(Part_23)

284 29 40
                                    

"သားChan!!!!"

Chanyeolတို့ ထွက်လာတဲ့အချိန်မှာပင်
သားChanလို့ ခေါ်လိုက်တဲ့Ommaရဲ့အသံက ခက်ထန်၍ အလွန်တင်းမာနေသည်။

"Nae Omma"

Chanyeol ခပ်တည်တည်ပင် ပြန်ဖြေလိုက်သည်။Omma ဒေါသထွက်နေသည့်အရာကို Chanyeolသိသည်။

Chanyeolတို့ဆီသို့ လျှောက်လာပြီး တိုးတိတ်စွာပြောလိုက်သည်က

"အဲ့ကောင်မလေးလက်ကို လွှတ်လိုက် သားChan"

Bae၏ လက်ကိုလွှတ်ခိုင်းနေသည့် Ommaစကားအား Chanyeolမနာခံစွာ Bae၏ လက်ကိုပင် ပိုတင်းနေအောင်ကိုင်လိုက်ရင်း

"ဘာဖြစ်လို့လဲ Omma"

"ယွန်းတို့ရှိတယ်နော် သားChan မင်းအနေအထိုင်ဆင်ခြင်ပါ။သားHunလေးကသာ မင်းနဲ့လက်ထပ်ရမယ့်လူ"

"လက်ထပ်ရမယ်??????"

Baeက နားမလည်သည့်အသံလေးနှင့် Ommaအားပြန်မေးသည်။ ဟုတ်တယ် Baeကို အရမ်းသနားလွန်းသည့်အတွက် Chanyeol မပြောသေးတာဖြစ်သည်။ မဟုတ်ဘူး ထိုမင်္ဂလာပွဲက သေချာပေါက် ပျက်မှာဖြစ်သည့်အတွက်ကို မပြောပြခြင်းပင်။

"ဟုတ်တယ် သားChanက သားHunလေးနဲ့ပဲ လက်ထပ်ရလိမ့်မယ်။အဲ့ဒီ့အတွက် မင်းကပဲ သားChanကို လက်လွှတ်ပေးလိုက်ပါ ယူရာ"

"Omma!!!!"

"Park Chanyeol Ommaနှစ်ခါမပြောတတ်ဘူးနော်။မင်းအခုချက်ချင်း ငါ့နောက်က လိုက်လာခဲ့"

"......"

"အခုချက်ချင်းနော် သားChan"

"........"

"Park Chanyeol Omma ဧည့်သည်တွေရှေ့မှာ မင်းကြောင့်နဲ့ မျက်နှာမပျက်ချင်ဘူးနော်"

ထိုသို့ဆိုကာ အရှေ့ကခပ်သုတ်သုတ်ထွက်သွားသည့် Ommaကိုသာကြည့်ရင်း

"Bae ကိုယ်သွားရတော့မယ်။မင်္ဂလာအချိန်နီးနေပြီ။ပြီးတော့ မေမေပြောတဲ့မင်္ဂလာပွဲက လုံးဝဖြစ်မှာမဟုတ်တဲ့အတွက် ကိုယ့်ကို ယုံထားနော် Bae။စိတ်ထဲမထားနဲ့"

"အင်း ရပါတယ် ကိုကို သွားပါ"

အပြုံးလေးနဲ့ဆိုလာတဲ့ Baeက အပြင်မှာသာပြုံးနေပေမဲ့ စိတ်ထဲမှာဘယ်လောက်တောင် နာကျင်နေလိမ့်မလဲ။

ကျွန်တော်ချစ်သော မောင်(S-1){Completed}Où les histoires vivent. Découvrez maintenant