပီကေဘူးအား ယူကာ
"ဒီမှာ ကိုကြီး"
ရာဇ်သူ့အား ပီကေဘူးကြီးလိုက်လာပေးနေသော ရင်အား ရာဇ် စိတ်မရှည်စွာကြည့်၍
"ရင် နင်အမြဲအူကြောင်ကြောင်နဲ့ ငါကအဲ့ဘူးကြီးလိုက် ဝါးစားရမှာလား"
ရင် ခေါင်းလေးအားကုတ်ကာ မျက်နှာငယ်လေးဖြင့် ငုံ့နေစဉ်
"ကျွတ် ပြောလိုက်လျှင်ဒီပုံစံပဲ ငါ့ကိုပီကေ ခွံ့"
"ဟုတ်"
ရင် ပီကေဘူးလေးအားဖွင့်ကာ ကပျာကယာဖြင့်ပီကေတစ်ခုအား ခွံ့ပေးလိုက်သည်
"နင်စားချင်စားလေ"
"ဟင့်အင်း ရင်မစားတတ်ဘူး"
ရင်ကိုကြီးအိတ်ထဲပီကေ ဘူးလေးအားပြန်ထည့်နေစဉ်
"မရဘူး ငါစားဆိုစား"
"ရင်မှမကြိုက်တာ"
"ကြိုက်ကြိုက်မကြိုက်ကြိုက်စားရမယ်"
ကိုကြီးစကားအား မလွန်ဆန်နိုင်စွာ ကိုကြီးကျေနပ်နေအောင် ပါးစပ်ထဲထည့်လိုက်ရသည်
"အင်း အဲ့လိုနားထောင်မှပေါ့"
ရင် ဘာမှမပြောမိ
ကိုကြီးကတော့ ပီကေကို ဝါးကာ မှုတ်နေလျက်
📱Ring.....Ring📱
ရာဇ် ကားမောင်းနရင်း phလာသဖြင့်
"ရင် ကိုင်လိုက်"
"ဟမ်....ရင်မကိုင်ရဲဘူး"
ကိုကြီးphဘယ်လောက်မြည်နေပါစေ ရင်မကိုင်ရဲ တစ်ခါတစ်လေဆို ရင့်ကိုတစ်မျိုးထင်ကာ ပြောခံဆိုခံရပေါင်းတွေမနည်း
ရင် ငြင်းလိုက်တော့ မျက်ထောင့်နီကြီးဖြင့် ရင့်အားစိုက်ကြည့်လိုက်သူကိုကြီးကြောင့် ရင်phလေးအားကောက်ကိုင်လိုက်ရသည်
"ဟဲ..ဟဲလို"
"ဟဲလို ဘယ်သူလဲ ကိုကိုရော"
ရင့်အသံကြားသည်နှင့် ဒေါသူပုန်ထသွားပုံကို ကြည့်ရတာ ကိုကြီးရဲ့ရည်းစားတွေထဲက တစ်ယောက်ဖြစ်ရမယ်
ဒေါသသံကို ကြည့်ရသလောက်တော့ သဝန်တိုတတ်မယ့်ပုံပေါ်သည်
"ဟို..ကိုကြီးကလေ!!!!"
ရင် ပြန်ဖြေဖို့လုပ်နေတုန်း
"Speakerဖွင့်လိုက်"
"ဟုတ်"
ရင် phအားspeakerဖွင့်ပေးလိုက်ကာ ကိုကြီးဘက်တိုးပေးလိုက်သည်
"ငါမေးနေတယ်လေ နင်ဘယ်သူလဲ"
Phထဲက အသံကြောင့် ရင်ကျောပင်ချမ်းသွားရင်း
"ပြော ဘာကိစ္စလဲ"
"ကိုကို ခုနက ဘယ်ကောင်မလဲ ခုဘယ်ကောင်မနဲ့အတူရှိနေတာလဲ"
Speakerဖွင့်ထားသောကြောင့် ရင်မကြားချင်မှအဆုံး
"မင်းအပူမပါဘူး"
"ဘေဘီက.ကိုကို့ချစ်သူလေ"
"ရည်းစားပါ"
"ကိုကို...!!"
တစ်ဖက် ကောင်မလေးသာ စကားတွေတရစပ်ပြောနေသော်လည်း ကိုကြီးကြည့်ရတာ ခပ်အေးအေးပင်
ချစ်သူတွေ မဟုတ်ဘူးတဲ့ ရည်းစားတဲ့လေ
ရင် အချစ်အကြောင်းတွေနားမလည်ပေမယ့် ကိုကြီးနဲ့ သူ့ရည်းစားတွေကို.ကြည့်ကာ စိတ်ထဲတွေးမိသွားသည်
ရင်သာ အရွယ်ရောက်လို့ ချစ်သူထားမယ်ဆို ကိုကြီးလိုလူနဲ့မတွေ့ချင်ပါဘူး
ရင်ဘယ်လောက်ပဲချစ်ပါစေ တစ်နေ့တစ်နေ့ စိတ်ပူမှု စိတ်မချမှုတွေနဲ့ မနေချင်ပါ
ရင်ဘဝကို ရိုးရိုးရှင်းရှင်းလေးသာ ဖြတ်သန်းချင်တယ်
ရင်လိုချင်တဲ့ချစ်သူပုံစံက ကိုကို့လိုနွေးထွေးကြင်နာပြီး ရင်အပေါ်နားလည်ပေးနိုင်တဲ့လူမျိုး
YOU ARE READING
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...