Sehun Canadaကိုရောက်တာ 1ပတ်တောင် ကြာခဲ့ပြီ။ကျောင်းတွေကလည်း မဖွင့်သေးဘူးဆိုတော့ ဖေဖေဝယ်ပေးထားတဲ့ Condoလေးမှာ အေးဆေးသာနေရုံ။
ဒီမှာပျော်လားဆိုတော့ ဘယ်ပျော်မလဲ ကိုယ်ချစ်ရတဲ့သူတွေနဲ့ဝေးနေရတာဆိုတော့။
ချစ်ရတဲ့လူတွေဆိုမှ မောင့်အကြောင်းကို ပြန်သတိရသွားပြန်ပြီ။ဟိုတစ်နေ့က SNSမှာ တင်ထားတာတွေ့ပါတယ်
မင်ယူရာနဲ့ နမ်းနေကြတဲ့ပုံတွေ ဖက်နေကြတဲ့ပုံတွေကိုပေါ့။Hunအခုထိ မောင်ပေးထားတဲ့ ဒဏ်ရာကမကျက်သေးဘူးမောင်။
တွေးမိတိုင်း အရမ်းခံစားရတယ်။📞Sing For you.....Sing For you..📞
Sehunကျနေသည့်မျက်ရည်များအား လက်ခုံနှင့်ပွတ်သုတ်ပြီး Phလှမ်းကိုင်လိုက်သည်။
📱"Yar Oh Sehun မင်းငါတို့ကို ဘာအကြောင်းမှကို မကြားပဲ Canada ရောက်နေတယ်ဆို"
Phကိုင်လိုက်တာနဲ့ Kaiရဲ့ စိတ်ဆိုးနေတဲ့အသံကြီးက သိသာစွာ အခုမှသိလို့ တန်းဆက်လိုက်တဲ့ပုံပင်။ဟုတ်ပါတယ် Sehun ရည်းစားပူမိနေတာ သူငယ်ချင်းတွေကို မေ့နေတဲ့အထိပါပဲ။
"ဟုတ်တယ် Kai ya လွန်ခဲ့တဲ့ (1)ပတ်လောက်ထဲကပါ။"
"မင်းနော် တကယ်ကိုနေနိုင်တဲ့ကောင် ငါတို့ကို အကျိုးအကြောင်းလေး ဘာလေးမပြောဘူး ငါတို့ကို မင်းသူငယ်ချင်းလို့ရော သတ်မှတ်သေးရဲ့လား"
"မဟုတ်ရပါဘူးကွာ ငါလည်း ဒီမှာနေရာထိုင်ခင်းမကျသေးတော့ မင်းတို့ကို မဆက်သွယ်ဖြစ်တာပါ"
"နင်ငါတို့ကို မေ့နေပြီမလား Sehun"
Sehun ဆယ်မီ့အသံပါကြားတာကြောင့်
"ဟင် ဆယ်မီ နင်တို့ကအတူတူရှိနေကြတာလား"
"ဟုတ်တယ်လေ နင့်ကိုဝိုင်းဆူဖို့ လူစုထားကြတာ။Jong Daeလည်းရှိတယ်"
"ဟုတ်တယ် မင်းနော် တော်တော်နေနိုင်တဲ့ကောင်!"
Chenက ဝင်ဟောက်သည်။
"မဟုတ်ရပါဘူးကွာ နေရာထိုင်ခင်းမကျသေးလို့ပါဆို"
"ပြီးရော ပြီးရော ဒါဆိုဘာလို့ Phပိတ်ထားတာလဲ"

YOU ARE READING
ကျွန်တော်ချစ်သော မောင်(S-1){Completed}
Fanfictionအချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton Shwe Yee169 #Unicode