Parts 1

2.8K 133 14
                                    

Unicode

"သားရေ bright ကျောင်းနောက်ကျမယ်ထတော့လေ "

မနက်စောစောစီးစီ မေမေရဲ့ အသံကျယ်ကျယ်က အခန်းဝမှာထွက်ပေါ်လာတယ်။ကျောင်ပြန်တက်မဲ့နေမို့ မေမေကသူထက်ပိုတက်ကြွနေချင်​ဖြစ်သည်။

"သားထပြီ မေမေ"

မေမေကို အသံပေးပြီး ခုနပြန်မှေးလိုက််တယ်။
ခန​ကြာမှထပြီး ရေချိုးခန်းထဲဝင်သွားလိုက်တယ် ။သူပြန်ထက်လာတော့ ကုတင်ဘေးမှာ ကျောင်းဝတ်စုံလေးကိုင်ကာ မတ်တပ်ရပ်ပြီးကြည့်သူတစ်ယောက်။ကျွန်တော်ရဲ့ ဘာမှမတော်တဲ့ ညီတဲ့။ဖေဖေက သူအဖော်ရအောင် မွေးစားထားတာ။ငယ်ငယ်တည်းက သူ့အရုပ်လိုမျိုး ထားရာနေရတဲ့ အရုပ်။အခုချိန်ထိလဲမပြောင်းလဲဘူး သူ့အရုပ်ပဲလေ။

ကြည့်လိုက်​တော့ခေါင်းငုံကာ မျက်လွှာချသွားတယ်။bright မျက်ခုံးတွန့်ချိုးကာ
သူ့ရှေ့မက်တပ်ရပ်လိုက်တယ်။ခေါင်းက ကြမ်းပြင်ထိတော့မယ် ငုံထားတာ။

" ခေါင်းကငုံထားပြန်ပြီး မင်းဘာအမှားလုပ်ထားလို့ ခေါင်းငုံနေတာလဲ ဟမ်"

အသံကျယ်ကျယ်နဲအော်လိုက်မှ ခေါင်းမော့ကြည့်တယ်။သူကိုကြာကြာမကြည့် မျက်လုံးချင်းစုံတာနဲ ခေါင်းပြန်ငုံသွားပြန််တယ်။သူအကျီကို ကိုင်ထားတဲ့လက်တွေတုန်သွားပုံကိုကြည့်ပြီး ငါကိုအဲလောက်ကြောက်ရလား အပိုတွေလာလုပ်​​နေတာ။

"ဘ ဘာ အမှားမှမလုပ်ပါဘူး ".

"နောက်တစ်ခါ ခေါင်းငုံကြည့် မင်းအသေပဲ win".

"ဟုတ်"

"ကျစ်!"

win လက်ထဲက ​​အကျီနဲဘောင်းဘီကိုယူလိုက်တော့ ကိုယ်လုံးလေးတုန်သွားတယ်။ အဲဒါတွေမကြိုက်တာ မသိရင်လူကပဲ အနိုင်ကျင့်သလိုနဲ အမြဲကြောက်ပြနေတယ် ပြောလိုက်ရင်လဲ မျက်ရည်ကဝဲလာသေးတယ်။

"အကျီ ကြယ်သီးတပ်ပေး အဲမှာ မက်တပ်​ကြီးသေမနေနဲ"

"ဗျာ ဟုတ်"

ခပ်လှမ်းလှမ်းအကွာအဝေးကနေ ကြယ်သီးတပ်နေတယ် အနားလာရင် ကိုက်စားမှာမို့လို့လား။ ခေါင်းငုံသူကို အပေါ်စီးကကြည့်မိတယ်။အရင်တုန်းက ကိုယ့်ထက်အရပ်ပုတဲ့ကောင်လေးက သူနဲအရွယ်သိပ့်မကွာတော့ဘူး။ မျက်တောက်သေးသေးကော့ကော့လေးတွေက တစ်ဖျက်ဖျက်ခတ်နေတယ်။ကျစ် ဘာမှန်းမသိဘူး နှာခေါင်းလေးက ချွန်နေတာပဲ ပါးလေးကလဲ ရဲနေတာ ချစ်စရာလေး။ရုပ်ကိုက ယောကျားလေးဖြစ်ပြီ ချောရင်ချောလိုက်ပေါ့ ဘာလဲ ချစ်စရာကောင်းတဲ့ရုပ်နဲ။
ဟေ့ ငါဘာတွေ တွေးနေတာလဲ ငါကအဖြောင့်လေ သွားသွား အတွေးတွေ။

My world (Completed) Onde histórias criam vida. Descubra agora