အချိန်ကြာမြင့်စွာထိုင်နေသည့်တိုင်အောင် ဘာစကားမှမပြောဖြစ်ကြပဲ နှစ်ယောက်သားကြားက လေထုကတိတ်ဆိတ်လို့ နေသည်။
စိတ်မရှည်သည့် Chanyeolကပဲ ထိုတိတ်ဆိတ်မှုအား စတင်ဖြိုခွင်းလိုက်သည်။
"မင်းဘယ်တုန်းကပြန်ရောက်တာလဲ"
"လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပါ"
"ကဲပါ ငါရှင်းရှင်းနဲ့ ဒဲ့ပဲပြောတော့မယ်"
"......."
Sehunကတော့ ပြောပါဆိုသည့်အကြည့်နဲ့သာ ကြည့်လိုက်သည်။မောင်က လူကြီးတစ်ယောက်လို ဝတ်ဆင်ထား၍ Sehunလက်မလွှတ်ချင်လောက်အောင် အရင်ကထက် ပိုချောပြီး ပိုကြည့်ကောင်းနေပါသောကြောင့် Sehunမဝံ့မရဲနှင့်ခိုးခိုးကြည့်နေရသည်။
"ငါ မင်းနဲ့ ဆွေးနွေးစရာလေးရှိလို့"
"ဟုတ် ပြောပါမောင်"
"မင်းလည်း သိမှာပေါ့ ငါတို့ကို မိဘတွေ သဘောတူထားတာ"
"ဟုတ် သိပါတယ်"
"ဟင်းးး ငါမင်းနဲ့လက်မထပ်နိုင်ဘူး Sehun"
"ဘာ ဘာလို့လဲမောင်"
Sehun အကြောင်းအရင်းအားသိနေပါသော်လည်း ပိုသေချာအောင် မဝံ့မရဲနှင့်မေးလိုက်သည်။
"မင်းအတိတ်မေ့နေတာလား ငါ့မှာ ငါ့ရဲ့အိမ်သူဖြစ်လာမယ့် ယူရာတစ်ယောက်လုံးရှိနေတာ မင်းကို ယူစရာလား"
"ဒါပေမယ့် မိဘတွေ စီစဉ်..."
"အေး မိဘတွေစီစဉ်ထားတာမို့လို့လဲ မင်းနဲ့ ဆွေးနွေးစရာရှိတယ်လို့ပြောတာပေါ့"
"ဘာများလဲ မောင်~~"
"မင်းက ငါ့ကို မယူနိုင်ဘူးလို့ မိဘတွေကို ငြင်းပေးရမယ် မင်းတစ်ယောက်ထဲလဲမဟုတ်ပါဘူး ငါကလည်း ဆက်တိုက်ငြင်းနေမှာပါ"
*မောင် ဘယ်လိုစိတ်နဲ့များ Hunကိုပြောထွက်ရတာလဲ။ရင်တွေနာလိုက်တာ ဒီလောက်ချစ်ခဲ့ရတဲ့ မောင့်ကိုရနိုင်မယ့် အခွင့်အရေးကိုမှ လက်လွှတ်လိုက်ရင် ဒီကမ္ဘာပေါ်မှာ Hunလောက်ရူးတဲ့လူမရှိတော့ဘူး မောင်*
"Hunကို အဲ့လောက်တောင်မကြိုက်တာလားမောင် အဲ့လောက်တောင် မုန်းလား"
![](https://img.wattpad.com/cover/247130821-288-k655363.jpg)
YOU ARE READING
ကျွန်တော်ချစ်သော မောင်(S-1){Completed}
Fanfictionအချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton Shwe Yee169 #Unicode