ညနေ ရုံးဆင်းချိန်ကိုပင် မစောင့်နိုင်တော့ဘဲ Chanyeolအိမ်သို့ပြန်လာခဲ့ပါသည်။Sehunကို သူကြည့်မရဘူးလို့သတ်မှတ်ထားပေမယ့် အခုက သူ့ရဲ့တရားဝင်ယူထားသည့် ယောင်္ကျားလည်းဖြစ်တာကြောင့် အကြောင်းစုံကိုလည်း အကုန်ရှင်းပြဖို့ပါ ပြင်ဆင်လာခဲ့သည်။Driver Wooကိုတောင် မစောင့်ဘဲ ကိုယ့်ဟာကိုယ်သာ ကားမောင်းလာခဲ့လိုက်သည်။အမှန်မဟုတ်တဲ့ ဖြစ်ရပ်တစ်ခုကိုနားလည်မှုလွဲသွားသည့် Sehunကိုတော့ သူအကြောင်းစုံပြောပြမှဖြစ်မည်လေ။
ကားအား ဆင်ဝင်အောက်တွင်ကြမ်းတမ်းစွာ ရပ်ပစ်ခဲ့ပြီးအိမ်ထဲသို့ဝင်လာသည့်အချိန် မြင်လိုက်ရသည့်မြင်ကွင်းက သွေးပင်ဆောင့်တက်ချင်စရာကောင်းလှအောင် ဒေါသထွက်စရာမြင်ကွင်းပင်။ဒါကြောင့် အိမ်ရှေ့မှာ ကားတစ်စီးသူတွေ့ခဲ့တာကို။
"Oh Sehun!!!!!"
မောင့်၏ ဩရှကာ ခက်ထန်နေသော အော်သံနက်ကြီးကြောင့် Sehunလန့်ဖြန့်သွားကာ နောက်လှည့်ကြည့်လိုက်မိသည်။Sehunအား ဆေးလိမ်းပေးနေသည့် Geမှာလည်း ပလာစတာအားကိုင်ထားရင်း ကြောင်အစွာ တံခါးဝမှမောင်အားကြည့်နေသည်။
အခုပုံစံက အိမ်ပေါက်ဝအားကျောပေးထားရင်း ဆိုဖာပေါ်တွင်ထိုင်နေသည့် Sehunကို Sehunအရှေ့တွင်ထိုင်နေသည့် Geက ပါးတစ်ဖက်အားကိုင်ထားရင်း ဆေးပလာစတာ ကပ်ပေးရန် အနာအားမှုတ်ပေးနေခြင်းကြောင့် နမ်းနေသည်ဟု မောင်ထင်သွားပုံရတာကြောင့် Sehunပြာပြာသလဲ ထ ရပ်လိုက်ကာ ဒေါသမျက်ဝန်းများနှင့် Sehunတို့ဆီသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာသည့် မောင့်ဆီသို့ အပြေးသွားရင်း...
"မောင် Hunရှင်းပြတာ နားထောင်ပါဦး။အထင်မလွဲ......."
*ဖြောင်း*
"အာ့!"
အံကိုကြိတ်ထားကာ Sehunပါးအား အားကုန်လွှဲရိုက်လိုက်သည့်မောင်ကြောင့် Sehunနာကျင်မူးဝေသွားရကာ နဖူးမှာလည်း ကြမ်းပြင်ပေါ်သို့ အားပြင်းပြင်းနှင့် ဆောင့်ကျမိသွားသည်။ယောင်္ကျားအားဖြစ်သည့်အပြင် ရှိသမျှအားနှင့်လည်း လွှဲရိုက်လိုက်ပုံရတာကြောင့် Sehunတော်တော်နှင့်မထနိုင်ပဲ အပုံလိုက်လေးသာ ဖြစ်နေရသည်။
![](https://img.wattpad.com/cover/247130821-288-k655363.jpg)
YOU ARE READING
ကျွန်တော်ချစ်သော မောင်(S-1){Completed}
Fanfictionအချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton Shwe Yee169 #Unicode