(Part_40)

401 49 47
                                    

"သခင်လေးHunက ကိုယ်ခံအားနည်းပြီး နေမကောင်းတာတွေ ဆက်သွားလို့ အခုလိုဖျားတာက အရှင်းမပျောက်သေးတာပါ သခင်လေး"

Chanyeolအား ဖျားနေသူနှင့်ပတ်သတ်ပြီး ရှင်းပြလာသည့် ပါရဂူအားခေါင်းညိမ့်ပြ၍ကြည့်လိုက်ရင်း

"အင်း ကောင်းပြီ။သူ့ကို ဆေးရုံမှာ ဘယ်လောက်ထိထားရင်ရမလဲ"

"အခု‌လောလောဆယ်တော့ အိမ်မပြန်တာက ပိုကောင်းပါမယ် သခင်လေး"

Chanyeolက ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်ရင်း ဘာလို့လဲဆိုသည့် အထာနှင့် မေးဆက်ပြလိုက်တော့

"ဒီမှာထားမယ်ဆို သခင်လေးSehunကို ကျွန်တော်တို့ အနီးကပ်လည်း စောင့်ရှောက်လို့ရမယ်။သခင်လေးလည်း အိမ်မှာနေတာထပ်စာရင် ဒီမှာကုလိုက်တော့ မြန်မြန်‌သက်သာသွားမှာပါ သခင်လေး"

"အင်း ခင်ဗျားပြောသလိုပဲ ဒီမှာပဲထားလိုက်မယ်။သေချာ ဂရုစိုက်စောင့်ကြည့်ပေးပါ"

"စိတ်ချပါဗျ။အကောင်း‌ဆုံးဆောင်ရွက်ပေးပါ့မယ်"

ထိုပါရဂူအား ခေါင်းတစ်ချက်ဆက်ပြလိုက်တော့ Chanyeolအား ခေါင်းငုံ့အရိုအသေပေးရင်း ထွက်သွားလေသည်။Chanyeolအိပ်နေသူနားသို့ အပြေးသွားရင်း လက်ဖြူဖြူလေးအား ဆုတ်ကိုင်လိုက်သည်။ဖြူဖျော့ဖျော့နှုတ်ခမ်းသားလေးကခြောက်သွေ့နေကာ မှိတ်ချထားသည့် မျက်တောင်ရှည်များကကော့ဆင်းဖြာကျနေသည်။‌ဖျား‌နေတာတောင် ချောမောမှုလုံးဝမကျသွားသူအား ငေးကြည့်ရင်း

*ကိုယ်~~ကိုယ် မင်းကိုချစ်မိနေပြီထင်တယ် ငယ်*

"အင်းး!"

မျက်နှာလေးရှုံ့မဲ့ကာ နိုးထလာသူက တအင်းအင်းနှင့် အသံပြုလာသဖြင့် Chanyeolပြုံးလိုက်ကာ နှိုးလိုက်သည်။

"Sehun!"

"အင့်!မောင်~~"

"အင်းပြောလေ!ဗိုက်ဆာနေပြီလား"

"ဟုတ်"

"ကိုယ် ကြက်သားစွပ်ပြုတ်လေးမှာလိုက်မယ်။ထစားလိုက်နော်"

"ဟုတ်"

လှဲနေသူအား ထနိုင်အောင်‌ ခေါင်းလုံးလုံးလေးမှအသာ'မ'‌ပေးလိုက်ကာ ခုတင်ခေါင်းရင်းအား ခေါင်းအုံးခံပေးလိုက်ပြီး ထိုင်ရအဆင်ပြေစေရန် မှီခိုင်းထားလိုက်သည်။မှာထားသည့် စွပ်‌ပြုတ်အား Phဆက်၍ လာပို့ခိုင်းလိုက်ပြီး ငယ့်မျက်နှာနုနုအား ထိုင်ကြည့်နေလိုက်သည်။ဖျားနေသူက ဆေးရုံဝတ်စုံလေးနှင့် ဖြူလျော့နေပြီး မျက်ခမ်းစပ်လေးများက နီရဲနေလေသည်။နဖူးလေးအားစမ်းကြည့်လိုက်တော့ အပူကနည်းနည်းမှကျမသွား။

ကျွန်တော်ချစ်သော မောင်(S-1){Completed}Tahanan ng mga kuwento. Tumuklas ngayon