(Part_46)

385 42 14
                                    

Sehunအခုရက်ပိုင်း အော့အန်မှုတွေ ဆက်တိုက်ဖြစ်လာတယ်။အန်လိုက်ရင်လည်း ဘာအစာမှမပါဘဲ လေကြီးသက်သက်ကို အန်တာပင်။ဒါဟာ ကိုယ်ဝန်လက္ခဏာပဲလား။မဆုတ်မဆိုင်းပဲ ပြနေကျ Private ဆေးရုံကိုသွားလိုက်တော့..ဟုတ်ပါတယ် ကိုယ်ဝန်ပါတဲ့။ (3)ပတ်တောင် ရှိနေပါပြီတဲ့လေ။Sehunပျော်လွန်းလို့ ထတောင်ကချင်စိတ်တွေ ပေါ်လာရသည်။တစ်ဆက်တည်းမှာပဲ မျက်ရည်‌များရစ်ဝိုင်းလာရပြီး မထွက်သေးတဲ့ဗိုက်လေးကိုသာ ဖွဖွလေးပုတ်နေမိတယ်။

*ပါပါးရဲ့ဘဝထဲကို ရောက်လာပေးမယ့် ပါပါးရဲ့ လာဘ်ကောင်လေးရေ။ကျန်းကျန်းမာမာနဲ့ အပြင်ကိုထွက်လာရမယ်နော်။အခုအချိန်ကစပြီး ပါပါးက ကလေးလေးကို သေသေချာချာလေး ဂရုစိုက်ပေးပါ့မယ်*

Sehunကိုယ့်အတွေးနဲ့ကိုယ် အားရပါးရပြုံးလိုက်သည်။Sehunဘဝထဲကို ကလေးလေးရောက်လာပြီဆိုတော့ နောက်ဆိုဒီကလေးလေးကြောင့်ပဲ မောင်ကSehunကို ဂရုစိုက်ပေးလာတော့မှာ...ပြီးတော့ Sehunအပေါ်လည်း သံယောဇဉ်တွေ တိုးလာနိုင်ကောင်းပါရဲ့......။

"ကိုယ်ဝန်က လနုသေးလို့ သေချာလေး ဂရုစိုက်ပေးရပါမယ် အခန့်မသင့်ရင် ကလေးပါ ပျက်ကျသွားနိုင်တာကြောင့်ပါ"

"ဟုတ်ကဲ့ ပါရဂူကြီး Hunသေချာဂရုစိုက်မှာပါ"

"ပြီးတော့ အလေးအပင်တွေကတော့ အဓိကပါ၊ဘာမှ 'မ'လို့မဖြစ်ပါဘူး၊သခင်လေးက ယောင်္ကျားလေးကိုယ်ဝန်ဆောင်ဖြစ်တာကြောင့် ပိုပြီးသတိထားရမှာပါ"

"အဲ့အတွက်ကတော့ စိတ်မပူပါနဲ့ပါရဂူကြီး၊ကျွန်မတို့ဘာမှ ခိုင်းမှာမဟုတ်ပါဘူး၊သားHunလေးကိုလည်း သေချာဂရုစိုက်မှာပါ"

"ဟုတ်ကဲ့ပါ ဥက္ကဌကြီး"

မေမေနဲ့ Ommaတို့ရဲ့ မျက်နှာများတွင်လည်း အပြုံးပန်းများကိုယ်စီနှင့်၊Sehunအတွက် ပျော်နေကြတာဖြစ်သည်။

Sehunကိုယ်ဝန်ရတာ သေချာပြီဆိုမှ ဆယ်မီတို့နှင့် Fan Geတို့အားအသိပေးလိုက်တော့သည်။ကိုကြီးကလည်း Sehunအတွက် အရမ်းပျော်နေရှာတာ။မေမေတို့ Kaiတို့ရောပဲပေါ့။Sehunကို အသွားအလာ အနေအထိုင် အစားအသောက်ကအစ သူတို့သိသလောက် မှတ်သလောက် ဂရုစိုက်မှာကြားပေးကြသည်။ကိုကြီးကတောင် Sehunကို အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အိမ်မှာပြန်လာနေသည်။Xing Geကလည်း ကိုကြီးနဲ့အတူ Sehunတို့အိမ်မှာသာလိုက်နေပေးလေသည်။

ကျွန်တော်ချစ်သော မောင်(S-1){Completed}Tahanan ng mga kuwento. Tumuklas ngayon