(Part_50){Final}

745 33 51
                                    

လွင်ပြင်ကြီးတစ်ခု...အဖြူရောင်မြူမှုန်တွေနဲ့ပြည့်နက်နေတဲ့ လွင်ပြင်ကြီးတစ်ခု။
စမ်းတဝါးဝါးနဲ့ သူလျှောက်လာခဲ့ရင်း ထိုလွင်ပြင်ကြီးရဲ့ အလယ်ဗဟိုလို့ထင်ရတဲ့ နေရာကို ရောက်လာခဲ့တယ်။

မိုးကောင်းကင်တစ်ခုလုံးက မဲမှောင်နေကာ လမင်းကြီးရဲ့ အထောက်အကူကြောင့်သာ သူအရှေ့ကိုအနည်းငယ် မြင်နေရခြင်းဖြစ်သည်။ သူ့အရှေ့မှာ တစ်စုံတစ်ယောက်ရှိနေမယ်လို့ ခံစားမိရတာကြောင့် အရှေ့ကို တဖြည်းဖြည်းလျှောက်လာခဲ့ရင်း သူ့ကိုကျောပေးထားပြီး ဆံနွယ်အရှည်ကြီးများအား ဖြာချထားသည့် အမျိုးသမီးတစ်ယောက်ကို သူတွေ့လိုက်သည်။

ဗလာဖြစ်နေသော သူ့ခြေထောက်ကြောင့် နာကျင်နေပြီဖြစ်သော်လည်း မရပ်တန့်ပဲ ဆက်လျှောက်လာခဲ့သည်။အရှေ့ကတစ်စုံတစ်ယောက်က ဘယ်သူလဲဆိုတာ သူသိချင်မိသည်။ဒီလို လူသူမဲ့နေတဲ့နေရာမှာ ဒီမိန်းကလေးက ဘယ်လိုရောက်နေတာလဲ။လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူမရဲ့ပခုံးအား အသာကိုင်လိုက်တော့ လှည့်ကြည့်လာသည့် သူမရဲ့မျက်နှာမှာ ဝမ်းနည်းစရာမျက်ရည်တွေအပြည့်၊ပြီးတော့ သူမက တခြားသူမဟုတ်၊Sehunရဲ့ မေမေပင်။

Sehunအံ့ဩမှင်သက်မှုများစွာနှင့် မေမေ့အား မယုံနိုင်စွာကြည့်နေမိသည်။
မေမေSehunအနားမှာ ရှိနေသေးတာပဲ။

"သားငယ်!"

မေမေ့ရဲ့ ပါးစပ်မှ'သားငယ်'ဆိုသည့် အသုံးအနှုန်းကြောင့် Sehun မထိန်းထားနိုင်တော့ကာ ငိုချပစ်လိုက်သည်။ထို့နောက် မေမေ့အား ပြေးဖက်လိုက်ပြီး..

"မေမေ့!Hunကို မထားခဲ့ပါနဲ့နော်၊Hunမေမေ့ကို လက်မလွှတ်နိုင်ဘူး ဟင့်!"

"သားငယ်~~မေမေ့ကိုကြည့်"

Sehun၏ မျက်နှာအား သူမလက်နှစ်ဖက်နှင့် ပင့်ကိုင်လာသည့် မေမေ့ရဲ့လက်တွေက နွေးနွေးထွေးထွေး။Sehunမော့ကြည့်လိုက်တော့ မေမေက အလှပဆုံးပြုံးပြလာသည်။

"သားငယ်~~သားက နောက်ဆို ကလေးအဖေဖြစ်တော့မှာ၊မေမေ မရှိရင်မရဘူးဆိုတဲ့ အတွေးကြီးကို ဘယ်တော့မှထပ်မတွေးနဲ့တော့ သားငယ်၊ပြီးတော့ သားရဲ့ကလေးဆန်တဲ့ အကျင့်တွေကိုလည်း ဖျောက်ပစ်၊သားကြံ့ကြံ့ခိုင်ပြီး ဘယ်လောက်တောင် စိတ်ဓာတ်မာလည်းဆိုတာ အကုန်လုံးကို သားသက်သေပြနိုင်ရမယ်။ပြီးတော့......"

ကျွန်တော်ချစ်သော မောင်(S-1){Completed}Where stories live. Discover now