Parts 11

2.1K 97 12
                                        

Unicode💚🎉

Bright ကြာတော့ စိတ်မရှည်တော့ဘူး ။ winလက်ကိုဆွဲ​ပြီး ကုတင်​ပေါ်တက်ဖို့လုပ်တော့ ဆွဲတဲ့လက်ကို အတင်းပြန်ဖြုတ်​နေ​ပြန်တယ်။

"ပြန်လို့"

မပြန်ပါဘူးဆို အတင်းပြန်ခိုင်းနေတယ်။ခုမှပြန်တွေ့ရတာကို ဘယ်လိုလုပ်ပြီး ပြန်နိုင်မှာလဲ သားမျက်နှာကိုတောင်ကြည့်မဝသေးတာကို မပြန်ချင်ဘူး။bright ဘာမှမပြောဘဲ ပေကပ်ပြီးရပ်နေတယ်။

"ကိုကို ပြန်ဗျာ မေမေသိရင် ကျွန်တော် ဘယ်လောက်အပြောခံရမယ်ထင်လဲ အင့်! ပြီးတော့ သားကို ကျွန်တော်လို ခင်ဗျားတို့အိမ်က ရုပ်သေးရုပ် အဖြစ်မခံနိုင်ဘူး"

"Win ခုဖြစ်နေတာ ကိုယ်နားလည်တယ် winတုန်းကလို မဖြစ်စေရဘူး ကိုယ်တစ်ယောက်လုံးရှိတယ်"

လက်ဖျားနုနုလေးကို ကိုင်ကာပြောလိုက်တော့ သူကိုမော့ကြည့်လာတဲ့ မျက်လုံးလေးမှာ မျက်ရည်စတစ်ချို့။မငိုပါနဲကွာ။

"ဖေဖေ"

အသံကျယ်လို့ နိုးသွားတာနေမယ်။စောင်ပုံထဲကနေ ခေါင်းစုပ်ဖွားလေးနဲ ထကြည့်နေတယ်။brightလဲ သားရှိတဲ့ ကုတင်ပေါ် အလျှင်အမြန်တက်လိုက်တယ်။ထပ်ပြီးနှင်မထုတ်ဘူးလို့မပြောနိုင်ဘူးလေ။သားအနားကပ်နေလိုက်တယ်။

"နိုးသွားတာလား သားက ကဲ ဖေဖေ နဲတူတူပြန်အိပ့်မယ်နော်"

"ဟုတ် ပါးပါး လာလေ"

Winကိုပါ လက်ယက်ခေါ်နေတယ်။တစ်ရေနိုး မအီလို့တော်သေးတယ်။ဆက်ပြောနေရင်လဲ မနက်မိုးလင်းရင်တောင်ပြီးမှာမဟုတ်တော့။အဲဒါကြောင့် win စိတ်လျော့ကာ သားဘေးနားဝင်အိပ့်လိုက်တယ်။

"ဖေဖေ ပေါ်မှာအိပ့်မယ်"

"လာ သား"

Bright ရင်ဘက်ပေါ်မှာ မှောက်အိပ့်ကာ လက်လေးသေးသေးက လည်ပင်းကိုဖက်ထားကာ ခြေထောက်​သေး​သေးလေးတွေကလဲ ခါးကိုခွထားတယ်။ခနနေတော့ သားက ခေါင်းထောင်ကြည့်တယ်။မျက်လုံးဝိုင်းဝိုင်းလေးက သူကိုစိုက်ကြည့်နေတယ်။

"သား ဘာဖြစ်လို့လဲ"

"ဖေဖေ့ကို ချစ်တယ် အာဘွား! "

My world (Completed) Où les histoires vivent. Découvrez maintenant