(Part_24)

242 33 15
                                    

ဟီဂျောင်းတို့ ပြန်သွားတာနဲ့ ယွန်းတစ်ယောက် သက်ပြင်းမောများချနေရသည်။သားChanက သားငယ်လေးကို မချစ်နိုင်ဘူးဆိုတော့ အမေဖြစ်တဲ့ ယွန်းတစ်ယောက် သူတို့ဘဝလေး အေးချမ်းဖို့အတွက် ဘယ်လိုတွေစီစဉ်ရမလဲဦးနှောက်ခြောက်နေရသည်။

*ဟင်းးးသားChan ချစ်လာဖို့ပဲ မျှော်လင့်ရမှာပေါ့*

သားကြီးကလည်း သားXingနဲ့ လက်ထပ်ပြီးပြီ။သူတို့ရဲ့ ဘဝလေးကလည်း အေးအေးချမ်းချမ်းပဲဆိုတော့ ယွန်းအတွက် ပူစရာမလိုတော့ဘူးပေါ့။ အခု သားငယ်လေးကိုတော့ သားChanနဲ့ စိတ်ချချင်တယ်။ တစ်ချိန်ကျရင်လည်း သားChanက Chairmanရာထူးကို ရတော့မှာ။ သားလေးကိုလည်း ဒီထက်ပိုပြီး ကောင်းစားစေချင်တယ်။

ယွန်းကို အတ္တကြီးတယ်ပဲဆိုဦးတော့ ဒါကလည်း သားငယ်ကိုချစ်လို့ဖြစ်လာတဲ့ အတ္တပဲ။ဒီမင်္ဂလာပွဲကို ဖြစ်အောင်ကိုလုပ်မယ်လို့လည်း ယွန်းဆုံးဖြတ်ထားသည်။

မောင်ထွက်သွားထဲက အတိုင်း Sehunကုတင်ရင်း၌ထိုင်နေမိတာ ဘယ်အချိန်တွေရောက်ပြီလဲတောင်မသိတော့။

မောင်နဲ့စတွေ့တဲ့အချိန်ကစလို့ ယခု မောင့်ကို ပိုင်ဆိုင်ဖို့ဖြစ်လာတဲ့အချိန်ထိ မောင်နဲ့ပတ်သတ်သမျှအရာအားလုံးကို မှတ်တမ်းတင်ထားသော Sehun၏ Diaryစာအုပ်လေးအားပြန်ဖတ်ရင်း ကိုယ့်ကိုယ့်ကို သနားမိရင်လည်း ခပ်ဟဟရီလိုက်သည်။ မောင် ဂရုစိုက်ပေးခဲ့တာတွေ တွေ့ရင်လည်း နှုတ်ခမ်းလေး ကွေးရုံ အသာပြုံးနေမိသည်။မောင်က Hunကိုဆို အရာရာလွှမ်းမိုးနေတာပါ။

Sehun ဘောပင်အားကောက်ကိုင်ရင်း ဒီနေ့အတွက် ထပ်ရေးလိုက်တဲ့စာလေးကတော့

'Hun မောင့်ကိုမမုန်းရက်ပါဘူး။Hun အသက်ရှင်နေရတာ မောင့်ကြောင့်မို့လို့လေ။မောင်ပျော်နေတာမြင်ရင် Hunကပိုပျော်တယ်။မောင်က နေမင်းကြီးဆို Hunက မောင့်ရဲ့ အလင်းကိုခံယူပြီးထွန်းလင်းပေးနိုင်မယ့် လမင်းလေးဖြစ်ချင်ခဲ့တာပါ။မောင်Hunရဲ့ အသည်းကိုခြွေယူနေတယ်ဆိုရင်တောင် Hunမောင့်ကို ခွင့်လွှတ်တယ်မောင်။ဘာလို့လဲဆိုတော့ မောင်က Hunရဲ့ အချစ်ဦးဖြစ်ပြီး အချစ်ဆုံးမို့လို့ပါ'

ကျွန်တော်ချစ်သော မောင်(S-1){Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ