(Part_14)

259 33 19
                                    

Sehun အခုတလော ခြေလှမ်းတွေပြတ်နေတာကို Kaiသတိထားမိတယ်။
ဒါပေမဲ့ Kaiက Sehunနဲ့အတူတူပြန်တော့တာမဟုတ်တော့ ဘာတွေလုပ်နေလဲ လည်းမသိရ။ကိုယ်က မားတို့ပြန်ရောက်ထဲက မားတို့နဲ့ပြန်လာနေ နေတာကိုး။

သူ့ကို ရည်းစားရလို့ပဲ သူ့ရည်းစားနဲ့လျှောက်လည်တယ်လို့ထင်နေခဲ့တာ ဒီကောင်က အရင်လိုမှမဟုတ်တော့တာ။မေးရင်လည်း ဘယ်မှမသွားဘူးချည်းလုပ်နေတာ။

ပြီးရင်လည်း Kaiနဲ့ Chenကို ကျောင်းဆင်းချိန်ဆို ပြန်နှင့်ဆိုတာချည်းပဲ။ကြာတော့ မသင်္ကာတော့တာနဲ့ပဲ ဒီကောင့်နောက်ကို သူမသိအောင်လိုက်ခဲ့ကြတယ်။

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်လူက ဒေါသငယ်ထိပ်ကို ရောက်သွားခဲ့ပြီ။
Park Chanyeolတို့အဖွဲ့နဲ့ ရယ်လိုက်မောလိုက်လုပ်နေကြတာ။ပြီးတော့လည်း အကတိုက်နေကြသေးသည်။

*အော် ဒါကြောင့် ဒီကောင် Jopping dance practiceပဲ ကြည့်နေတာကို*

"ဟျောင့် Sehunငါတို့ကို လိမ်ထားတာ ကြည့်စမ်း။ငါသွားပြောဦးမယ်Oh Sehunငါနဲ့တွေ့ပြီပေါ့"

Chenက အတင်းသွားမယ်ချည်းလုပ်နေတော့ Kaiမှာဆွဲထားရသည်။

"သူငါတို့ကိုဘာပြန်ပြောမလဲလို့ ငါသိချင်တယ် မနက်ဖြန်ကျောင်းတက်မှ မေးမယ်"

"အေးပြီး‌ရော အဲ့ဒါပဲကောင်းပါတယ်"

°°°°°°°°

Sehunကို Kaiတို့က ညနေတိုင်းဘယ်သွားနေတာလဲလို့ မေးပြန်တယ်။စိတ်ညစ်တယ် သူတို့ကိုမသိစေချင်လို့ ဘယ်မှမသွားဘူး စာကြည့်တိုက်ပဲသွားတာလို့ လိမ်ထားတာကို အဲ့ထဲကမမေးတော့ပဲနေတာ ခုပြန်မေးပြန်ပြီ။

"ငါ ငါ စာကြည့်တိုက်သွားတယ်လို့ မင်းတို့ကိုပြောပြီးပြီလေ"

"ဟက် လိမ်တယ်"

Kaiက တစ်ချက်မဲ့ပြုံးနှင့်ရယ်လိုက်ရင်း Sehunကိုကြည့်လိုက်‌တာကြောင့် လန့်သွားရသည်။

"ဟမ်"

"စာကြည့်တိုက်မှာ အက သွားတိုက်တာလား Hunnie"

*ဘုရားရေ သူတို့သိသွားတာလား*

"Ka Kaiya ငါရှင်းပြပါမယ်"

ကျွန်တော်ချစ်သော မောင်(S-1){Completed}Where stories live. Discover now