"ဟုတ်ကဲ့ ဒါဆို အခုပဲ ဥက္ကဌ အိုကို သတ်လိုက်ပါမယ်"
Driver Wooမိမိအနောက်မှ လူတစ်ယောက်ရှိနေသလို ခံစားရတာကြောင့် အထိတ်တလန့်နှင့် လှည့်ကြည့်မိချိန် မိမိနောက်တွင် ရပ်နေသည့်လူကြောင့် ထိတ်လန့်စွာနှင့် ကြက်သေ သေသွားခဲ့ရသည်။
*သူ..သူဌေးကတော် ယွန်း....*
မနက်က ယွန်းတစ်ယောက် ဟီဂျောင်းအတွက်ဆိုပြီး ပူတင်းကိတ်လေးဖုတ်လာကာ ဟီဂျောင်းအကြိုက် Coffeeခါးခါးလေးပါ ယူလာရင်း ဆိုင်မှထွက်လာခဲ့လိုက်သည်။
ဟီဂျောင်းအိမ်မရောက်ခင်လမ်းတစ်ဝက်မှာပင် Driver Wooကို ကားအပြင်မှာ Phပြောနေသည်အားတွေ့တာကြောင့် ကားပေါ်တွင် ဟီဂျောင်းများရှိနေမလားလို့ Phလှမ်းဆက်ရန် ပိုက်ဆံအိတ်ထဲအားရှာလိုက်တော့ Phအားမတွေ့။
"ဆိုင်မှာ ကျန်ခဲ့ပြီနဲ့တူတယ်"
Phမပါတဲ့အတူတူ ကားပေါ်မှ ဆင်းလိုက်ကာ တစ်ဖက်လမ်းတွင် ရပ်ထားသော ကားဆီသို့လျှောက်လာခဲ့လိုက်သည်။ဟီဂျောင်းသာ ရှိနေရင်တော့ ကိတ်မုန့်ပဲ ပေးခဲ့လိုက်ပြီး ဆိုင်ပြန်တော့မည်ဟုလည်း တွေးလိုက်သေးသည်။
ထို့နောက် ကားနားသို့အရောက် Driver Wooပြောနေသည့်စကားများကြောင့် ယွန်း၏ခြေလှမ်းများ တုန့်ခနဲရပ်သွားကာ မယုံနိုင်ခြင်းများစွာနှင့် တအံ့တဩDriver Wooမှ ဟုတ်ရဲ့လားဟုပင် စိတ်ထဲမှဇဝေဇဝါ ဖြစ်သွားရသည်။Driver Wooဆိုတာ Parkအိမ်တော်ရဲ့ အယုံကြည်ရဆုံး ကားသမားပဲလေ၊ Ohအိမ်တော်အတွက်ဆိုလည်း လူယုံလိုပင်ဖြစ်နေသည့် လူသားကဘယ်လိုလူကြောင့်များ ဘယ်လိုလူကြောင့်များ ကို့ကို သတ်ဖို့အထိတောင် အေးအေးဆေးဆေးစီစဉ်နေရတာလဲ။
ယွန်း လက်တွေခြေတွေပင် ယိုင်ချင်လာကာ ထိုနေရာမှအမြန်ဆုံးထွက်သွားဖို့ရန်ပြင်လိုက်သည်။
*ဒီအကြောင်းကို ကို့ကို အသိပေးရမယ်၊ဟင့်အင်း မဟုတ်သေးဘူး ဟီဂျောင်းတို့လည်း သိသင့်တယ်။ဒီလူက ယုံသင့်တဲ့လူစားမဟုတ်ဘူးဆိုတာ....*
ရုတ်တရတ် ယွန်းတစ်ယောက် အတွေးလွန်နေတုန်း မိမိဘက်သို့လှည့်လာသည့် Driver Wooကြောင့် ကြောက်လန့်စိတ်ကို ထိန်းကာ ရဲဝံ့စွာအရှေ့သို့ခြေလှမ်း လှမ်းလိုက်ရင်း Driver Woo၏ပါးအား အားကုန်လွှဲရိုက်ပစ်လိုက်သည်။
![](https://img.wattpad.com/cover/247130821-288-k655363.jpg)
VOCÊ ESTÁ LENDO
ကျွန်တော်ချစ်သော မောင်(S-1){Completed}
Fanficအချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton Shwe Yee169 #Unicode