(Part_5)

310 41 4
                                    

Chanyeol ကျောင်းကပြန်လာပြီးအိမ်သို့ရောက်တော့ Ommaနဲ့Appa ကဧည့်ခန်းမှာထိုင်နေကြသည်။

"Appa ဒီနေ့ပြန်လာတာစောလှချည်လား"

"Ommဟုတ်တယ် သားChan Appaတို့ညစာတူတူစားဖို့စောစောပြန်လာတာ"

"Nae Appa သားရေချိုးလိုက်ဦးမယ်"

"အေးဆေးလုပ်ပါသားရယ် အစောကြီးရှိပါသေးတယ်"

ခပ်ဟဟရယ်၍ပြောလာသည့် Ommaကြောင့် Chanyeolပြုံးလိုက်ကာ

"Nae Omma"

Chanyeolပျော်ရွှင်စွာ အပေါ်ထပ်ကိုတက်လာခဲ့သည်။
Appaနဲ့Ommaကအလုပ်မအားတော့ အတူတူလက်စုံမစားရတာကြာပြီလေ။

Chanyeol ငယ်ငယ်ထဲကလိုချင်တာရပေမယ့် Appaနဲ့Ommaတို့က စီးပွားရေးဘက်ကိုပိုအားသာနေသည့်အတွက် မိဘနွေးထွေးမှုကို‌တော့ အပြည့်အဝမရခဲ့ပါချေ။
ကလေးထိန်းနှင့်သာကြီးပြင်းလာခဲ့ရတာလေ။

Chanyeolအခန်းထဲရောက်တော့ လေ့ကျင့်ခန်းလုပ်၍ ရေချိုးပြီးအောက်ထပ်ဆင်းလာခဲ့သည်။

"Ommaတို့ဘယ်ရောက်သွားတာလဲ"

အိမ်အကူမလေးအား Chanyeolမေးလိုက်သည်။

" ဥက္ကဌကြီးတို့ ကုမ္ပဏီမှာအရေးကြီးကိစ္စပေါ်လို့တဲ့ ကုမ္ပဏီသွားကြပါတယ် သခင်လေး"

"အော် အင်း သွားလို့ရပြီ"

တစ်ခါတစ်လေလည်း ဒီလိုမျိုးတွေဖြစ်နေကြပါ။ ဒါပေမဲ့ မစားဖြစ်တဲ့ရက်တွေက ပိုများနေတယ်လေ ဟက်။ Chanyeol ဝမ်းနည်းတာတော့အမှန်ပဲ။ငယ်ငယ်ထဲက ကျောင်းမှာ ဆုပေးပွဲတွေရှိရင်လည်း တစ်ယောက်ထဲ ဆုတက်ယူခဲ့ရတယ်။ကိုယ်နဲ့အတန်းတူတဲ့သူငယ်ချင်း‌တွေရဲ့မိဘတွေကို မြင်ရင်အားကျရသည်မှာအကြိမ်ကြိမ်။
သူတို့ သားသမီးတွေကို ဂရုစိုက်နေကြတာ‌လေ။

ကျောင်းမှာ မိဘတွေကို အစည်းအဝေးခေါ်ရင်လည်း အိမ်တော်ထိန်းကြီးကသာ လာသည်။ ထိုအချိန်‌ကတော့အမြဲတမ်း အလုပ် အလုပ်ဖြစ်နေသော မိမိ၏ မိဘနှစ်ပါးကို စိတ်ဆိုးခဲ့ပါသည်။ ဒါပေမဲ့ ကြာတော့နေသားကျသွားပြီထင်ပါရဲ့ သိပ်ခံစားမနေတော့ဘူး။ အခုဆို ပိုလို့ပင် စိတ်ထဲမရှိတော့။

ကျွန်တော်ချစ်သော မောင်(S-1){Completed}Where stories live. Discover now