မေမေ့ဆိုင်မှာ Sehunလာကူတဲ့နေ့ကျမှ Customerတွေက လာလိုက်ကြတာ နိုင်ကိုမနိုင်ဘူး။အများဆုံးကတော့ အထက်တန်းကျောင်းသူလေးတွေက ပိုများသည်။ကိုယ့်ကြောင့်လာတာလား
မေမေ့ဆိုင်ကိုလာနေကျမို့လို့လားတော့မသိ။"Hunသာလာမကူရင် ဒီနေ့မေမေဘယ်လိုလုပ်မှာလဲ တော်သေးတာပေါ့ Hunလာလိုက်လို့"
"အမယ်လေး အဲ့ဒါသားလေးရှိလို့ လာကြတာ"
"ဟင် Hunရှိလို့?"
"ဟုတ်တယ် အရင်နေ့တွေဆို ကျောင်းသူလေးတွေလာလဲ တစ်ယောက်နှစ်ယောက်ပဲ။ မိသားစုတွေလာကြတာကများတယ် အေးဆေးစာဖတ်ချင်တဲ့လူတွေလောက်ပဲလာကြတာ။အခုတော့ ကျောင်းသူလေးတွေက ပိုလာနေကြတယ်လေ အဲ့တာ သားကြောင့်မဟုတ်လို့ ဘယ်သူ့ကြောင့်လဲ"
"အင်းပေါ့လေ သားကအရမ်းချောနေတာကို"
"ဟုတ်ပါတယ် မေမေ့သားငယ်လေးက အချောလေးပါ"
"ဟီးဟီး"
Girl 1:အကိုရေ ခဏလောက်လာပါဦး
"မေမေ မုန့်မှာမို့နဲ့တူတယ် သားသွားလိုက်မယ်နော်"
"အေးပါသားလေး"
"ညီမလေး ဘာမှာမလဲ"
Girl 1:အကို အကိုတို့ဆိုင်မှာလေ အကို့နှလုံးသားလေးရော ရောင်းလား။
"ညီမ ဘာကိုပြောချင်...."
Girl 2:နင်ကလဲဟယ် ဒဲ့သာပြောစမ်းပါ
Girl 1:ပြောမှာပါဟ ဟားဟား
Girl 1:အကို့ကို ညီမကြိုက်တယ် ညီမကိုပြန်ကြိုက်ပေးပါ။
*ရဲလှချည်လားဟ ဒီကလေးမတွေ*
"ညီမလေးက ငယ်ပါသေးတယ် ရည်းစားမထားတာပဲကောင်းပါတယ် မှာစရာမရှိဘူးဆိုလဲ ပြန်ပါတော့"
Girl 1,2: Wow အချေလေးပဲ အဲ့ဒါကိုမှကြိုက်တာ ဟားဟား။
Sehunလဲ ဘာဆက်ပြောမလဲဟုသာ လက်ပိုက်၍ နားထောင်နေလိုက်သည်။
Girl 1:ညီမက မငယ်တော့ပါဘူး အထက်တန်း တတိယနှစ်တောင်ရောက်နေပြီ။
"အထက်တန်းပဲရှိသေးတာလေ တက္ကသိုလ်မှမဟုတ်တာညီမရဲ့ ကလေးကရည်းစားမထားရဘူး မှာစရာမရှိရင်ပြန်ပါတော့ ညီမတို့"
![](https://img.wattpad.com/cover/247130821-288-k655363.jpg)
YOU ARE READING
ကျွန်တော်ချစ်သော မောင်(S-1){Completed}
Fanfictionအချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton Shwe Yee169 #Unicode