"မင်းငါနဲ့ တစ်နေရာလိုက်ခဲ့"
မင်္ဂလာပွဲပြီးတာနဲ့ ပြောလာသည့်မောင့်စကား။
"ဘယ်ကိုလဲမောင်"
"ကျစ် လျှာရှည်တယ် လိုက်ခဲ့ဆိုလိုက်ခဲ့ပေါ့ကွာ။အထွန့်မတက်နဲ့"
"ဟုတ် မောင်"
Sehunမှာလည်း အထွန့်မတက်ရဲပဲ မောင့်နောက်က လိုက်ခဲ့ရသည်။Car Parkingရောက်တော့ မေမေတို့ Ommaတို့ကလည်းရှိနေသည်။
"သားလေး လာပါဦး"
"ဟုတ် မေမေ"
Sehunမေမေ့ဆီသွားတော့ မေမေတီးတိုးဆိုလာသည်က
"လိမ်လိမ်မာမာနေနော် သား။သားChanနဲ့ရန်မဖြစ်စေနဲ့"
"ဟုတ်ကဲ့ပါမေမေ။စိတ်ချပါ Hun ဒီအိမ်ထောင်စုလေးကို လုံးဝအပြတ်ခံမှာမဟုတ်ပါဘူး"
"အင်း ငါ့သားလေးစိတ်ဓာတ်ကို မေမေသဘောကျတယ်။သားကလိမ္မာပြီးသားပါ။သားChan သားကိုချစ်လာမယ်လို့လဲ မေမေယုံပါတယ်ကွယ်"
"ဟုတ်မေမေ"
မေမေနှင့် Sehun ပွေ့ဖက်နှုတ်ဆက်လိုက်ကြသည်။
"Hunလေး အချိန်မှန်စား အချိန်မှန်အိပ်နော်"
ကိုကြီးစကားကြောင့် Sehunရယ်ချင်မိသွားသည်။
"ကိုကြီးရယ် Hunက စစ်သွားတိုက်မှာမှမဟုတ်တာ။ယောင်္ကျားနောက်လိုက်သွားမှာလေ ဟား ဟား"
"သိတယ် သိတယ်။ကိုကြီးရဲ့ ညီလေးကိုအဲ့ကောင် အနိုင်ကျင့်မှာဆိုးလို့ မှာနေရတာ။မစားနိုင် မသောက်နိုင်ဖြစ်အောင်လုပ်နေရင် ဘယ်လိုလုပ်မလဲ"
(ယုန်ပေါက်ပြောတာဘာအဓိပ္ပာယ်လဲ🌚)
"ဟင် ဟင် ဘာကိုပြောတာလဲ ကိုကြီး"
"Suရေ ကလေးကိုကွာ"
"Xingကလည်း သည်းပြောတာက ကလေးကို နှိပ်စက်နေရင် မစားနိုင်မသောက်နိုင်ဖြစ်မယ် ဒါကိုပြောတာပါ"
အခုမှပဲ Sehunသက်ပြင်းလေး ခိုးချနိုင်တော့သည်။
"Aww ဒါ ဒါကတော့ Hunယုံတယ် ကိုကြီး မောင်ကအဲ့လိုလုပ်မှာမဟုတ်ဘူး။စိတ်မပူနဲ့နော်"
ESTÁS LEYENDO
ကျွန်တော်ချစ်သော မောင်(S-1){Completed}
Fanficအချစ်ဆိုတဲ့အရာဟာ Sehunဆိုတဲ့ကျွန်တော့်အတွက် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာရော ရှိပါဦးမလား~~~ ကျွန် တော် ချစ် သော မောင်♡ Chanyeol 💗 Sehun By Cotton Shwe Yee169 #Unicode