(Part_4)

355 37 5
                                    

Sehunရှက်လွန်းလို့အမြန်သာပြေးထွက်လာတာ ဘယ်မျက်နှာနဲ့အခန်းထဲပြန်ဝင်ရမလဲမသိတော့။

"ဟူး.....ငါအမြဲတမ်းသူ့နားရောက်ရင် ရင်ခုန်သလိုလို ရင်တုန်သလိုလိုနဲ့ပါလား။
မသိတော့ဘူးကွာ"

ဆံပင်တွေကိုဖွ၍ ရုပ်တည်ကြီးဖြင့်သာ Chenတို့ဆီ လျှောက်လာခဲ့တယ် မျက်နှာနီနီလေးနဲ့ပေါ့။

Chenတို့ကတော့ Canteenမှာ စားနေသောက်နေလိုက်ကြတာ။

"ငါ့အတွက် Bubble Teaမဝယ်ပေးထားရင်တွေ့မယ်"

Sehunရေရွတ်ကာ Chenတို့ရှိရာဆီသို့ လျှောက်ခဲ့လိုက်သည်။

"ဟျောင့် Chen မင်းဆီကဘယ်သူ့မှလုမစားဘူး ဖြည်းဖြည်းစားစမ်းပါကွာ"

"Hun လာခဲ့မင်းအတွက်Bubble Teaဝယ်ပေးထားတယ်"

"ချစ်ဖို့ကောင်းလိုက်တာ ငါ့သူငယ်ချင်းလေး"

"တော်ပါ ခုမှ ခုနကတော့ ဟွန့်"

"သူတကယ် ကျောင်းထုတ်ပစ်မှာဆိုးလို့ပါကွာ ငါ့မိဘတွေကိုငါ့အတွက်ကြောင့် စိတ်မဆင်းရဲစေချင်ဘူး"

Kaiကတော့ ဘာမှမပြောအစားသာငုံ့စားရင်း ငြိမ်၍သာ‌နေသည်။

"ဟုတ်ပါပြီ သားလိမ္မာလေး"

Sehunအား ရွဲ့၍ပြောလာသော Chenအားမျက်စောင်းတစ်ချက်ထိုးကာ Bubble Teaကိုသာ အာရုံစိုက်လိုက်သည်။

"ဒါနဲ့ မင်းမျက်နှာကြီး နီနေသလားလို့ နေမကောင်းဘူးလား"

Sehunမျက်နှာအားပြူးပြဲ၍ ကြည့်လာသောChenကြောင့် ခေါင်းကြီးသာ ငုံ့ထားလိုက်သည်။

"ဟင် ကောင်း.....ကောင်းပါတယ်ကွ"

Chenက နှာဖူးကိုမပြောမဆိုလာစမ်းပြန်သည်။

"ကိုယ်လဲမပူပါဘူး"

"ပြောသားပဲ ကောင်းပါတယ်ဆို"

Kaiက တစ်ခုခုကို စဉ်းစားနေသလို ငြိမ်၍သာနေ နေ၍

"ဟျောင့် Kaiဘာလို့လဲ ငါ့ကိုစိတ်ဆိုးနေတာလား"

"......."

"Kai!!!"

Sehun ပခုံးကိုပုတ်လိုက်မှ

"ဟင် ဟင် Hun ဘယ်တုန်းကရောက်နေတာလဲ"

"အော် ခုနကရောက်တာလေ ငါတို့စကားပြောနေတာတောင် မင်းမကြားဘူးလား"

ကျွန်တော်ချစ်သော မောင်(S-1){Completed}Donde viven las historias. Descúbrelo ahora