(Part_34)

323 43 46
                                    

မောင့်ခြေထောက်ဖြစ်တာနဲ့ပတ်သတ်ပြီး မင်ယူရာတစ်ယောက် Sehunတို့အိမ်မှာ ဝင်ထွက်နေတာ ၁ပတ် ၁၀ရက်ပင် ပြည့်တော့မည်။ကိုယ်ကလည်း မောင်အဆင်မပြေတာသိလို့ ကူပေးချင်၍မောင့်အနားသွားပေမယ့် ‌မောင်က Sehunကိုလုံးဝအထိမခံ။မောင့်ကို အဲ့လိုမပြောလိုက်သင့်ဘူး။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မဟုတ်တဲ့အရာကို အပြောခံရရင် ဘယ်လူကမှမကျေနပ်တာတော့ Sehunသိပါသည်။

Sehunအတွေးကမ္ဘာထဲမှ ရုန်းထွက်ကာ အိပ်ယာထလိုက်သည်။မောင့်အတွက် Breakfastပြင်ပေးရမည်လေ။ဘေးတွင်အိပ်နေသည့်မောင့်အား စောင်သေချာခြုံပေးကာ မောင့်မျက်နှာချောချောအား သေချာကြည့်မိပြန်သည်။

ကြည့်ကောင်းလှသည့် နဖူး၊စိမ်းဖန့်‌နေသည့် မျက်ခုံး၊အိပ်‌နေတာတောင်ဆွဲ‌ဆောင်မှုရှိလှသည့်မျက်လုံးလေးများ၊ချွန်မြမြ နှာတံနှင့် ခပ်ပြည့်ပြည့်နှုတ်ခမ်းလေးတို့က အရမ်းပြည့်စုံလွန်းသည့် မောင့်တစ်ယောက်ထဲတွင်သာ ရှိနေလေသည်။Sehunဒီလိုပြည့်စုံသည့်မောင့်ကို ပိုင်ဆိုင်ရတာ ကံကောင်းလွန်းသည်။ကိုယ့်အတွေးနှင့်ကိုယ် ရှက်ပြုံးလေးပြုံးလိုက်ကာ ကုတင်ပေါ်မှဆင်းလိုက်တော့သည်။

Sehunကိုယ်လက်သန့်စင်ပြီး အောက်ထပ်ဆင်းလာတော့ အဒေါ်ကြီးတို့က Kitchenထဲတွင် အလုပ်ရှုပ်နေကြသည့်အတွက် Sehunလည်း Kitchenထဲသို့ ဝင်လာခဲ့သည်။

"အဒေါ်ကြီး ဘာတွေအလုပ်ရှုပ်နေတာလဲဗျ"

"Hunလေး နိုးပြီလား။ဘာမှအလုပ်မရှုပ်ပါဘူးကွယ်။ဒီနေ့ သခင်လေးကြိုက်တဲ့ ဟင်းလေးတွေ သေချာထည့်ပေးလိုက်ချင်လို့ ကြိုတင်ပြင်ဆင်နေကြတာ"

"ဗျာ ဘယ်ကိုထည့်ပေးမို့လဲ အဒေါ်ကြီး"

"Hunလေးမသိသေးဘူးလား။ဒီနေ့ သခင်လေးPark Companyပြန်ဝင်တော့မှာလေ။အာ့ကြောင့် နေ့လည်ဘက် ထမင်းချိုင့်ပို့ဖို့ ယူရာကကြိုပြင်ခိုင်းထားတာ။"

"ဗျာ!Hunမသိသေးဘူး အဒေါ်ကြီး။မောင်က ဒဏ်ရာလည်းမပျောက်သေးပဲနဲ့ ဘာလို့သွားမှာလဲ"

"အဲ့ဒါတော့ အဒေါ်ကြီးလည်းမသိဘူး သားHun"

"ဟုတ်ပြီ အဒေါ်ကြီး အခုလောလောဆယ် မောင်စားဖို့ ဂျင်ဆင်းနဲ့ကြက်စွပ်ပြုတ်လေး သေချာလေးပြုတ်ထားပါ။ဆေးတိုက်ရမှာမို့လို့ Hunအပေါ်တက်လိုက်ဦးမယ်နော်"

ကျွန်တော်ချစ်သော မောင်(S-1){Completed}Where stories live. Discover now