Episode❦ 6 ❦

1.8K 63 0
                                    

♡♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡
<or>
🍂ချစ်​အတ္တ🍂

Episode❦ 6 ❦

"ကိုကြီး"
ရင်​​ခေါ်လိုက်​သဖြင့်​ ရာဇ်​ phoneနှိပ်​​နေရာမှ ကြည့်​လိုက်​မိသည်
အနည်းငယ်​ခါးတို​နေ​သော​ကြောင့်​ ရင်​လက်​​လေးပိုက်​​နေလျက်
ရာဇ်​ကြည့်​​လိုက်​ကာ
"မဆိုးပါဘူး"
ရင်​ ကိုကြီးနား​လေး​လျှောက်​လာကာ
"အင်္ကျီကတို​နေသလားလို့"
ရာဇ်​ ထိုင်​​နေရာမှထကာ အင်္ကျီအား​သေချာကြည့်​၍
"မတိုပါဘူး Clubက​ကောင်​မ​လေး​တွေဆို ဒီထက်​တိုတာဝတ်​ကြ​သေးတယ်​"
ကိုကြီး​စကား​ကြောင့်​ ရင်​မျက်​နှာ​လေးရှုံ့ကာ
💭ရင်​က ​ကျောင်းသူ​လေ
Clubက​ကောင်​မ​လေး​တွေလိုမှမဟုတ်​တာ💭
ဒါကိုပင်​မြင်​ဖြစ်​​အောင်​မြင်​လိုက်​​သော ကိုကြီးက အကြားအမြင်​ရ​နေသည့်​အလား
"ရင်​"
ကိုကြီးက​ခေါ်လိုက်​​သော​ကြောင့်​ ရင်​အလန့်​တကြား​လေးပြန်​ထူးလိုက်​မိသည်
"နင်​ စိတ်​ထဲက​နေ ငါ့ကို ပြန်​​ပြော​နေတာလား"
ရာဇ်​အ​မေး​ကြောင့်​ မျက်​လုံး​လေးပြူးသွားကာ
"ကိုကြီးဘယ်​လိုသိ!!!!"
ရင်​ ပါးစပ်​​လေးအားလက်​ဖြင့်​ပိတ်​လိုက်​မိသည်
ရာဇ်​ရင်​​ခေါင်း​လေးအား​ခေါက်​လိုက်​ကာ
"မှန်​​နေတာပဲ"
"အာ့ နာတယ်​"
"​စေတနာနဲ့မတန်​ဘူး ​ရော့...ဒါကိုစီး"
ရင်​​ရဲ့ ​ရှေ့ကိုချ​ပေးလိုက်​​သော ​ဘောဖိနပ်​အဖြူလေး
ထိုအခါမှ ရင်​ကိုယ့်​​ခြေ​ထောက်​ကိုယ်​ငုံ့ကြည့်​လိုက်​သည်
ရင်​စီးထားတာ အိမ်​​နေရင်းညှပ်​ဖိနပ်​​လေး
"မြန်​မြန်​စီး"
"ဟုတ်​"
ရင်​ ​ဆောင့်​​ကြောင့်​​လေးထိုင်​လိုက်​ကာ ​​ဘောဖိနပ်​​လေးအား.စီးလိုက်​သည်
ရင်​ပုံမှန်​အားဖြင့်​ညှပ်​ဖိနပ်​သာစီးသည်​မလား
ကြိုးချည်​ဖို့ရန်​အခက်​အခဲဖြစ်​​နေလျက်
"ပြီးပြီလား"
ရာဇ်​ ရင်​အားမကြည့်​ပဲphကိုကြည့်​ရင်း​မေးလိုက်​သည်
"ဟို..ဟို"
ရာဇ်​တဟိုဟိုဖြစ်​​နေ​သော ​ကောင်​မ​လေးအားဆိုအခါမှငုံ့ကြည့်​လိုက်​​သော်
"ကျွတ်​နင်​​တော်​​တော်​အူ​ကြောင်​​ကြောင်​နိုင်​တာပဲ"
ရင်​​ခေါင်း​အားတစ်​ချက်​​ခေါက်​ခံလိုက်​ရပြန်​သည်
ရာဇ်​ မထူး​တော့ဘူးဆိုသည့်​သ​ဘောဖြင့်​ ရင်​​ရှေ့ထိုင်​ချလိုက်​ကာ ဖိနပ်​ကြိုး​လေးအားချည်​​ပေးရင်း
"နင်​ ဒီလိုအူ​ကြောင်​ကြားနိုင်​တဲ့ပုံဆို နင့်​ကိုယူမယ့်​သူရှိမှာမဟုတ်​ဘူး ပြီး​တော့ပုံကတုံး​သေး"
ရာဇ်​စကားကို စိတ်​မဆိုးပဲ ရင်​ပြုံးကာ
"ယူမယ့်​သူမရှိပို​တောင်​​ကောင်း​သေးတယ်​ အပူအပင်​မရှိတာ​ပေါ့ ကိုကြီးရဲ့ ပြီး​တော့တခြားဟာထက်​​လေ ကိုကြီးရဲ့ရည်းစား​တွေကို ကြည့်​တာနဲ့တင်​ အချစ်ဆိုတဲ့အရာကြီးကို.လန့်​တယ်​ ​တော်​​တော်​ပူ​လောင်​မှာပဲ​နော်​"
ရင်​စကားအား ရာဇ်​ပြုံးမိလိုက်​ကာ
"ဒီအသက်​အရွယ်​နဲ့ ဒီလိုအ​တွေးရ​နေတာဆို​တော့ နင်​တရားအားထုတ်​ပါလား"
ရာဇ်​ရွဲ့​ပြောလိုက်​သည်​ဖြစ်​​သော်​လည်း ရင်​ကစိတ်​မဆိုးပဲ
"ကိုကြီး​ပြောမှပဲ ဟုတ်​သား​နော်​ ရင်ရည်​ရွယ်​ချက်​​တွေ အ​ကောင်​အထည်​ဖြစ်​​မြောက်​သွားရင်​ ရင်​ သီလရှင်​ဝတ်​နိုင်​မယ်​ထင်​ပါရဲ့"
"အဟက်​ အဲ့လိုလူ​တွေကပဲ လင်​ရတတ်​တာ မြင်​​ယောင်​ပါ​သေးတယ်​ သီလရှင်​ပဲ ဖြစ်​​နေမလား က​လေးတွဲ​လောင်းနဲ့မိန်းမကြီးပဲ ဖြစ်​​နေမလား "
"လူတိုင်းကို ကိုကြီးလိုများထင်​​နေလား"
"ပြီးပြီ"
"​ကျေးဇူး​နော်​ကိုကြီး"
"အင်း မင်းဘယ်​ထပ်​သွားဦးမှာလဲ"
"ရင်​ စာအုပ်​​တွေဝယ်​စရာရှိတယ်​"
"သွားမယ်​​လေ မြန်​မြန်​​တော့ဝယ်​ ငါစိတ်​မရှည်​ဘူး"
"ဟုတ်​"

♡​နောက်​ဆုံးအချစ်​ရဲ့ ရင်​ခုန်​သံစည်းချက်​♡♡  &lt;or&gt; 🍂ချစ်​အတ္တ🍂Donde viven las historias. Descúbrelo ahora