(Part_42)

365 46 39
                                    

အတင်းSehunပေါ်ခွတက်လာကာ လက်နှစ်ဖက်အားချုပ်ရင်း နှုတ်ခမ်းအားနမ်းရန်လုပ်နေသူကြောင့် Sehunရှိသမျှအားနှင့်ရုန်းကာ ထုရိုက်ရင်း တွန်းဖယ်‌နေရသည်။

"ဖယ်!လွှတ်!အင့် ဟင့်!!မောင်!!!!!မောင်!!!!"

"ဟက် ဘယ်ကမောင်ကိုမှခေါ်မနေနဲ့ မင်းဘယ်လောက်ခေါ်ခေါ် ဘယ်ကောင်မှလာမှာမဟုတ်ဘူး"

Sehunအရမ်းကြောက်လာမိသည်။ယောင်္ကျားချင်းတူပေမယ့် ထိုလူယုတ်မာ၏ ခွန်အားအား Sehumဘယ်လိုမှမယှဉ်နိုင်။ထိုလူ၏လက်တစ်ဖက်က Sehunလက်များအားကိုင်ထားပြီး ကျန်လက်တစ်ဖက်က Sehunမျက်နှာအားချုပ်လာသည်မို့ Sehunခြေထောက်တွေနဲ့ပါ ကန်ကျောက်ရင်း အတင်းရုန်းသည်။

"ခင်ဗျား!!အခုချက်ချင်းထွက်သွား ဟင့်!"

Sehunအရမ်းကြောက်လာတာမို့ အသံများကတုန်ရီက ငိုသံတွေပါပါလာတော့သည်။ဟိုဒုံး~~ဟိုဒုံးဘယ်တွေရောက်နေတာလဲ။အိမ်တွင် တစ်ဦးတည်းသော Sehunကို ကူညီနိုင်မည့်သူက ဟိုဒုံးသာရှိပါသည်။

"ဟက်!ထွက်သွားချင်ရင် အစထဲကဒီအိမ်ထဲတောင် ဝင်မလာဘူးကွ~~အလှလေးရဲ့"

"ခင်ဗျား!!ဖယ်!!!!"

"ငြိမ်ငြိမ်နေလေကွာ~~ကိုယ်မင်းကို နမ်းလို့မရတော့ဘူး ဟက်"

Sehunပါးအား ပွတ်သတ်ကာ ပြောလာသောသူသည် အော်ဂလီဆန်အောင်ပင်ရွံစရာကောင်းလွန်းပါသည်။Sehunဒေါသများထွက်လာတာကြောင့် ထွန့်ထွန့်လူးရုန်းကာ အောက်ကခြေထောက်တွေကိုလည်း အတင်းလှုပ်ရှားလိုက်သည်။စိတ်ထဲတွင်လည်း ဒီလူယုတ်မာကိုသတ်ပစ်မည်ဟူ၍။အနီးအနားအား မျက်လုံးကစားကြည့်လိုက်တော့ Sehunခေါင်းနားတွင် အလှထိုးထားသောပန်းအိုး။Sehunမျက်နှာနားသို့ တိုးလာသည့် ထိုလူ့ဆံပင်အား လွတ်ထွက်သွားသည့် လက်တစ်ဖက်နှင့် ဆောင့်ဆွဲကာ ခေါင်းနားကပန်းအိုးအား အလျင်အမြန်ယူလိုက်ပြီး ထို့လူ့ခေါင်းသို့အားကုန် ရိုက်ချပစ်လိုက်သည်။

"အား!!!!!!"

အော်သံနက်ကြီးက တစ်အိမ်လုံးပျံ့နှံ့သွားကာ ပန်းခြံထဲတွင်ရေလောင်းနေသည့် ဟိုဒုံးပင် တုန်တက်သွားသည်။

ကျွန်တော်ချစ်သော မောင်(S-1){Completed}Where stories live. Discover now