Episode❦ 28 ❦

1.4K 51 1
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 28 ❦

"ရပါတယ်​ ကိုကိုပြန်​လာတဲ့ထိ​စောင့်​မယ်​ ကိုကို့ကိုလွမ်းလို့လာတာဆို​တော့ မင်းကိုမှာထားခဲ့ပြီး ကိုယ်​စားလွမ်းခိုင်းလို့မှမရတာ"
ရင်​ အ​တွေး​တွေကိုရပ်​တန့်​ပစ်​လိုက်​ကာ နှုတ်​ခမ်းထက်​အချိုသာဆုံးပြုံးလိုက်​သည်
Candyက​တော့ ရင်​ရဲ့အပြုံးကို.ဘာလားဟူ​သောအကြည့်​ဖြင့်
ရင်​က​တော့ ရင်​ထဲကနာကျင်​မှု​တွေကို အပြုံးတုဖြင့်​ဖုံးကွယ်​လိုက်​ခြင်းပင်
"မCandy​ပြောတာ မှန်​ပါတယ်​ ရင်​ကကိုယ်​စားလွမ်း​ပေးလို့မရဘူး ဒါ​ပေမယ့်​ မCandyဒီစကား​တွေကို ကိုကြီးရဲ့ဇနီးတစ်​​ယောက်​​ရှေ့မှာ လာ​ပြော​နေတာ နည်းနည်းအရှက်​မရှိသလို မခံစားရဘူးလား"
ရင်​ ရွဲ့ကာ​မေးလိုက်​​သော်​ Candyမျက်​နှာမှာ မခံနိုင်​မှုများအထင်းသား
သို့​ပေမယ့်
"အရှက်​ရှိတာမရှိတာ​တွေထက်​ တို့ဘဝမှာ ကိုကိုကအ​ရေးကြီးဆုံး ခုကိုကို့ကို မင်းလက်​ထပ်​နိုင်​ပြီဆိုပြီး ​အောင်​ပွဲခံမ​နေပါနဲ့ အနာဂတ်​ဆိုတာ ဘယ်​သူမှကြို​ပြောလို့မရဘူး မင်းသိဖို့က ငါကိုကို့ကိုဘယ်​​တော့မှလက်​​လျော့မှာမဟုတ်​ဘူးလား"
"လူတစ်​​ယောက်​ကို ချစ်​မိပြီဆိုရင်​ ​မေ့​ဖျောက်​ဖို့ခက်​တယ်​ဆိုတာ ရင်​သိတယ်​ ပြီး​တော့ မိန်းက​လေးအချင်းချင်းမို့ မCandyခံစားချက်​ကို ရင်​ပိုနားလည်​တယ်​ ဒါ​ပေမယ့်​ ​ယောက်ျားတစ်​​ယောက်​ကို ​မေ့မရ​အောင်​ချစ်​တယ်​ဆိုတဲ့အ​ကြောင်းပြချက်​နဲ့ အိမ်​​ထောင်​ရှိ​ယောက်ျားကို ဒီလိုအရှက်​မရှိတွယ်​ကပ်​​နေမှာလား ​လောကမှာ​ယောက်ျားမရှားပါဘူး မCandyကိုကြီးထက်​​ကောင်းတဲ့ ​ယောက်ျားကိုရနိုင်​ပါတယ်​ "
"တို့အတွက်​က ကိုကိုကလွဲရင်​ ဘယ်​​ယောက်ျားမှ ရင်​ထဲမဝင်​နိုင်​​တော့ဘူး နှလုံးသားတစ်​ခုလုံးနဲ့ထပ်​ပြီး ကိုကို့ကိုချစ်​ခဲ့တာ"
Candyအ​ဖြေ​က ရင်​နှလုံးသား​လေးအား တိုက်​ရိုက်​လာထိမှန်​လာသည်
ရင်​လဲ ကိုကြီးကိုနှလုံးသားတစ်​ခုလုံးနဲ့ မ​မျှော်​လင့်​ပါပဲ ချစ်​မိခဲ့တယ်
ရင်​လဲ သူ့လိုပါပဲ မချစ်​သင့်​တဲ့လူကိုမှ ချစ်​မိခဲ့တယ်
တခြားမိန်းက​လေး​အမြင်​မှာ ရင်​သူ့ကိုပိုင်​ဆိုင်​ခွင့်​ရခဲ့တာ ကံ​ကောင်းသည်​ဆို​ပေမယ့်​ ရင်​အတွက်က​တော့ ကံ​ကောင်းမှုဟုမဆိုနိုင်
ရင်​သူ့ကိုချစ်​သည်​ သူ့အနားမှာ​နေရတာ​ပျော်​သည်
သို့​ပေမယ့်​ ရင်​ကိုတန်​ဖိုးမထားသည့်​ ကိုကြီးအပြုအမူ​တွေကိုမုန်းသည်
ရင်​ခံစားချက်​ကို တစ်​ချက်​မျှ မငဲ့ကွက်​​သော ကိုကြီးကိုမုန်းသည်
အဲ့အတွက်​ ရင်​ နှလုံးသားကို ကိုကြီးသိ​အောင်​ ဖွင့်​​ပြောမည်​မဟုတ်
ဒါရင်​ရဲ့ အပြစ်​ဒဏ်​.......

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Where stories live. Discover now