(Part_9)

312 36 6
                                    

Sehun အခန်းမှာတော့ဘယ်သူမှ မရှိ‌လောက်ဘူးထင်ခဲ့တာ အခုတော့ပတ်ဆယ်မီက သူ့နေရာတွင်ထိုင်နေသည်။Sehunကိုလဲမြင်ရော ဆယ်မီက သူ့စာအုပ်တွေကိုအတင်းသိမ်းပြီး ကျောပိုးအိတ်ကောက်လွယ်၍ အပြင်သွားရန်ပြင်နေသည်။Sehunလည်း ရပ်မကြည့်နိုင်တော့၍

"ဆယ်မီ နင်ငါ့ကို ဘယ်ချိန်ထိရှောင်နေမှာလဲ"

သူမလက်မောင်းကိုလှမ်းဆွဲ၍ မေးတော့ သူမရပ်သွားသည်။မိမိဘက်သို့လှည့်မလာဘဲ ကျောခိုင်းရင်းနှင့်ပင်

"ငါ...ငါ နင့်ကိုမရှောင်ပါဘူး"

"နင်အခု ငါ့ကိုတွေ့မှပဲ ထွက်သွားဖို့လုပ်တာ ရှောင်တာမဟုတ်လို့ဘာလဲ"

"ငါ မရှောင်ပါဘူးဆိုဟာ အီးဟီးး"

ဘာမှတောင်မပြောရသေးဘူး ထငိုပါသော သူမ။Sehunလဲ မေးမိတာမှားသွားပြီလားလို့ပင် ထင်မိသည်။

"ဘာ...ဘာလို့ငိုတာလဲဟ"

"ရှက်လို့..."

"ဟမ်!"

"ငါနင့်ကို ရှက်လို့ လို့ ငါ့မှာနင့်ကို ချစ်လွန်းလို့သာ မိန်းကလေးတန်မဲ့ စဖွင့်ပြောခဲ့တာ။ ငါဒီလိုအငြင်းခံရလိမ့်မယ်လို့ မထင်ခဲ့ဘူး ငါအရမ်းရှက်တာပဲ ဟင့်....ဟီးးး"

Sehunလဲ သူမကိုယ်လေးကိုသာ ပွေ့ဖက်ပြီး နှစ်သိမ့်လိုက်သည်။သူမကလည်း မိမိရင်ခွင်ထဲတွင် ငြိမ်နေ၍သာ တရှုံ့ရှုံ့နှင့်ရှိုက်နေသည်။ကျောလေးကို ပုတ်ပေးရင်း

"ငါနင့်ကို မချစ်နိုင်ပေမဲ့ နင်ငါနဲ့တော့ အချစ်ဆုံးသူငယ်ချင်းလုပ်လို့ရတယ်လေဟာ"

"ဟင့်...ငါက နင်နဲ့ ဘယ်လိုလုပ်ပြီး သူငယ်ချင်း လုပ်လို့ရမှာလဲ ငါနင့်ကိုချစ်တာ သူငယ်ချင်းအချစ်မှ မဟုတ်တာ ဟီးး"

Sehunလဲ ခေါင်းတောင်ကိုက်သွားသည်။အော်ငိုနေသည်မှာ မုန့်မရလို့ငိုနေသည့် ကလေးလေး သဖွယ်။

"မငိုပါနဲ့တော့ဟာ သူငယ်ချင်းအချစ်နဲ့ပဲချစ်လို့ရအောင် ကြိုးစားကြည့်ပေါ့ ငါနင့်ကိုသူငယ်ချင်းလိုတော့ ချစ်ပေးလို့ရပါတယ်"

ထိုသို့ပြောလိုက်မှ ရင်ခွင်ထဲမှ ငိုထားသည့်အရှိန်ကြောင့် နီရဲ‌နေသည့်မျက်နှာလေးနှင့်ထွက်လာပြီး

ကျွန်တော်ချစ်သော မောင်(S-1){Completed}Donde viven las historias. Descúbrelo ahora