♡♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡
<or>
🍂ချစ်အတ္တ🍂Episode❦ 14 ❦
ရာဇ် သူ့အတွက်ဆန်ပြုတ်ပြုတ်ပေးနေသော ရင်အားစောင့်ရင်း ရင်phအားလျှောက်ကြည့်နေခဲ့လျက်
သူမရဲ့ Phone galleryထဲဝင်ကြည့်တော့ သူမပုံတွေအား တစ်ပုံတွင်သေချာစွာကြည့်နေရင်း
ရာဇ် နှုတ်ခမ်းတွေလည်းပြုံးယောင်သမ်းသွားရသည်
"မင်းသိပ်လှတယ် ရင်"
ရာဇ် ဒီမှာမရှိသောနှစ်များအတွင်းက သူမရဲ့ပုံတွေကိုသေချာစွာကြည့်ကာ
အဲ့အချိန်တွေကိုနှမြောမိသယောင်ယောင်
သူမလေး အရွယ်ရောက်လာသည်ကို သူမမြင်ခဲ့ရဘူးလေ
ဆံပင်ရှည်လေးဖြင့်အရမ်းကျက်သရေရှိလှသော သူမလေးက ဂုတ်ဝဲကေလေးနဲ့လည်းကလေးလေးတစ်ယောက်ပမာ
ရာဇ် ပုံများအားတစ်ပုံပြီးတစ်ပုံကြည့်နေရင်း မျက်မှောင်တို့ကြုတ်သွားလျက်
Albumတစ်ခုထဲစုထားသော သူမရဲ့ မင်းမာန်ထန်ရဲ့ တွဲရိုက်ထားသောပုံများ
"ကျွတ် အဲ့ကောင်နဲ့အမြဲပုံတွဲရိုက်နေတာလား"
ရာဇ် တစ်ယောက်ထဲတီးတိုးရေရွတ်လိုက်သည်
ပြီးတော့ ထိုမင်းမာန်ထန်ဆိုတဲ့ကောင်ကိုလဲ မကျေမနပ်သွားရင်း
သူ ရင်အနားမှာမရှိတဲ့ အချိန်တွေမှာ ရင်အနားမှာ အဲ့ကောင်ကတစ်ချိန်လုံးရှိနေခဲ့သည်မလား
ထိုနည်းတူစွာ ကိုယ့်ကိုကိုယ်လဲ သူမလေးနဲ့အဝေးကိုသွားမိသည့် ကိုယ့်ကိုကိုယ်လဲအပြစ်တင်မဆုံး
ရာဇ် မင်းမာန်ထန်နဲ့ အတူတွဲရိုက်သည့်ပုံများအားကြည့်ကာ
စိတ်အလိုမကျစွာဖြင့် အကုန်Deleteပစ်လိုက်သည်
"ကောင်းရော အဟွန့်"
သူမရဲ့ပတ်သက်လာရင် အသေးအဖွဲ့လေးကအစ သဝန်တိုတတ်သော ကိုယ့်ကိုကိုယ်လဲရီချင်မိသွားရင်း
📩
ရာဇ် သူမphအားကြည့်နေရင်း Messengerက စာဝင်လာသဖြင့် ရာဇ် Messengerထဲဝင်ကြည့်မိလိုက်သည်
💬ရင်လေး ဘာလုပ်နေတာလဲဗျ💬
💬အိပ်ပြီလား💬
ရာဇ် မာန်ပို့သော စာတွေအားဖတ်ကာ မီးဖိုခန်းထဲကသူမအား မကျေမနပ်ပင်ကြည့်မိလိုက်သည်
Nicknameက Ko Koတဲ့ အသဲတွေကလည်း ပလုံစီလို့
ရာဇ် ကြည့်နေစဉ်မှာပဲ အဆက်မပြတ်ဝင်လာသောစာများ
📩
💬ရင်လေး အိပ်ပျော်နေတာလားဗျ💬
💬စာလဲမပြန်ဘူး💬
"အသက်က ဘာမဟုတ် ဒီလိုတောင်Qတတ်နေပြီ ကျွတ် တွေ့မယ်"
ရာဇ် မာန်ရဲ့Fb accအားBlockကာ ကောက်ကျစ်စွာပြုံးနေလျက်
"ပို့ဦးလေ"
ရာဇ် သူမလေးရဲ့ Facebook accထဲဝင်ကြည့်လိုက်သည်
သူမရဲ့acc Nameက Kyu Layတဲ့လေ
သူမလေးက တေးသီကျူးဆိုတဲ့နာမည်ကိုမမေ့သည့်ပုံမပေါ်
ရာဇ်ကတော့ တေးသီကျူးဆိုသော နာမည်ထက်ရင်ခုန်သံဆိုသော နာမည်ကိုပိုကြိုက်သည်
တေးသီကျူးဆိုသောနာမည်က အများနဲ့ဆိုင်သကဲ့သို့စိတ်ထဲထင်မိသည်
ရင်ခုန်သံဆိုသည်မှာ တစ်စုံတစ်ယောက်တည်းအတွက် သီးသန့်ဖြစ်တည်သော အဓိပ္ပါယ်
အထူးသဖြင့် ပဒေသရာဇ်ဆိုသော သူအတွက်ရင်ခုန်သံဆိုတဲ့ သူမလေးကသူ့အပိုင်
ပြီးတော့ ရင်ခုန်သံဆိုတဲ့ သူမလေးရဲ့ ရင်ခုန်ခြင်းများက သူ့အတွက်ပဲ ဖြစ်တည်ရမည်
သူမရဲ့Profileလေးက နေကြာခင်းထဲမှာနေမင်းကိုမျက်နှာမူထားသော ပုံလေး
ကြည့်ရတာလေတိုက်သောကြောင့်ဖြစ်မည်ထင်သည်
သူမရဲ့ဆံနွယ်တွေက လေမှာလွင့်နေလျက်
ရာဇ် ထိုပုံလေးအားသဘောကျစွာ ကြည့်နေရင်း
ပုံရဲ့Captionကိုကြည့်လိုက်စဉ်
📷Ko Koတဲ့
"ကျွတ်...ဒီကောင်ကွာ နေရာတကာပဲ"
ခုနက ဒီပုံလေးကိုသဘောကျမိတာမှန်ပေမယ့် ခုတော့ ဟိုကောင်ရိုက်ပေးထားသည်ဆိုသောကြောင့် မကြိုက်
ကြည့်ရတာ သူမကပုံတွေသိပ်မတင်သည့်ပုံ
တင်တဲ့ပုံတွေအောက်မှာလည်း ကောင်လေးတွေလာမန့်နေကြသည်
စိတ်သိပ်မရှည်တတ်တဲ့ရာဇ်က ရင်ပုံတွေအောက်က ယောက်ျားလေးတွေကိုတစ်ယောက်ချင်းထိုင်
ကာ Blockနေလေရဲ့
VOCÊ ESTÁ LENDO
♡နောက်ဆုံးအချစ်ရဲ့ ရင်ခုန်သံစည်းချက်♡♡ <or> 🍂ချစ်အတ္တ🍂
Romance""ချစ်တယ်....ဟုတ်လား အချစ်ဆိုတဲ့ အရာကိုရော ကိုကြီးသိရဲ့လား"" ""သူများတွေက အချစ်ကို ဘယ်လိုသတ်မှတ်ထားကြတယ် ငါမသိဘူး.... ငါ့အတွက် အချစ်ဆိုတာ မင်းပဲ မင်းရဲ့အပြုံးကလဲ ငါ့ကြောင့်ပဲဖြစ်ရမယ် မင်းရဲ့ မျက်ရည်တွေကလဲ ငါ့အတွက်ပဲကျရမယ် က...