(Part_26)

264 35 20
                                    

Chanyeol နိုးလာသည့်အချိန်တွင်တော့ ကိုယ်တွေလက်တွေပါ မအီမသာဖြစ်နေကာ ခေါင်းကအရမ်းကြီးဆိုးဆိုးဝါးဝါးမဟုတ်ပေမဲ့ အနည်းငယ်တော့ ကိုက်နေသည်။ခါတိုင်းဘယ်လောက်မူးမူး ကိုယ်လက်မအီမသာဖြစ်တာမျိုးမရှိပေမဲ့ ဒီနေ့တော့ ဆိုဖာပေါ်မှာအိပ်ရ၍ဖြစ်မည်။

Chanyeolချက်ချင်းထထိုင်လိုက်ပြီး ခေါင်းအား နှိပ်နယ်နေလိုက်သည်။

"ဘယ်လိုလဲကွ ကျေးဇူးရှင်။အခုတော်တော်ကို နေလို့ကောင်းနေရဲ့လား"

"ဟာ!!Appaကလည်း ဘာလို့ သားလေးတစ်ယောက်ထဲရှိတာကို ဒီမှာဖြစ်လက်စခက်ထားရတာလဲ"

"အော် ဒီလောက်မူးရူးပြဲကွဲပြီးပြန်လာတဲ့သားကိုငါက ခေါင်းပေါ်တင်ထားရမှာလား"

"ကျွန်တော်အဲ့လောက်တော့ အသိစိတ်ရှိပါသေးတယ် Appaရာ"

"အော် ဒါပေါ့ မင်း အသိစိတ်ရှိလို့ပဲ။ဟိုမှာ Hyung Sikနဲ့ Seo Joonတို့ကို မူးမူးရူးရူးနဲ့ရစ်နေတာလေ"

"ဒါက ဒီကောင်တွေကို နည်းနည်းမွှေပေးလိုက်ရုံပါ Appaကလဲ"

"ကဲ ဘာမှပြောမနေတော့နဲ့ မင်းရဲ့မျက်ခွက်ကို အခုချက်ချင်း မျက်နှာသွားသစ်။မနက်ဖြန်သဘက်ခါပဲ မင်္ဂလာဆောင်ရတော့မယ်။အခုထိ မူးရူးပျော်ပါးလို့ကောင်းတုန်း။မင်းနော် မင်း သေတော့မယ်"

"သွားပြီAppaရေ ဟူး"

Chanyeol Appa၏ ဩဝါဒခြွေနေမည့်အသံကြီးကို ကြောက်လွန်း၍ မိမိအခန်းရှိရာအိမ်ပေါ်ထပ်သို့ ပြေးတက်သွားလိုက်သည်။အခန်းထဲရောက်သည်နှင့် လေ့ကျင့်ခန်းလည်းမလုပ်နိုင်တော့။လူကနုံးနေပြီဖြစ်တာကြောင့် ချက်ချင်းရေချိုး‌ ခေါင်းလျှော်၍ မျက်နှာသစ်လိုက်သည်။

သဘက်အားကောက်ပတ်၍ ‌ခေါင်းမှရေများအား သုတ်နေတုန်း မနေ့ကမနက်က Baeကို Phဆက်မယ်လို့ပြောခဲ့သည့်စကားအားပြန်သတိရသွားသည်။

*ဟူး ကိုယ်ကတော့ ဒီကိစ္စကို မပြောချင်ဘူး Bae။အကယ်၍ Baeသာ ကိုယ့်ကိုဆွဲထားမယ်ဆိုရင်တော့ ကိုယ်ကBaeတစ်ယောက်ထဲကိုပဲ ရွေးချယ်မှာ*

ဗီရိုထဲမှ ပေါ့ပေါ့ပါးပါး T-shirtနှင့်
ချည်သားဘောင်းဘီကိုသာ ထုတ်ဝတ်လိုက်သည်။အိမ်အောက်သို့ဆင်းလာတော့ Appaက သတင်းစာထိုင်ဖတ်နေသည်။

ကျွန်တော်ချစ်သော မောင်(S-1){Completed}Donde viven las historias. Descúbrelo ahora