Chanyeol ကျောင်းသို့ရောက်တော့ မိမိအားမြင်သော တစ်ကျောင်းလုံးနီးပါးမှ မိန်းကလေးများက အော်ကြတော့သည်။
*အေးပေါ့လေ ငါကလည်း ချောလွန်းနေတာကို*ဟု ရေရွတ်လိုက်သည်။
မိမိအားကြောင်တောင်တောင်လေးနှင့် အဝေးတစ်နေရာမှ ငေးကြည့်နေသော Hoodieအဝါရောင် ဂျင်းအပြဲလေးဝတ်ထားသည့် ကောင်လေးအားChanyeol သတိထားမိ၍ ပါးချိုင့်လေးများပေါ်သည်အထိ ပြုံးပြလိုက်သည်။
မိမိပြုံးပြလိုက်သည်ကို မျက်နှာလေးက နီရဲပြီး ရင်ဘတ်လေးဖိ၍ သူ့သူငယ်ချင်းဖြစ်ဟန်တူသည့် ကောင်လေးနှင့် ထွက်သွားတော့သည်။
"ဘာလဲဟ ပြန်တောင်မပြုံးပြသွားဘူး"
"အဟက် အချေလေးပဲ"
Chanyeolလည်း ခေါင်းတစ်ချက်ခါလိုက်ကာ ကောင်မလေးများအားပြုံးပြနှုတ်ဆက်ပြီး မိမိအခန်းရှိရာသို့ထွက်ခဲ့လိုက်သည်။
Chanyeolအတန်းထဲသို့ ရောက်သည့်အချိန်တွင် နောက်ဆုံးအတန်းထောင့်လေးမှာထိုင်နေသော မနက်က ဟိုကောင်လေး။
Chanyeolတစ်ချက်ပြုံး၍ သူလေး၏ဘေးတွင် ခပ်တည်တည်နှင့်ဝင်ထိုင်လိုက်သည်။ ဖုန်းထဲတွင် ဘာတွေကိုသည်းကြီးမည်းကြီး ကြည့်နေလဲမသိ။ မိမိလာတာကိုပင် သတိထားမိဟန်မတူ။မနေနိုင်တော့သည့်အဆုံး မိမိကသာအရင်နှုတ်ဆက်ဖို့ဖြစ်လာတော့သည်။"အဟမ်း Annyeong"
°°°°°°°°°°
Sehun အတန်းထဲသို့ပြန်လာ၍ ရင်ဘတ်လေးဖိပြီး ရေသောက်လိုက်ကာမှ သက်သာသလိုရှိသွားတော့သည်။
"ဟူး ငါနှလုံးရောဂါတွေ ဘာတွေများဖြစ်နေလားမသိဘူး ဆက်တိုက်ကို ခုန်နေတာပါလားနော်"
Sehunတစ်ကိုယ်တော်ရေရွတ်လိုက်သည်။
"Hunnie ငါ Min Seok hygဆီသွားလိုက်ဦးမယ်"
"ဟင် မနက်ကလေးတင် မင်းတို့တွေ့လာတာမလား"
မနက်ကလေးတင် တွေ့လာပြီးပြီကို အကဲပိုလွန်းကာ အခုထပ်သွားတွေ့မည်လုပ်နေသော Chenအား Sehunခပ်ဆက်ဆက်ပြောလိုက်သည်။
"အဲ့ဒါ မနက်ကလေ အခုကအခု ဟီး သွားပြီနော်Hunnie"
"Aa ကျောင်းမတက်ခင်ပြန်လာခဲ့နော် ငChen"
YOU ARE READING
ကျွန်တော်ချစ်သော မောင်(S-1){Completed}
Fanfictionအချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton Shwe Yee169 #Unicode