(Part_8)

318 35 0
                                    

Sehunညက တစ်ရေးမှအိပ်လို့မပျော်ပါ။ဖေဖေတို့ကိုဘယ်လို အကူအညီပေးရမလဲသာတွေးနေမိသည်။ တွေးလဲ အချိန်ပိုင်းလုပ်ရုံကလွဲပြီး ခေါင်းထဲကဘာမှထွက်မလာ အချိန်ပိုင်းလုပ်ရင် လဲKaiကရှိနေတော့မဖြစ်ပြန်။

စဉ်းစားလို့လဲမရတော့၍ ရေချိုးရန်သာပြင်တော့သည်။နာရီကြည့်လိုက်တော့ 7နာရီ။ ဒီနေ့တော့ Kaiမစောင့်ရတော့ဘူးပေါ့။

ပြင်ဆင်ပြီး 7နာရီခွဲမှသာအောက်ကို ဆင်းလာခဲ့သည်။မေမေက အောက်မှာBreakfastတောင် ပြင်နေပြီ ဖေဖေ့ကိုတော့မတွေ့သေး။

မေမေ့အားနောက်ကနေ သိမ်းကျုံးဖတ်၍ပါး‌ကြီးအားနမ်းလိုက်သည်။

"အား မွှေးနေတာပဲမေမေက"

ထိုသို့ဆိုတော့ မေမေက မိမိပါးအားလည်ပြန် နမ်း၍

"မေမေ့ချွဲစိန်လေးလဲ မွှေးနေတာပဲ"

"ဟိ"

ထိုအချိန် ဖေဖေနဲ့ကိုကြီးတို့ အပေါ်ကဆင်းလာကြသည်။

"ဖေဖေနဲ့ကိုကြီး Morning"

"Morning သားလေး"

"ဟာ Hunnie ဒီနေ့တော့ စောလှချည်လား"

"ဒီနေ့ Fresher Welcomeရှိလို့ စောစောထတာပါကိုကြီးရဲ့"

"ဒီနှစ်လဲHunnieလေးက Kingပဲရမှာပါ ကိုကြီးယုံတယ်"

"ကိုကြီး ညီလေးပါ"

"ဟဟ ဟုတ်ပါပြီ"

"Kaiကိုသွားနှိုးလိုက်ဦးမယ် ကိုကြီး အဲ့ကောင် Hunကိုကျ စောစောထခိုင်းပြီး သူကျ‌အိပ်နေတယ်"

"အင်း သွားနှိုးလိုက်Hunnie ကိုကြီးတူတူစားဖို့စောင့်နေမယ်"

Kaiကိုသွားနှိုးတော့ အိပ်မှုန်စုတ်ဖွားရုပ်နှင့် တံခါးလာဖွင့်ပေးပြီး ပြန်သွားအိပ်နေသည်။

"ရားKaiထတော့ 7ခွဲနေပြီဟ"

"အာ Hunကလဲ အစောကြီးရှိသေးတာကို 8ခွဲမှကျောင်းသွားမှာပဲကို"

"ဟာ ဒီနေ့တစ်ရက်‌တော့ စောစောသွားမှာလေကွာ"

ဒါတောင် ဂရုမစိုက် ဖင်မှီးကောင်းထောင်ပြီး ပြန်အိပ်နေသည်။

"ရားးး ထတော့လို့ ကိုကြီးကBreakfastစားဖို့ စောင့်နေပါမယ်တဲ့ဆို"

ကျွန်တော်ချစ်သော မောင်(S-1){Completed}Où les histoires vivent. Découvrez maintenant