(Part_1)

1.1K 58 17
                                    

ကျောင်းတော်ကြီးအတွင်းသို့ အသည်းအသန်ပြေးဝင်လာသော တက္ကသိုလ်ကျောင်းသားလေးတစ်ဦး

"ဟူး..တော်ပါသေးရဲ့ကျောင်းမတက်သေးလို့"

*ကျောင်းနောက်ကျပြီထင်ပြီး ပြေးလာရတာ ငါ့အချေသိက္ခာတွေတော့သွားပါပြီ တော်သေးတယ် လူတွေသိပ်မရှိလို့*

အခန်းထဲတွင်ထိုင်နားရင်း အမောဖြေနေစဉ်လက်ထဲမှ မုန့်ထုပ်များစွာဖြင့် Canteenမှ ပြန်လာဟန်ရှိသောမိမိ၏အချစ်ဆုံးသူငယ်ချင်းကြီးဖြစ်သူ Kim Jong Dae(ခေါ်)Chen မှ 7တန်းကြား 8တန်းကြားအော်သံကြီးဖြင့်

"Sehunna!!!"

*အမယ်လေး အမောဆို့ပါပြီ သူ့အသံနဲ့တင်*

"ဘာလဲChenရာ မောရတဲ့ကြားထဲ"

"အော် ငါ့သူငယ်ချင်းလေးက ကျောင်းစတက်မယ့်နေကျမှ ထူးထူးဆန်းဆန်းနောက်ကျနေ‌လို့ပါကွ ငါကမင်းမလာတော့ဘူးထင်ပြီး ဝမ်းနည်းနေတာ ဟင့်"

ငိုသံကြီးလုပ်၍ မိမိလက်မောင်းအား ကိုင်၍ချွဲနေပါသော အနှီကောင်အား

"Kim Jong Dae shiရယ် ကျောင်းပထမဆုံး တက်ရမယ့်နေ့မှာဘယ်သူက ကျောင်းပျက်မလဲကွ"

"......"

"ဟျောင့် မင်းရုပ်ကြီးနဲ့ကွာ မင်းရဲ့Hygကိုလေမင်းအခု ဖြစ်နေတဲ့ပုံကြီး ပြချင်တယ်သိလား ဟား ဟား"

"ငါက ဒီသူငယ်ချင်းလေးတစ်ယောက်ထဲရှိလို့ ချွဲတာကို နေပေါ့ကွာ"

ထ ထွက်သွားမည်လုပ်သော ချစ်သူငယ်ချင်းလေးအား

"စတာပါကွာ နေပါဦး။ငါ့သူငယ်ချင်းကြီးကို ဒီနေ့နောက်ကျရတဲ့ အကြောင်းပြောပြမယ်"

ကျောင်းမသွားမှီ

"မေမေ...သားကျောင်းသွားတော့မယ်"

"Hunလေး ကျောင်းသွားတော့မှာလား"
အကိုဖြစ်သူSuhoမှ မေးလိုက်ခြင်းဖြစ်သည်။

"Nae ကိုကြီး Hunသွားတော့မယ်နော် အာဘွား"

ဒါကတော့ Sehunnieတို့ ကျောင်းမသွားခင် သူ့ယုန်ပေါက်Hygလေးကို ပေးနေကြဖြစ်သည်။

"ငချွဲလေး ဟုတ်ပါပြီဗျာ Bb"

"ဟီး ဟုတ်"

"သားငယ်လေး ခဏနေပါဦး မေမေ့သူငယ်ချင်းရဲ့သားလေးChinaကပြန်လာတာ အဲ့ဒါလေဆိပ်ကို သွားကြိုပေးပါဦး ညက ‌မေမေပြောဖို့မေ့သွားလို့"

ကျွန်တော်ချစ်သော မောင်(S-1){Completed}Where stories live. Discover now