"ဟျောင့် Yifan အန်ကယ့် Partyနေ့က မရောက်နိုင်သေးဘူးလားကွာ"
Yifan စာရင်းတွေစစ်နေတုန်း XingကYifanနားရောက်လာကာမေးသည်။
"အင်း ရောက်တော့မှာပါ သဘက်ခါဘဲကို"
Zhang Yixingတို့ အရင်က ပျော်ခဲ့ပါးခဲ့သလောက်ခုတော့ ကုမ္ပဏီအလုပ်တွေနဲ့ နားကိုမနားရတော့ သူ့Suနဲ့မတွေ့ရလို့တဲ့လေ လင်းတမှိုင် မှိုင်နေလေရဲ့။
ပြီးတော့ အန်ကယ်ကလဲ သူ့ကုမ္ပဏီက ခုမှထူထူထောင်ထောင် ပြန်ဖြစ်တာဆိုတော့ အလုပ်တွေကို စေ့စေ့စပ်စပ် လုပ်နေရတာနဲ့ Partyကိုလည်း 3လလောက်ကြာမှပဲလုပ်
ဖြစ်သွားတော့ သူ့မှာစိတ်ပျက်လက်ပျက်ကိုဖြစ်လို့ Suကို သတိရလို့တဲ့လေ။ကျွန်တော်လည်း အင်း ကျွန်တော့်ရဲ့ ကလေးလေးကို မတွေ့ရတာတော်တော်ကြာပြီ။အရမ်းလည်း သတိရတယ်။Xingလိုပဲ ကျွန်တော်လည်း လင်းတမှိုင် မှိုင်နေရတာပါပဲ။
"စောစောလုပ်ပေးလို့မရဘူးလားလို့ မေးကြည့်ရမလားဟျောင့်"
"ဟာ မင်းကလည်း လူကြီးကိုပြောလို့ဘယ်ကောင်းမလဲကွ"
"အင်း အာ့လည်းဟုတ်တယ်နော်"
"Omm ဒါနဲ့ မင်းSuကို ဖွင့်မပြောသေးဘူးလား"
"အော် ဖွင့်ပြောချင်တာမှ ယားလို့ပေါ့ကွာ မတွေ့ရလို့ feelနေပါတယ်ဆို Partyနေ့ကျရင်တော့ သေချာပေါက်ကိုဖွင့်ပြောမှာ"
"အေးပါ Fighting ငါ့ကောင်ရေ"
"Omm Suရေ မင်းနဲ့မတွေ့ရလို့ ကိုယ်သေတော့မယ်ကွ"
"အဲ့လောက်တွေ့ချင်နေရင်လည်း အိမ်ကိုလိုက်သွားလိုက်လေ Hunငယ်နေမကောင်းတုန်းကတောင် မသွားဖြစ်ပဲနဲ့"
"ဒါဆို ငါ့အလုပ်တွေမင်းလုပ်ပေးထားပါလား ဟီးဟီး"
"ဟျောင့် ငါ့အလုပ်က မင်းထက်များတယ်နော် မင်းဟာသာ ကူလုပ်ရင် အသက်ပါထွက်သွားလိမ့်မယ်"
"ဟူးးး စိတ်ညစ်ပါတယ်ကွာ"
"မင်းကလည်း သဘက်ခါပဲတွေ့ရမှာကို အားတင်းထား။ငါ ဆိုက်တွေလိုက်ကြည့်လိုက်ဦးမယ် သွားပြီ"
"Omm"
Xingလည်း စိတ်ပျက်လက်ပျက်နဲ့သာ ကိုယ့်နေရာသို့သွား၍ Shareဈေးတွေ စစ်နေမိတော့သည်။

ESTÁS LEYENDO
ကျွန်တော်ချစ်သော မောင်(S-1){Completed}
Fanficအချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton Shwe Yee169 #Unicode