ဒီလတွေအတွင်း ကိစ္စတွေအများကြီးဖြစ်သွားခဲ့တယ်။ထိုကိစ္စတွေကလည်း လွန်ခဲ့တဲ့လတွေတုန်းက ဖြစ်ခဲ့တဲ့အမှုကြောင့်ပဲပေါ့။Appaတို့တွေအဖြစ်မှန်ကို သက်သေယူဖို့ Sehunတို့အိမ်ကို သွားကြတဲ့လမ်းမှာ ခြံစောင့်ကြီးရဲ့ အလောင်းကိုတွေ့ခဲ့ရပြီး အိမ်မှာရှိတဲ့ CCTVတွေကလည်း အားလုံးပျက်နေခဲ့တယ်တဲ့။သက်သေတွေမရနိုင်တော့တဲ့အဆုံး ရှေ့နေနဲ့တိုင်ပင်ပြီး တရားစွဲဖို့ကိစ္စ ဆွေးနွေးကြည့်ကြတော့ Sehunတို့ဘက်ကလည်း လက်လွန်မိထားတာမို့ မင်ဂျယ်ဝန်းဆိုတဲ့လူ သတိပြန်ရလာမှ ဆွေးနွေးတာပိုကောင်းမယ်ဆိုတာကြောင့် ထိုကိစ္စကြီးကို ခေတ္တရပ်ထားခဲ့ရတယ်။
ပြီးတော့ လွန်ခဲ့တဲ့ 2လလောက်က Sehunရဲ့ Operationကိုလည်း အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပြီမို့ မေမေရော Ommaရော Sehunပါ အတိုင်းမသိအရမ်း ဝမ်းသာခဲ့ရတာ။ဒီလအတွင်းမှာ ကလေးစယူလို့ရပြီလို့ ပါမောက္ခကြီးက မှာလိုက်ပေမယ့် မရှက်တမ်းပြောရရင် မောင်ကအခုတလော အိမ်မှာကို သိပ်မကပ်ရတော့တာကြောင့်ကလေးယူဖို့ကိစ္စကို မြန်မြန်တော့အကောင်အထည်မဖော်နိုင်သေးပါ။
Companyမှာတော့ Appaတို့ အရမ်းအရေးကြီးတဲ့ အလုပ်ကိစ္စတွေ ရှိနေတယ်လို့တော့ ပြောတာပဲ။Sehunလည်း သိပ်တော့နားမလည်။အခုဆို မောင်ကလည်းဂျယ်ဂျူကို အလုပ်ကိစ္စနဲ့သွားတာကြောင့် Sehunကအခု မေမေတို့အိမ်မှာပဲ ပြန်နေနေလိုက်တော့သည်။အဖော်ရအောင် ဟိုဒုံးကိုပါတစ်ခါထဲခေါ်လာခဲ့တာပင်။
"Sehunna........"
ဟော Chenရောက်လာပြီ နေလိမ့်မည်။မေမေ့အိမ်မှာ Sehunလာနေတဲ့အတောအတွင်း Chenက သူ့Vocal Classပြီးတိုင်း Sehunဆီကိုအမြဲတမ်းလာလည်နေကျဖြစ်သည်။Kaiနဲ့ ဆယ်မီတို့ကတော့ သူတို့လုပ်ငန်းနဲ့ သူတို့မို့လို့ တစ်ပတ်မှာတစ်ရက်လောက်သာ တွေ့နိုင်တော့သည်။အဲ့အချိန်မှပဲ သူငယ်ချင်း4ယောက် ဆုံဖြစ်တော့တာပင်။
အောက်ကနေ ဆက်တိုက်အော်ခေါ်နေသော သူငယ်ချင်းဖြစ်သူကြောင့် ဖတ်နေသောBabyလေးတို့ရဲ့ကျန်းမာရေးလမ်းညွှန်စာအုပ်အား ခဏချခဲ့ကာ အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။"မင်းကလည်းကွာ အသားကုန်ကိုအော်နေတော့တာပဲနော် ဟွန့်"
"မင်းကအဲ့လိုခေါ်မှပဲ အပေါ်ထပ်ကနေကြွလာတော့မှာမလား"
![](https://img.wattpad.com/cover/247130821-288-k655363.jpg)
BINABASA MO ANG
ကျွန်တော်ချစ်သော မောင်(S-1){Completed}
Fanfictionအချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton Shwe Yee169 #Unicode