"ဖယ်လို့ပြောနေတယ်လေ Oh Sehun!!!
"အကိုလေး!!!!"
*ခွပ်*
Sehun ဟိုဒုံး၏အသံကြားပြီး မောင့်ကိုလှည့်အကြည့်တွင်တော့ လက်သီးအားမြှောက်ထားတဲ့မောင်။မောင်ထိုးလည်း ထိုးပါစေတော့ဟုသာ Sehunမျက်လုံးများအား မှိတ်ပေးထားလိုက်သည်။
ဒါပေမဲ့ အချိန်ကြာနေပြီဖြစ်သော်လည်း မောင့်လက်သီးက Sehunအပေါ်သို့ ကျရောက်မလာပါ။မျက်လုံးအားဖွင့်လိုက်သည့်အချိန်တွင်တော့ မောင့်လက်အားကိုင်ထားသည့် တစ်စုံတစ်ယောက်။
ထိုသူက Fan Ge....
"Ge~~"
"Park Chanyeolမင်းက ဒီမိန်းမအတွက်နဲ့ မနက်ကမှ ယူထားတဲ့ ကိုယ့်ရဲ့သတို့သားကို လက်သီးနဲ့ထိုးဖို့ရွယ်တယ်ပေါ့"
"အဲ့တာ ခင်ဗျားအပူလား။အခုလည်း Heroကြီး လာလုပ်တာပဲလား"
"ဒီမှာ Park Chanyeol ငါအခုပြောနေတာမင်းအတွက်ကွ။ဘေးကိုကြည့်လိုက်စမ်း မျက်စိတွေ နားတွေနဲ့ ဘာလဲ Park Gpရဲ့ တစ်ဦးတည်းသော ဆက်ခံသူက ရည်းစားဟောင်းအတွက် အသစ်စက်စက် သတို့သားလေးကို ထိုးပါတယ်ဆိုပြီး သတင်းခေါင်းစည်းမှာ မြင်ချင်လို့လား"
ထိုအခါမှ Chanyeolလည်း မာန်လျှော့လိုက်ကာ Baeကို ဆွဲပြီးထွက်သွားလိုက်သည်။
"လာခဲ့ Hunငယ် သွားရအောင်"
"Nae Ge"
"ဟိုဒုံး မင်းကိုစိတ်ညစ်စေမိပြီ"
"အာ အကိုလေးကလည်း ကျွန်တော်က ကိစ္စမရှိဘူး အကိုလေးသာ ဂရုစိုက်ပါ"
"အင်းပါ သွားရအောင်နော်"
Sehunလမ်းလျှောက်ဖို့ပင် အားမရှိချင်တော့ပါ။
*ငါဒီကိုမလာမိရင်ကောင်းသား အဲ့လိုဆို မောင်လည်းအရှက်ကွဲရမှာမဟုတ်ဘူး*
အခုတော့ မောင်နဲ့နီးစက်ရဖို့ လမ်းစလေးက အစပင်ရှာမရတော့ပါ။ Sehunနဲ့သူငယ်ချင်းဖြစ်တုန်းကလို မောင့်ရဲ့ပျော်ရွှင်နေတဲ့ ပုံလေးကိုသာ မြင်ချင်မိပါသည်။
Geနှင့် ဟိုဒုံးကို အမှီပြုကာ Geရဲ့ကားဆီသို့ လျှောက်လာခဲ့ကြသည်။ကားထဲရောက်တော့ Tao Geက Driver seatမှာ အဆင်သင့် Sehunတို့အားစောင့်နေသည်။
![](https://img.wattpad.com/cover/247130821-288-k655363.jpg)
ČTEŠ
ကျွန်တော်ချစ်သော မောင်(S-1){Completed}
Fanfikceအချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton Shwe Yee169 #Unicode